၂၀၁၉ခုနှစ် ပထမလေးလပတ်၏ အကောင်းဆုံးအလဲထိုးပွဲ  (၆) ပွဲ

 ၂၀၁၉ခုနှစ် ပထမလေးလပတ်၏ အကောင်းဆုံးအလဲထိုးပွဲ  (၆) ပွဲ
Photo: One Championship

ဧပြီ ၁၈၊ ၂၀၁၉ ။      ။ ၂၀၁၉ ခုနှစ်အတွင်း ရင်သပ်ရှုမောဖွယ် ပွဲသိမ်းယှဉ်ပြိုင်ထိုးသတ်မှုများစွာအား ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို နှစ်ခြိုက်ကြသည့်ပရိသတ်များအတွက် ONE Championship မှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်သည်။

ONE Championship ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများ၊ မွေထိုင်းသမားများနှင့် Kick Boxing ကစားသမားများမှ ၎င်းတို့၏အကောင်းဆုံးသတ်လုံးသတ်ကွက်များကို အသုံးချပြိုင်ခဲ့ကြရာ ပထမသုံးလအ တွင်းမှာပင် ထိုးနှက်မှုများမှတစ်ဆင့် ပွဲသိမ်းခဲ့သည့်ပြိုင်ပွဲ ၂၆ ပွဲရှိခဲ့သည်။

ယခုနှစ်ပထမလေးလပတ်အတွင်း ပြိုင်ပွဲကျင်းပသည့် အစဉ်အတိုင်းမဟုတ်ဘဲ အကောင်းဆုံးအလဲထိုးပြိုင်ပွဲ ၆ ပွဲအား ရွေးချယ်ဖော်ပြလိုက်ရပါသည်။  

၁။ Niu ၏ အမြင့်ကန်ချက်

ONE Championship ပြိုင်ပွဲ၏ONE:  ETERNAL GLORY ပြိုင်ပွဲကြီးတွင် “The Terminator” Sunoto ကို အံ့မခမ်း အလဲထိုးအောင်ပွဲဖြင့် Niu Kang Kang သည် ကမ္ဘာ့အကြီးဆုံးကိုယ်ခံပညာအဖွဲ့အစည်း၏
 စင်မြင့်သို့ စတင်တက်လှမ်းခဲ့သည်။  

ပြိုင်ဘက်၏ အလစ်အငိုက်ရရှိစေရန် ၎င်းသည် ဘယ်လက်သီး အရိပ်ပြလိုက်ရာ ပြိုင်ဘက် Sunoto က ညာလက်ဖြင့် ကာရန်လှုပ်ရှားလိုက်စဉ် အကာကွယ်မဲ့သွားသော မေးရိုးဆီသို့ Niu က ဘယ် အမြင့်ကန်ချက်ဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ထို့သို့ဖြင့် Niu သည် လှပစွာ အလဲထိုး ပွဲသိမ်းအနိုင်ရယူနိုင်ခဲ့သည်။

နဂါးသူရဲကောင်းအားကစားရုံအသင်းကိုယ်စားပြု Niu သည် ပွဲဦးထွက်မှာပင် အင်ဒိုနီးရှားမှပြိုင်ဘက်အား အဆို ပါခြေကန်ချက်တစ်ချက်တည်းနှင့် ပြိုင်ဘက်အား ကြမ်းပြင်ပေါ်လဲကျစေပြီး အလဲထိုးအနိုင်ရရှိသွားခဲ့ခြင်းဖြစ် သည်။ နောက်ဆက်တွဲလက်သီးချက်များမှ အင်ဒိုနီးရှားကစားသမားအား ကာကွယ်ပေးရန် ဒိုင်လူကြီးမှ အပြေး အလွှားတားဆီးခဲ့ရသည်။

၂။ ၂၅ စက္ကန့်ဖြင့် အံ့မခမ်းပွဲသိမ်းခဲ့သူ“Dagi’s”

စင်္ကာပူတွင် ပြိုင်ဘက် Ev “E.T.” Ting အား Saygid “Dagi” Guseyn Arslanaliev သည် ၂၅ စက္ကန့်အတွင်း အလဲထိုးအနိုင်ယူပြီး ONE Championship လိုက်ဝိတ်ကမ္ဘာ့ဂရင်းပရီအကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

“Dagi” သည် ထိရောက်စွာတိုက်ခိုက်နိုင်မည့် အကွာအဝေးကို အတွင်းဘက်အနိမ့်ကန်ချက်ဖြင့် ခန့်မှန်း နေခဲ့သည်။ အဆိုပါကန်ချက်ကြောင့် ပြိုင်ဘက် Ting က နောက်ဆုတ်သွားခဲ့ပြီး နှစ်ဦးပြန်ချဉ်းကပ်မိချိန်တွင် တူရကီကစားသမား “Dagi” က ပြင်းထန်သည့်ဘယ်ဝိုက်လက်သီးချက်ဖြင့် ပြိုင်ဘက်ကို အလဲထိုးခဲ့ခြင်းဖြစ် သည်။

လက်သီးချက်ကြောင့် “E.T.”  ဒူးထောက်ကျသွားခဲ့ရပြီး Arslanaliev က ညာလက်သီးဖြင့် အဆက်မပြတ်ထိုး  နှက်ကာ လျင်မြန်စွာပွဲသိမ်းပေးခဲ့သည်။ 

၃။ Tang ၏  ပြင်းထန်အားပါလှသော အမြင့်ကန်ချက်

ထိုးနှက်တိုက်ခိုက်မှုအားသန်သည့် နောက်ထပ်တရုတ်အားကစားသမားတစ်ဦးဖြစ်သော  Tang Kai က ၎င်း၏ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခဲ့သည့် ONE: HERO’S ASCENT ဖယ်သာဝိတ်တန်းပြိုင်ပွဲ၌  ပြိုင်ဘက် Sung
 Jong Lee  အား ဘယ်ခြေအမြင့်ကန်ချက်ဖြင့် အနိုင်ယူခဲ့သည်။

Tang သည် ပြိုင်ဘက်၏ ကိုယ်ခန္ဓာနှင့် ခြေထောက်များကို ပြင်းပြင်းထန်ထန်ကန်ခဲ့သော်လည်း တောင်ကိုရီး ယားမှ Lee သည် ရှေ့တိုး၍ ဖိအားပေးတိုက်ခိုက်ခဲ့သည်။ ဒုတိယအချီတွင် အကောင်းဆုံးအလှမ်းအကွာအဝေး ကို Tang က ပိုင်ပိုင်နိုင်နိုင်အသုံးချခဲ့သည်။

ပြိုင်ဘက် Lee က ကိုယ်ခန္ဓာကို ထိုးနှက်တိုက်ခိုက်မည်ဟု ယူဆနေချိန်တွင် တရုတ်အားကစားသမားက လျှပ် တပြတ် ဘယ်ခြေအမြင့်ကန်ချက်ကို ထုတ်သုံးခဲ့ခြင်းဖြစ်သည်။ Lee သည် ကာကွယ်ရန် ညာလက်ကိုမြှင့်ထား ခဲ့သော်လည်း ကန်သည့်ဘက်ကို အနည်းငယ်ယိမ်းနေခဲ့ပြီး ကန်ချက်တိုက်ရိုက်ထိမှန်ခံခဲ့ရသည်။ တခဏမျှ ငိုင် ထွက်သွားခဲ့ပြီးနောက် Lee ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ်လဲကျသွားခဲ့သည်။ ပြိုင်ပွဲပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ 

၄။ Petchdam၏  ပွဲသိမ်းလက်သီး

ONE: CALL TO GREATNESS ပြိုင်ပွဲကြီးတွင် Petchdam Petchyindee Academy သည် ပြိုင်ဘက် Masahide “Crazy Rabbit” Kudo အား အလဲထိုးအနိုင်ယူပြီး ၃ပွဲဆက် ONE Championship Super Series အလဲထိုးအောင်ပွဲ ကို သိမ်းပိုက်ခဲ့သည်။ သို့သော် ဤပွဲစဉ်တွင် ၎င်း၏ သတ်လုံးသတ်ပေါက်မှာ ပုံမှန်ထက် အနည်းငယ်ခြားနားမှုရှိ ခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း Petchdam သည် ဘယ်ခြေကန်ချက်နှစ်ချက်ဖြင့် ကျော်ကြားခဲ့သည်။ ယခုပွဲတွင်မူ ၎င်းသည် ပြိုင်ဘက်၏ ကိုယ်ခန္ဓာနှင့် ခြေထောက်အား အဓိကလက်နက်ဖြစ်သည့် ခြေကန်ချက်များဖြင့် တိုက် ခိုက်ခဲ့သော်လည်း ပြင်းထန်အားပါလှသည့် ပွဲသိမ်းလက်သီးချက်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

ထိုင်းအားကစားသမား Petchdam သည် ဒုတိယအချီတွင် ကြမ်းတမ်းပြင်းထန်စွာတိုက်စစ်ဆင်ပြီး ပြိုင်ဘက် အား ကြိုးဝိုင်းထောင့်သို့ ပြင်းထန်သည့်ခြေကန်ချက်များဖြင့် သိမ်းသွင်းခေါ်ဆောင်နိုင်ခဲ့သည်။ ထို့နောက် ညာ ထောက်လက်သီးဖြင့်ဆကာ ဘယ်ဖြတ်လက်သီးဖြင့် Petchdam သည် ပြိုင်ဘက်ကို အလဲထိုးခဲ့သည်။ သူ့၏ ညာထောက်လက်သီးမှာ ထိမှန်ခြင်းမရှိသော်လည်း ဘယ်ဖြတ်လက်သီးမှာ Kudo ၏ ကာကွယ်ထားသည့်လက် ကိုဖြတ်ကျော်ပြီး တိုက်ရိုက်ထိမှန်သွားခဲ့သည်။ 

၅။  Aung La N Sang ၏ ညာဖြောင့် မိုးကြိုးလက်သီး

၂၀၁၈ ခုနှစ်၏ တစ်နှစ်တာအကောင်းဆုံးပွဲတစ်ပွဲဖြစ်ခဲ့သော ONE: SPIRIT OF A WARRIOR ပြိုင်ပွဲကြီးတွင် ရေကုန်ရေခမ်း ထိုးသတ်ခဲ့သည့် ၎င်းတို့နှစ်ဦး၏ပွဲစဉ် နောက်ပိုင်း ဆက်လက်ကျင်းပမည့် ONE: A NEW ERA ပြိုင်ပွဲကြီးတွင် Aung La “The Burmese Python” N Sang နှင့် Ken Hasegawa တို့  ရင်ဆိုင်ယှဉ်ပြိုင်ကြ မည့်ပွဲစဉ်အား အားကစား ပရိသတ်များမှာ စိတ်ဝင်တစားမျှော်လင့်စောင့်ဆိုင်းနေခဲ့ကြသည်။

သို့သော် ဒုတိယအကြိမ်ထိုးသတ်ရာတွင် ပထမအကြိမ်ယှဉ်ပြိုင်မှုကဲ့သို့ ရေကုန်ရေခမ်းထိုးသတ်ရန်ထက် မြန်မြန်ပွဲသိမ်းရန် ကစားသမားနှစ်ဦးစလုံးက ဖွင့်ကစားပြီးယှဉ်ပြိုင်ခဲ့ကြရာ မြန်မာ့ ဂုဏ်ဆောင် ကစားသမား အောင်လအန်ဆန်က ဒုတိယအချီတွင် အလဲထိုးအနိုင်ယူသွားခဲ့သည်။ လက်ရှိချန်ပီယံအား ထိုးနှက်တိုက်ခိုက်ရန် ဂျပန်အားကစားသမား Hasegawa က ရှေ့တိုးလာချိန်တွင် တွက်ဆထားပြီးဖြစ်သည့် အောင်လအန်ဆန်က မိုးကြိုးပစ် သကဲ့သို့ ပြင်းထန်လှသော ညာဖြောင့်လက်သီးဖြင့် ပွဲသိမ်းအလဲထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါလက်သီးချက်ကြောင့် ဂျပန်ပြိုင်ဘက်လဲပြိုကျခဲ့ရပြီး အကောင်းဆုံးကြိုးစားခုခံခဲ့သောလည်း အောင်လ အန်ဆန်၏ နောက်ဆက်တွဲ လက်သီးချက်များကြောင့် အရှုံးပေးသွားခဲ့ရသည်။ 

၆။ တုန်လှုပ်ဖွယ်ကောင်းသည့် Nastyukhin’s Blitz ၏ လက်သီးချက်

၎င်း၏ကစားသမားသက်တမ်းတစ်လျှောက်အခမ်းနားဆုံးပြိုင်ပွဲဖြစ်သည့် Eddie “The Underground King” Alvarez  နှင့်ယှဉ်ပြိုင်ရသည့်  ONE: A NEW ERA ပြိုင်ပွဲကြီးတွင် Timofey Nastyukhin သည် ရဲရင့်ပြောင်မြောက်စွာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ၎င်း၏သတ္တိကြောင့် ထူးခြားလှသည့် ဒိုင်ပွဲရပ်အောင်ပွဲ ကို သိမ်းပိုက်နိုင်ခဲ့သည်။

အမေရိကန်အားကစားသမား၏ ကျော်ကြားလှသည့်ဂုဏ်သတင်းကိုမမှုဘဲ Nastyukhin သည် တိုက်စစ်ဆင်၍ ကစားခဲ့ရာ ပြိုင်ပွဲအစောပိုင်းမှာပင် ၎င်း၏ပြင်းထန်လှသော ညာဖြတ်လက်သီးနှင့် ဘယ်ဝိုက်သီးကို ပိုင်ပိုင်နိုင်နိုင် အသုံးချခွင့်ရခဲ့သည်။ ပထမအချီပြီးဆုံးရန် မိနစ်ပိုင်းတွင် ရုရှားအားကစားသမား Nastyukhin သည် ပြိုင်ဘက် Alvarez ၏ ဖြောင့်လက်သီးချက်များကို ဝိုက်လက်သီးချက်တွဲလုံးများဖြင့် တန်ပြန်တိုက်စစ်ဆင်ခဲ့သည်။ 

ထိုအခိုက်အတန့်သည် Nastyukhin အတွက် လျပ်တပြတ်တုံ့ပြန်လှုပ်ရှားရန် ဖိတ်ခေါ်ခံရသကဲ့သို့ဖြစ်ခဲ့ပြီး ပြိုင်ဘက်နောက်သို့ လိုက်ခဲ့သည်။ Nastyukhinသည် ပြင်းထန်သော ညာလက်သီးဖြင့် ပြိုင်ဘက် “The Underground King” အား အလဲထိုးချလိုက်ပြီး လက်သီးတွဲလုံးများဖြင့် ပွဲကိုအဆုံးသတ်အနိုင်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly