တမ်ပနိစ်ရိုဗာအသင်းနဲ့ ပွဲစဉ်ဟာ ခက်ခဲသည့်ပွဲ ဖြစ်မည်ဟု ဦးမျိုးမင်းထွန်း ဆို

တမ်ပနိစ်ရိုဗာအသင်းနဲ့ ပွဲစဉ်ဟာ ခက်ခဲသည့်ပွဲ ဖြစ်မည်ဟု ဦးမျိုးမင်းထွန်း ဆို
 ဓာတ်ပုံ -  yangon united football club

ဧပြီလ ၃၀ ။     ။ AFC Cup 2019အုပ်စု (စ) တွင်ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းဟာ လာမည့် မေလ ၁ ရက်နေ႕ည ၇ နာရီခွဲမှာ စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းနဲ့ စင်ကာပူနိုင်ငံ ဂျလန်ဘာဆာ အားကစား ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

"မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက် ခက်ခဲမယ့်ပွဲတစ်ပွဲဖြစ်ပါတယ်။ ဂိုးသမား ကျော်ဇင်ထက် က နေမကောင်း ဖြစ်နေတဲ့အပြင် တိုက်စစ်မှူး ဆီလာ တို့ကလည်း ပွဲပယ်ဖြစ်နေပါတယ်။ ဒါပေမယ့် ရန်ကုန် ယူနိုက်တက် အသင်းရဲ့ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်" ပာု ရန်ကုန်ယူနိုက်တက် အသင်း၏ နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပွဲအကြို  သတင်းစာရှင်းလင်းပွဲမှ ပြောခဲ့ပါတယ်။

အုပ်စု(စ) တွင် ပါဝင်ယှဉ်ပြိုင်နေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ ပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၃ ပွဲရှုံးဖြင့် ရမှတ် ၃ မှတ် ရရှိထားပါတယ်။

" ဒီနှစ်အုပ်စုတက်ဖို့ အခွင့်အရေးအတော်နည်းသွားပါတယ်။ ဒါပေမယ့် ရန်ကုန် ယူနိုက်တက်အသင်းရဲ့ ဂုဏ် သိက္ခာနဲ့ အဆင့်အတန်းတစ်ခုကို ပြသသွားပါမယ်။" ဟုအသင်းခေါင်းဆောင် ရန်အောင်ကျော်က ပွဲအကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောပါတယ်။

AFC Cup 2019 ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ကလပ်နှစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ဟာ အုပ်စု ပြိုင်ပွဲ မှာ ၃ ပွဲဆက် ရှုံးနိမ့်ထားရှိပြီး ယခု ပွဲစဉ်များကို အနိုင်ရရှိမှာသာ ရလဒ်များ ကောင်းမွန်လာမှဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required