2 NE 1 အဖွဲ့ဝင် ဆန်ဒရာပက်ခ် Searching for Sugar Man အစီစဉ်တွင် အစီစဉ်မှူး အဖြစ် ဆောင်ရွက်သွားမည်

2 NE 1 အဖွဲ့ဝင် ဆန်ဒရာပက်ခ် Searching for Sugar Man အစီစဉ်တွင် အစီစဉ်မှူး အဖြစ် ဆောင်ရွက်သွားမည်

တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ 2 NE 1 အဖွဲ့ဝင် ဆန်ဒရာပက်ခ်သည် JTBC ရုပ်သံ၏ Searching for Sugar Man အစီစဉ်တွင် အစီစဉ်မှူးအဖြစ် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။

ဆန်ဒရာပက်ခ်သည် အဆိုပါအစီစဉ်တွင် အစီစဉ်မှူးအဖြစ် ဆောင်ရွက်နေသော ယိုဂျီဆွတ်ခ်၊ ယိုဟီယိုလ်တို့နှင့်အတူ တွဲဖက် ဆောင်ရွက်သွားမည် ဖြစ်သည်။

“ကျွန်မ အစီစဉ်မှူးအဖြစ် ဆောင်ရွက်ရမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ အရမ်းကို ပျော်ပါတယ်။ ဒါဟာ အခွင့်ရေးတစ်ရပ်လို့ ကျွန်မ ထင်ပါတယ်။ အတော်ဆုံး အစီစဉ်မှူးတွေ နဲ့ အလုပ်တွဲလုပ်ရမှာ ဖြစ်တဲ့အတွက် ကျွန်မ အရမ်းကို ပျော်ပါတယ်” ဟု ဆန်ဒရာပက်ခ်က ပြောကြား သည်။

Searching for Sugar Man အစီစဉ်ကို အောက်တိုဘာလတွင် ပုံမှန် အစီစဉ်တစ်ရပ်အဖြစ် ပွဲဦးထွက် ပြသသွားမည်ဖြစ်ပြီး ယင်းအစီစဉ်သည် ဆန်ဒရာပက်ခ် အစီစဉ်မှူးအဖြစ် ပထမဆုံးအကြိမ် ဆောင်ရွက်မည့် အစီစဉ် ဖြစ်လာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly