ဆီးရီးယားလေကြောင်းထိုးစစ်က ရုရှစစ်လေယာဉ်ဝေဟင် ပိုင်နက်ကျော်ဝင်လာ၍ တူရကီဂျက်လေယာဉ်များ ကြားဖြတ်ဟန့်တား

ဆီးရီးယားလေကြောင်းထိုးစစ်က ရုရှစစ်လေယာဉ်ဝေဟင် ပိုင်နက်ကျော်ဝင်လာ၍ တူရကီဂျက်လေယာဉ်များ ကြားဖြတ်ဟန့်တား

တူရကီနိုင်ငံ ဝေဟင်ပိုင်နက်အတွင်းသို့ အောက်တိုဘာ ၃ ရက်နေ့က ရုရှစစ်လေယာဉ်တစ်စင်း ဝင်ရောက်လာ၍ တူရကီး F-16 ဂျက်လေယာဉ်များက ကြားဖြတ်ဟန့်တားခဲ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောသည်။

ထိုဖြစ်ရပ်သည် လေကြောင်းအချက်ပြမှားယွင်းမှုကြောင့် ဖြစ်ရခြင်းဖြစ်ရာ တူရကီအနေဖြင့် နားလည်မည်ဖြစ်ကြောင်း ရုရှဖက်က ပြောသည်။

ထိုပြင်လည်း အောက်တိုဘာ ၄ ရက်တွင် နယ်စပ်ကင်းလှည့်တူရကီ ဂျက်လေများကို နိုင်ငံမသိလေယာဉ်တစ်စင်း၏ နှောင့်ယှက်မှုနှင့်လည်း ကြုံတွေ့ခဲ့ရကြောင်း တူရကီဖက်က ပြောခဲ့သည်။

ရုရှသည် ဆီးရီးယားသမ္မတ အာဆတ်နောက်မှ ထောက်ခံမှုပေးကာ ယင်းနိုင်ငံတွင်း လေကြောင်းထိုးစစ်များ ဆင်နွှဲလျက်ရှိနေသည်။

ရုရှတို့၏ ဆီးရီးယားလေကြောင်းစစ်များသည် ကြီးမားသည့် အမှားကြီးတစ်ရပ် ကျုးလွန်ပင်ဖြစ်ကြောင်း တူရကီနိုင်ငံက ပြောခဲ့သည်။

ဆီးရီးယားရှိ အိုင်အက်စ်တို့ကို လေကြောင်းစစ်များ ဆက်လက်ဆင်နွှဲ သွားမည်ဖြစ်ကြောင်း၊ ထိုးစစ် ၂၅ ကြိမ်ဆင်နွှဲခဲ့ပြီး အိုင်အက်စ်ပစ်မှတ် ကိုးခုကို တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း ရုရှနိုင်ငံက အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly