လွတ်ငြိမ်းသက်သာခွင့်ဖြင့် ခန္တီးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၅ရဦး လွတ်မြောက်

လွတ်ငြိမ်းသက်သာခွင့်ဖြင့် ခန္တီးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၅ရဦး လွတ်မြောက်
(ဓာတ်ပုံ၊ချန်လော)-ယနေ့ မွန်းလွဲပိုင်းက ခန္တီးဗဟိုအကျဉ်းထောင်မှ လွတ်မြောက်လာသူများကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့နယ်၊ခန္တီး ဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်း သက်သာခွင့်ဖြင့် အကျဉ်းသား၊အကျဉ်းသူ ၂၅ရဦးကို ဧပြီလ ၂၆ ရက်၊မွန်းလွဲ ပိုင်းက လွတ်မြောက်ခွင့် ပေးလိုက်ကြောင်း ခန္တီးဗဟိုအကျဉ်းထောင်က သိရသည်။

လွတ်မြောက်လာသူများကို နေရပ်ပြန်နိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာ အသီးသီးနှင့် မြို့မိ၊မြို့ဖများက လိုအပ်သည်များကူညီပေးကြပြီး နေရပ် ပြန်နိုင်ရန်အတွက် ရှပ်ပြေးရေယာဉ်များလည်း စီစဉ်ဆောင်ရွက် ပေးနေကြောင်း သိရသည်။

မြန်မာနှစ်သစ်မင်္ဂလာ အခါမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသား အကျဉ်းသား၊အကျဉ်းသူ ၆၉၄၈ ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်း ဖြစ်သည်။ကျန်ရှိနေသော အကျဉ်းသား၊အကျဉ်းသူများထဲမှ လွှတ်သင့်လွှတ်ထိုက်သူများကိုလည်း စနစ်တကျ စီစစ်လျက်ရှိပြီး လွတ်ငြိမ်း ချမ်းသာခွင့် ဆက်လက်ပေးသွားမည်ဟု ဧပြီလ ၂၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ယခုလွတ်ငြိမ်းသက်သာခွင့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံး ကွပ်ကဲမှု အောက်ရှိ ကလေးထောင်မှ ၄၁၂ဦး၊ ကသာထောင်မှ ၁၀၄ဦး၊ ရွှေဘိုထောင် မှ ၅၁၅ဦး၊ မုံရွာထောင်မှ ၁၆၄ဦး၊ခန္တီးထောင်မှ ၂၅ရဦး၊ မြို့သစ် စခန်းမှ ၁၂၈ ဦး၊ သနန်စခန်း ၁၃၈ဦး၊ဗန္ဓုလစခန်းမှ ၁၃၀ ဦး၊အုတ်ဖိုစခန်းမှ ၁ဝရဦး၊ ရာဇဂြိုလ် (၁)စခန်းမှ ၁၃၄ဦး၊ရာဇဂြိုလ်စခန်း (၂)မှ၁၂၆ ဦး စုစုပေါင်း အကျဉ်းသား၊အကျဉ်းသူ၂၂၁၅ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၁ရရက်နေ့ကလည်း နိုင်ငံသား အကျဉ်းသား၊အကျဉ်းသူ ၉၅၃၅ဦး လွတ်ငြိမ်းသက်သာခွင့် ပေးထားခဲ့ပြီး ဆက်လက်၍လည်း လွှတ်သင့်လွှတ် ထိုက် သူများကို စနစ်တကျ စီစစ်လျက်ရှိကြောင်း သိရသည်။

(ဓာတ်ပုံ၊ချန်လော)-ယနေ့ မွန်းလွဲပိုင်းက ခန္တီးဗဟိုအကျဉ်းထောင်မှ လွတ်မြောက်လာသူများကို တွေ့ရစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly