မိတ္ထီလာမြို့နယ်၊လျှော်ဖြူပင်ကျေးရွာတွင် သောက်သုံးရေ လိုအပ်နေ"

မိတ္ထီလာမြို့နယ်၊လျှော်ဖြူပင်ကျေးရွာတွင် သောက်သုံးရေ လိုအပ်နေ"
(ဓာတ်ပုံ-ဦးစိုးဝင်း)

မန္တလေး၊ ဧပြီ ၂၆။                    ။ မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ်၊ဇရပ်ကုန်းအုပ်စု၊လျှော်ဖြူပင်ကျေးရွာတွင် သောက်သုံးရေကန် ရေခမ်းခြောက်မှု ဖြစ်ပေါ်နေခြင်းကြောင့် သောက်သုံးရေ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်ဟု လျှော်ဖြူပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းကပြောသည်။

လျှော်ဖြူပင်ကျေးရွာတွင် အိမ်ခြေ ၄၅ အိမ်ရှိပြီး ၎င်းရေကန်မှရေကို အားထား အသုံးပြုနေရကြောင်း၊ ယခုအခါ ရေလုံးဝခမ်းခြောက် သွားခြင်းကြောင့် သောက်သုံးရေ အလှူရှင်များလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

"ဒီကန်ပဲ တစ်ရွာလုံးက အားကိုးသုံးနေရတယ်။အခုက လုံးဝကို ရေးခမ်း နေတော့ ရေအလှူရှင်ပဲမျှော်နေရတယ်။ရေဒုက္ခကတော့ နှစ်တိုင်း ကြုံနေရတာပဲ။"ဟုဦးစိုးဝင်းကပြောသည်။

အဆိုပါကန်တွင် ဧပြီလ ပထမပတ်မှ စတင်၍ ရေခမ်းလာရာ ယခုအခါ ရေလုံးဝခမ်းခြောက်သွားပြီဖြစ်သောကြောင့် သောက်သုံးရေ ခက်ခဲ နေခြင်းဖြစ်သည်။ထို့ကြောင့် သောက်သုံးရေ အလှူရှင်များအနေဖြင့် ဦးစိုးဝင်း ဖုန်း ၀၉၇၆၁၆၀၁၉၈၈သို့ ဆက်သွယ်လာရောက် လှူဒါန်းနိုင်ကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly