ရာသီကုန်မှာ ကစားသမားဘဝကနေ အနားယူဖို့ရှိတဲ့ ဘာစီလိုနာနဲ့ စပိန်ကွင်းလယ်လူဟောင်း ဇာဗီ

ရာသီကုန်မှာ ကစားသမားဘဝကနေ အနားယူဖို့ရှိတဲ့ ဘာစီလိုနာနဲ့ စပိန်ကွင်းလယ်လူဟောင်း ဇာဗီ
Photo: EPA

ဘာစီလိုနာအသင်းနှင့် စပိန်ကွင်းလယ်လူဟောင်း ဇာဗီဟာ ယခုရာသီအကုန်မှာ ၂၁ နှစ်ကြာ ကစားသမားဘဝကို အနားယူလိမ့်မယ်လို့ သိရပါတယ်။

လက်ရှိ ကာတာကလပ် အဲလ်ဆက်မှာ ကစားနေတဲ့ အသက် ၃၉ နှစ်အရွယ် ဇာဗီဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်က လာလီဂါအမှတ်ပေးဖလား (၈) ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၄) ကြိမ် ရရှိခဲ့ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ ဇာဗီဟာ အခုဆိုရင် နည်းပြတစ်ဦးဖြစ်လာမှာဖြစ်ပြီး သူက "အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ" မြင်တွေ့ရဖို့ စိတ်လှုပ်ရှားနေတယ်လို့ ပြောပါတယ်။

"လာမယ့် ၄ ပတ်ကျော်ကာလဆိုရင် ကျနော်အနေနဲ့ နောက်ဆုံးပွဲစဉ်တွေ ကစားသွားဖို့ ရှိလာမှာပါ။ ၂၁ နှစ်ကြာ ကစားသမားဘဝကို အနားယူသွားဖို့ ရှိနေတာပဲဖြစ်ပါတယ်။ ကာတာမှာ အခုလို ကစားသမားဘဝ ကုန်ဆုံးနိုင်ခဲ့ခြင်းက ထူးခြားမှုတစ်ခုပါ။ ဒီမှာ အရာအားလုံးကို ကျနော် ရရှိခဲ့တာပါ။ နည်းပြဘဝမှာ အလားတူ အောင်မြင်မှုမျိုးနဲ့ နယ်ပယ်သစ်မှ လျှောက်လှမ်းဖို့ ရည်ရွယ်ထားတယ်။"လို့ ဇာဗီက ပြောပါတယ်။

စပိန်လက်ရွေးစင်အသင်းအတွက် (၁၃၃)ပွဲ ကစားခဲ့ရာမှာ (၁၃)ဂိုး သွင်းယူခဲ့တဲ့ ဇာဗီဟာ ၂၀၁၅ ခုနှစ်က ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ပြီး အဲလ်ဆက်အသင်းဆီ ၃ နှစ် စာချုပ်တစ်ရပ်နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly