ကျွန်းစုတွင် လှေနှစ်စီးပေါ်မှ ဆာလာအိတ် ၁၅ အိတ်ဖြင့် ထည့်ထားသော ဘိန်းစာမှုန့်များ ဖမ်းမိ

ကျွန်းစုတွင် လှေနှစ်စီးပေါ်မှ ဆာလာအိတ် ၁၅ အိတ်ဖြင့် ထည့်ထားသော ဘိန်းစာမှုန့်များ ဖမ်းမိ
ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဧပြီလ ၂၆ ။    ။ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာ၊ ကမ်းငယ်ရပ်ရှိ ချောင်းကူး တံတားအနီးတွင် ဆိုက်ကပ်ထားသည့် လှေနှင့် ပါးပိတ်ချောင်း ထဲတွင် ရပ်ထားသည့်လှေအတွင်းမှ ဆာလာအိတ် ၁၅ အိတ်ဖြင့် ထည့် ထားသော ဘိန်းစာမှုန့်များ ဖမ်းမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဘိန်းစာမှုန့်များကို တပ်မတော်မှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဧပြီလ ၂၆ ရက်နေ့၊ ညနေပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

တပ်မတော်မှ ဧပြီလ ၂၄ ရက်နေ့၊ နံနက် ၅ နာရီခန့်တွင် အဆိုပါ ကျွန်းစု မြို့နယ်၊ မဲတောကျေးရွာ၊ ကမ်းငယ်ရပ် ရှိ ချောင်းကူးတံတားအနီးတွင် ဆိုက်ကပ်ထားသည့် မင်းလတ်ဆိုသူ၏ လှေအား ရှာဖွေခဲ့ရာ လှေပေါ်ရှိ ဆာလာအိတ် ၅ အိတ်အတွင်းမှ ဘိန်းစာမှုန့် ၈၈ ဒသမ ၅ ကီလို သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နံနက် ၅ နာရီခွဲအချိန်တွင် ပါးပိတ်ချောင်းထဲတွင် ရပ်ထားသည့် လူမရှိသည့် လှေတစ်စီးအား တွေ့ရှိ ၍ရှာဖွေရာ လှေပေါ်ရှိ ဆာလာအိတ် ၁ဝ အိတ်အတွင်းမှ ဘိန်းစာမှုန့် ၁ရဝ ဒသမ ၇ ကီလို ထပ်မံသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဘိန်းစာမှုန့်များနှင့်အတူ ဖမ်းမိခဲ့သည့် အသက် ၃၆ နှစ်အရွယ် မင်းလတ်ဆိုသူကို မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required