အပူပိုင်းဆိုင်ကလုန်း FANI မုန်တိုင်းလမ်းကြောင်း ပြောင်းလဲသွားနိုင်

အပူပိုင်းဆိုင်ကလုန်း FANI မုန်တိုင်းလမ်းကြောင်း ပြောင်းလဲသွားနိုင်

မေ ၁ ။           ။ အပူပိုင်းဆိုင်ကလုန်း FANI သည် နောက် ၇ နာရီအကြာတွင် အနောက်ဖက်မှ ချဉ်းကပ်လာသော လေဖိအားနည်းချိုင့်ဝှမ်းတစ်ခုကြောင့်  မြောက်အရှေ့ မြောက်ယွန်းယွန်းသို့ ပြောင်းလဲရွေ့လျားသွားနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်းထားသည်။

မေ ၁ ရက်နေ့၊ ညနေ ၃ နာရီခွဲတွင် ပြောင်းလဲရွေ့လျားသွားမည် ဖြစ်ပြီး မုန်တိုင်းလမ်းကြောင်းတလျှောက် မိုးရွာသွန်းနိုင်မှု အခြေအနေအရ မြန်မာနိုင်ငံဖက်သို့ မိုးရွာသွန်းမှု လျော့နည်းနိုင်ကြောင်း မေ ၁ ရက် အစောပိုင်းက ခန့်မှန်းရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသများဒေသများကို ယခင် ဦးတည်နေရာမှ မေလ ၄ ရက်နေ့ နံနက် ၃ နာရီခွဲတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်ရှိ Odisha ကမ်းခြေနှင့် Gopalpur၊ Chandba မြို့များ အကြားမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်သွားနိုင်ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း FANI သည် အနောက်မြောက် ဆီသို့ 6 Knots(7 mph) နှုန်းဖြင့် ရွေ့လျှားလာခဲ့ကာ မေ ၁ ရက် နံနက် ၇ နာရီခွဲ တိုင်းတာချက်အရ Kolkata မြို့၏ အနောက်တောင်ဖက်ရှိ 594 Km (684 miles) အကွာ Lat” 14.7°N. :Long: 84.2°E ရေပြင်ပေါ်တွင် ဗဟိုပြုနေသည်။

ထို့နောက် ကုန်းတွင်း ဝင်ရောက်လာပြီးနောက် မေ ၆ ရက် နံနက် ၇ နာရီခွဲအချိန် ကုန်းတွင်းမှာပင် အားပျော့ ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားသည်။

ဧပြီ ၃၀ ရက် ညပိုင်းတိုင်းတာချက်အရ မုန်တိုင်းကြောင့် အများဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၆၀ နှုန်း( 60 mph )၊ အမြင့်ဆုံးဒီရေလှိုင်း  ၅ မီတာ (၁၆.၄ ပေ) ရှိနိုင်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required