မြိတ်မြို့တွင် ဆိုင်ကယ်ကယ်ရီ မောင်းႏွင်သူတစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ

မြိတ်မြို့တွင် ဆိုင်ကယ်ကယ်ရီ မောင်းႏွင်သူတစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ

မြိတ်၊ မေ (၃) ။     ။ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ကုန်းဖောက်ရပ်ကွက်ရှိ စုပေါင်းရုံး အနီးတွင် မေလ ၂ ရက်နေ့ ညပိုင်းက ဆိုင်ကယ်ကယ်ရီ အငှား စီးလာသူ အမျိုးသား ၂ ဦးက ကယ်ရီမောင်းသူကို တူမီးသေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၂ ရက်နေ့ ည ၇ နာရီခွဲအချိန်တွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ ဦးဝင်းနိုင်သည်၊ မြိတ်တောင်နယ်မြေ၊ ရေနံမြေရပ်ကွက်တွင် နေထိုင်သည်ဟု ယူဆရသည့် အမည်မသိ အမျိုးသား ၂ ဦးမှ ရေနံမြေလမ်းဆုံမှ ကုန်းဖောက်ရပ်ကွက်၊ ထူးထူးတိုး ကြက်ခြံ အနီးသို့ ဆိုင်ကယ်ကယ်ရီ ငှားစီးရာမှ မြိတ်တောင်ကျေးရွာ၊ ကုန်းဖောက်ရပ်ကွက် စုပေါင်းရုံးအနီး အရောက်တွင် အဆိုပါ အမည်မသိ လူ ၂ ဦး အနက် တစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဆိုင်ကယ်ကယ်ရီ မောင်းႏွင်သူ ဦးဝင်းနိုင်မှာ နောက်ကျောယာဘက် ခြမ်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ယာ နို့အုံ ပေါက်ထွက် ဒဏ်ရာ (စိုးရိမ်ရ) ဖြင့် မြိ်တ်ပြည်သူ့ ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“သေနတ် ပစ်ခတ်သူ အမျိုးသား ၂ ဦးက အခင်းဖြစ်ပွားရာနေရာမှာ ချက်ချင်းထွက်ပြေးသွားလို့ မည်သူ မည်ဝါမှန်း မသိ ဖြစ်နေပါတယ်။ အမှုအမှန် ပေါ်ပေါက်အောင်တော့ စုံစမ်းစစ်ဆေးနေပါတယ်”ဟု မြိတ်မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြု ပြောသည်။

ဖြစ်စဉ်အတွက် ပြစ်မှုကျူးလွန်သူ အမည်မသိ အမျိုးသားတစ်ဦးနှင့် အားပေးကူညီသူ အမည်မသိ အမျိုးသားတစ်ဦးတို့အား မြိတ်မြို့မ ရဲစခန်း၏ (ပ)၁၃၃၂/၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ ၃၀၇/၁၁၄ဖြင့် အမှုဖွင့်လှစ်၍  အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required