YBS ယာဉ်လိုင်း သုံးခုမှ ယာဉ်ပိုင်ရှင်များနှင့် YUPTတို့ Cash Box အတွင်း ထည့်သွင်းငွေများအတွက် ဆွေးနွေးရာ အဆင်မပြေ

YBS ယာဉ်လိုင်း သုံးခုမှ ယာဉ်ပိုင်ရှင်များနှင့် YUPTတို့ Cash Box အတွင်း ထည့်သွင်းငွေများအတွက် ဆွေးနွေးရာ အဆင်မပြေ
ဓာတ်ပုံ - သက်ကို

ဧပြီလ ၃၀ ။             ။ ရန်ကုန်တိုင်းဒေသကြီး သယ်ဆောင်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YUPT) နှင့် YBS ယဉ်လိုင်း ၃ လိုင်းမှ ယာဉ်ပိုင်ရှင်များသည် Cash Box အတွက်ထည့်သွင်းငွေ များအတွက် ဆွေးနွေးခဲ့ရာ အဆင်မပြေ ခဲ့ကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

YBS 7 ၊ YBS 4 ၊ YBS 29 ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တို့သည် ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် YUPT ရုံးချုပ်၌ Cash Box အတွက်ထည့်သွင်းငွေပါ အချက်၃ချက်ကို (YUPT) နှင့် ညှိနှိုင်းဆွေးခဲ့ခြင်း ဖြစ်သည်။

“ညှိနှိုင်းဆွေးနွေးတဲ့ အဓိကအချက် ၃ ချက်က ယာဉ်လိုင်းတွေမှာ CCTV ကင်မရာတပ်ဆင်ဖို့ လစဉ်(၁၀) ရာခိုင်နှုန်း ထည့်သွင်းခဲ့ပြီး ပိုသွင်းခဲ့တဲ့ ငွေများကို ရယူဖို့ ၊ ယာဉ်လိုင်း ၃ လိုင်းမှာ ယာဉ်အစီးရေ (၄၀)ကျော် ထပ်မံထည့်သွင်းဖို့နဲ့  Cash box အတွက် ထည့်သွင်းငွေ ကိစ္စရပ်များ နဲ့ပတ်သက်ပြီး ညိုနှိုင်းခဲ့တာ အဆင် မပြေခဲ့ဘူး" ဟု ဆွေးနွေးညှိနှိုင်းမှုတွင် ပါဝင်ခဲ့သော ယာဉ်ပိုင်ရှင်တစ်ဦး က ပြောသည်။

အဆိုပါ ယာဉ်လိုင်းပိုင်ရှင်များ နှင့် YUPT မှ တာဝန်ရှိသူများ  ညှိနှိုင်းမှုအဆင်မပြေရခြင်းနှင့် ပတ်သက်၍ YUPT သိ့ုဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ဘဲ ယာဉ်ပိုင်ရှင်များကသာ ညှိနှိုင်းမှုကိစ္စ ကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့ကြောင့် ယာဉ်ပိုင်ရှင်များအနေဖြင့် လက်ရှိအဆင်မပြေမှုများနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတ နှင့် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့ထံသို့ စာတင်သွားမည်ဟု သိရသည်။

YBS 7 ၊ YBS 4 ၊ YBS29   တို့တွင်ယာဉ်အစီးရေ ၂၆၀ ခန့်ရှိပြီး YBS 4 နှင့် YBS ၂၉ တို့တွင် ယာဉ်အစီးရေ ၄၀ ကျော် ထည့်မံထည့်သွင်းထားကြောင်း သိရသည်။ YBS 7 နှင့် YBS 4  တို့သည် တောင်ဒဂုံ ၊ဒဂုံဆိပ်ကမ်းစသည့်မြို့နယ်များမှ ရန်ကုန်မြို့တွင်းလမ်းကြောင်းသို့ပြေးဆွဲနေပြီး YBS 29 ယာဉ်လိုင်းမှာ မြောက်ဒဂုံ မှ ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ဆောင်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏပိုင်အဖွဲ့မှ YBS ယာဉ်လိုင်းများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags