အနံ့အသက်ဆိုးတွေကင်းဝေးဖို့ Prebiotics ပါဝင်တဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်

အနံ့အသက်ဆိုးတွေကင်းဝေးဖို့ Prebiotics ပါဝင်တဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

   

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျက်ပြားစေတဲ့အချက်တစ်ခုရှိတယ်နော်။ ဒါကတော့ ခန္ဓာကိုယ်က အနံ့အသက်ဆိုးတွေထွက်နေမှာကိုပါ။ အရှက်အကြောက်ကြီးတတ်တဲ့ မိန်းကလေးတစ်ယောက်အဖို့ ဒီကိစ္စကလည်း တော်တေ်ာလေးတော့စိတ်ညစ်စရာနော်။ မနက်အလုပ်သွားရင်း ခန္ဓာကိုယ်ကအနံ့အသက်ဆိုးထွက်နေတယ်။ ဘာမှလည်းလုပ်လို့မရ တစ်နေ့တာလုံးကို ဒီတိုင်းကျော်ဖြတ်ရမယ်ဆိုရင် ပြီးရောပဲနော်။ လူဆိုတာက အနံ့အသက်ဆိုးကင်းဖို့မဖြစ်နိုင်ပေမယ့် ဘယ်သူကမှာတော့ အနံ့ဆိုးမထွက်နေချင်ပါဘူး။

အနံ့အသက်ဆိုးကင်းဖို့ ဘာလုပ်မလဲ

အမျိုးသမီးတွေအနေနဲ့ အနံ့အသက်တွေကင်းစင်စေဖို့မှာ အရေးတကြီးလုပ်ရမှာကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးပါ။ ခေါင်းအစ ခြေအဆုံးတစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရမယ်ဆိုတာ အမျိုးသမီးတွေ သိပြီးသားပါနော်။ ဒီမှာ နောက်ထပ်အထူးပြုပြီး သေချာပြောချင်တာကတော့ မိန်းမကိုယ် သန့်စင်ခြင်းကိစ္စပါ။ အပြင်ပန်းပဲ လှပကျော့ရှင်းနေလို့မရဘူးနော်။ မိန်းမတွေမှာအရေးကြီးဆုံးဖြစ်တဲ့ မိန်းမကိုယ်လေးကို အနံ့အသက်ဆိုးတွေကင်းဝေးပြီး ကျန်းမာသန့်ရှင်းနေစေဖို့ ဂရုစိုက်ရဦးမှာပေါ့။ ဒါမှပဲ စိတ်လုံလုံခြုံခြုံအနံ့အသက်ကင်းကင်းနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်မှာပါ။

လေဒီတစ်ယောက်အဖို့ မိန်းမကိုယ်ကိုသန့်စင်ဖို့ မမေ့သင့်တာက ဒီအချက်တွေကြောင့်ပါ

လေဒီတို့ရဲ့ မိန်းမကိုယ်က ဘက်တီးရီးယားတွေနဲ့ပြည့်နေတာပါ။ ဘက်တီးရီးယားက အကျိုးပြုဘက်တီးရီးယားရော အကျိုးမပြုတဲ့ဘက်တီးရီးယားရောပေါ့။ ဒီဘက်တီးရီးယားအရေအတွက်မှာ အကျိုးပြုဘက်တီးရီးယားဖြစ်တဲ့ Lactobacillus ဘက်တီးရီးယားတွေ များနေဖို့လိုပါမယ်။ ဒါမှ မလိုလားအပ်တဲ့ ဘက်တီးရီးယားပေါက်ဖွားမှုတွေကင်းပြီး မိန်းမကိုယ်မှာ မှိုစွဲတာ၊ ယားယံတာနဲ့ အနံ့အသက်ဆိုးဖြစ်တာ၊ အဖြူဆင်းတာတွေကင်းစေမှာပါ။ အခုပြောခဲ့တဲ့ လက္ခဏာတွေကင်းမှလည်း အနံ့အသက်ဆိုးကင်းစေမှာပါ။

အကျိုးပြုဘက်တီးရီးယားအရေအတွက်များနေမှလည်း ဆီးလမ်းကြောင်းပိုးဝင်တာ၊ သားအိမ်ကင်ဆာနဲ့ လိင်ကတဆင့်ရောဂါတွေကူးစက်တာမျိုးကင်းဝေးမှာပါ။ ရောဂါတွေကိုကာကွယ်ပေးပြီး ကျန်းမာတဲ့ မိန်းမကိုယ်လေးဖြစ်စေဖို့ လေဒီတွေအနေနဲ့ အကျိုးပြုဘက်တီးရီးယားတွေ မျှတနေအောင် မိန်းမကိုယ်သန့်ရှင်းရေးကိုဂရုစိုက်ရပါမယ်။ အနံ့အသက်မထွက်အောင်၊ မယားယံအောင်၊ ဆီးလမ်းကြောင်းပိုးမဝင်အောင် ကာကွယ်ပေးတာတွေအပြင် မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်တာက ကိုယ်ဝန်ရရှိစေဖို့ အထောက်အကူပြုပေးနိုင်သလို မျိုးအောင်နိုင်စွမ်းကိုလည်းတိုးတက်စေနိုင်ပါသေးတယ်နော်။

ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေးတစ်ခုဖြစ်အောင် ဘယ်လိုဂရုစိုက်မလဲ

ဒါကတော့ရှင်းပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း အကျိုးပြုဘက်တီးရီးယားလေးတွေကျန်းမာစွာရှင်သန်ဖို့ ဂရုစိုက်ရုံပေါ့။ ဂရုစိုက်တယ်ဆိုတော့ ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ နည်းလမး်ကလိုလာပါပြီနော်။ ဒါဆိုရင်တော့ တူတူဆက်ဆွေးနွေးရအောင်လေနော်။

အကျိုးပြုဘက်တီးရီးယား အာဟာရ (Prebiotics) ပါတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်အသုံးပြုပါ

ဆပ်ပြာသုံးပြီးမသန့်စင်ပါနဲ့

အနံ့အသက်ဆိုးကင်းချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ ခန္ဓာကိုယ်အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးတဲ့ ဆပ်ပြာတွေကိုသုံးပြီး မိန်းမကိုယ်ကို သန့်စင်တာမျိုးမလုပ်ပါနဲ့။ ဆပ်ပြာမှာပါတဲ့ ဓာတုပစ္စည်းတွေက အနံ့အသက်ဆိုးကိုယာယီဘဲ ကာကွယ်ပေးနိုင်ပြီး မိန်းမကိုယ်ကိုခြောက်သွေ့စေတာ၊ ယားယံစေတာမျိုးတွေဖြစ်စေနိုင်ပါတယ်။

ချည်သားအတွင်းခံဝတ်ပါ

အတွင်းခံရွေးတဲ့အခါမှာလည်း ချွေးစုပ်ပြီးလေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံကိုရွေးချယ်ဝတ်ဆင်ရပါမယ်။ ဒါမှ ဘက်တီးရီးယားပေါက်ဖွားတာကို ကာကွယ်ရာရောက်ပြီး အနံ့ဆိုးတွေကို ကင်းစင်စေမှာပါ။

အဝတ်အစားတွေကို ကျပ်ကျပ်ကြီးမဝတ်ပါနဲ့

လေဒီတွေမှာရှိတတ်တဲ့ အလှအပအယူအဆအမှားတစ်ခုရှိပါတယ်။ ဒါကတော့ ခန္ဓာကိုယ် ထင်းပြီး လှအောင်ဆိုပြီး အဝတ်အစားတွေကို ခပ်ကျပ်ကျပ်ဝတ်တာပါပဲ။ ဒါက လေဝင်လေထွက်မကောင်းတာကိုဖြစ်စေပြီး နောက်ဆက်တွဲအနေနဲ့ အနံ့အသက်ဆိုးတွေကိုဖြစ်စေတာ့တာပါပဲ။

အနံ့အသက်ပြဿနာကင်းတဲ့ လေဒီလေးဖြစ်ဖို့ဆိုရင်တော့ ဘယ်လိုမျိုး မိန်းမကိုယ်သန့်စင်ဆေးရည်ရွေးရမလဲမသိဘူးဖြစ်နေတယ်ဆိုရင် Betadine ရဲ့  Feminine Wash ကိုအသုံးပြုပေးလို့ရပါတယ်။ ဒီဆေးရည်ဟာဆိုရင်  ဆပ်ပြာ၊ Paraben နဲ့ အရောင်ပါဝင်မှုကင်းစင်ပြီး အကျိုးပြုဘက်တီးရီးယားတွေအတွက် အစာအာဟာရတစ်မျိုးဖြစ်တဲ့ Prebiotics ပါဝင်နေတဲ့အတွက် အကျိုးပြုဘက်တီးရီးယားတွေပေါက်ဖွားတာကြောင့် မိန်းမကိုယ်မှာရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ မိန်းမကိုယ်ကို ခြောက်သွေ့မှုမရှိအောင် အစိုဓာတ်ထိန်းပေးပြီး pH ပမာဏကို ထိန်းညှိပေးပါတယ်။ အနံ့အသက်ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတာကြောင့် မိန်းမကိုယ်ယားယံတာ၊ အနံ့အသက်ဆိုးဖြစ်တာ နဲ့ အဖြူဆင်းတာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ခန္ဓာကိုယ်ဖွဲ့စည်းပုံက မတူညီကြတာကြောင့် လိုအပ်ချက်ချင်းလည်း မတူညီနိုင်ပါဘူး။ Betadine Feminine Wash က ကိုယ့်ရဲ့လိုအပ်ချက်အလိုက်ရွေးချယ်ဝယ်ယူနိုင်တာကလည်း အားသာချက်တစ်ခုပါ။ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတော့ အရမ်းအဆင်ပြေသွားတာပေါ့။

ကဲ တစ်နေ့တာကို အနံ႔အသက်ဆိုးကင်းတဲ့ လေဒီလေးတစ်ယောက်အနေနဲ့ ဖြတ်သန်းဖို့အသင့်ဖြစ်ပြီလား…..

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly