နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား ၉၂ ဦး လွတ်မြောက်

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား ၉၂ ဦး လွတ်မြောက်
ဓာတ်ပုံ -  ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဧပြီ (၂၆) ။    ။ နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်သား/ သူ ၇၀၀၀ ဦးနီးပါးကို လွတ်ငြိမ်းသက်သာခွင့်ပေးလျက်ရှိရာ မြိတ်အကျဉ်ထောင်မှ အကျဉ်းသား/ သူ ၉၂ ဦး လွတ်မြောက်ခွင့် ပေးလိုက်ကြောင်း သိရသည်။

မြိတ်အကျဉ်းထောင်မှ လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက်လာသည့် အကျဉ်သား/ သူများ အနက် အကျဉ်းသား (၇၄) ဦး၊ အကျဉ်းသူ (၁၈) ဦး စုစုပေါင်း (၉၂) ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်သည်ဟု မြိတ်အကျဉ်းထောင်တာဝန်ခံ အရာရှိ ဦးကျော်ကျော်ဦးထံမှ သိရသည်။

လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား/ သူများအား မြိတ်အကျဉ်းထောင်ရှိ ဓမ္မာရုံတွင် တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြားခဲ့ကြပြီး အကျဉ်းသား/ သူများကို တာဝန်ရှိသူများက ထောင်လွတ်လက်မှတ်နှင့် စားစရိတ်၊ ခရီးစရိတ် ငွေများ ပေးအပ်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required