အဆိုတော် ရဲရင့်အောင်နှင့် ပရိသတ်တို့ တွေ့ဆုံနိုင်မည့် "Meet With The Celebrities" (On The Spot) အစီအစဉ်၌ ပြသမည်

အဆိုတော် ရဲရင့်အောင်နှင့် ပရိသတ်တို့ တွေ့ဆုံနိုင်မည့် "Meet With The Celebrities" (On The Spot) အစီအစဉ်၌ ပြသမည်

ရန်ကုန်၊ အောက်တိုဘာ ၅ ။           ။ အပါတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မြဝတီရုပ်မြင်သံကြား (MWD) နှင့် Sky Net ရုပ်သံလိုင်းတို့တွင် ထုတ်လွှင့် တင်ဆက်နေသည့် "Meet With The Celebrities"(On The Spot) အစီအစဉ်၌ အဆို တော် ရဲရင့်အောင်နှင့် ၎င်း၏ ပရိသတ်တို့ တွေ့ဆုံသည့် အစီအစဉ်ကို အောက်တိုဘာ ၇ ရက် ညနေ ၆ နာရီခွဲတွင် ပြသမည် ဖြစ်သည်။

Meet With The Celebrities (On The Spot) အစီအစဉ်အတွက် သြဂုတ်လ အတွင်းက အကယ်ဒမီ မင်းမော်ကွန်း ၊ သဉ္ဇာနွယ်ဝင်း ၊ ရဲရင့်အောင်၊ ရွှေရေးထင်ထင်၊ ပန်းပန်တို့က ၎င်းတို့၏ ပရိသတ် များဖြင့် တွေ့ဆုံမှုကို ရိုက်ကူး ပြသလျက် ရှိသည်။

လက်ရှိတွင် သရုပ်ဆောင် မင်းမော်ကွန်း၊ စာရေးဆရာမ ရွှေရေးထင်ထင် တို့၏ အစီအစဉ်များ ကို ပြသပြီးဖြစ်သလို ယခုအခါတွင် အဆိုတော် ရဲရင့်အောင်နှင့် ၎င်း၏ ပရိသတ်တို့ တွေ့ဆုံသည့် အစီ အစဉ်ကို ထုတ်လွှင့် ပြသမည် ဖြစ်သည်။

Meet With The Celebrities အစီအစဉ်သည် နာမည်ကြီး အနုပညာရှင်များက ၎င်းတို့ အသုံး ပြုနေသည့် Fan Page မှ ပရိသတ် ၅ ဦးနှင့် အပြင်တွင် တွေ့ဆုံကြပြီး ပရိသတ် ၅ ဦးမှ သူတို့ ရွေးချယ် ထားသည့် မေးခွန်း ၃ ခုစီကို မေးမြန်းကြသလို လျှပ်တစ်ပြတ် မေးမြန်းသည့် မေးခွန်းများလည်း ပါဝင် သည်။

ပရိသတ်များက မေးမြန်းပြီးသွားသည့် အချိန်တွင် အနုပညာရှင်မှ ပရိသတ်ကို Performance တစ်ခုခုဖြင့် တင်ဆက်ပေးတာမျိုး Performance မဟုတ်ခဲ့ရင် အမှတ်တရ ပစ္စည်းတခုခု ပေးသည့် အစီအစဉ် တစ်ခု ဖြစ်သည်။

ထိုအစီအစဉ်ကို Story Book အဖွဲ့မှ စီစဉ် တင်ဆက်ခြင်းဖြစ်ပြီး ဒါရိုက်တာ သည်ခေတ်နေက ရိုက်ကူးရေး ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူး တင်ဆက်ခြင်း ဖြစ်သည်။ "Meet With The Celebrities" (On The Spot) အစီအစဉ်ကို အပါတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ညနေ ၆:၃၀ မှ ၇:၀၀ အတွင်း MWD ရုပ်မြင်သံကြားနှင့် Sky Net ရုပ်သံလိုင်းတို့တွင် ထုတ်လွှင့် တင်ဆက်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly