ဧရာဝတီတိုင်းအတွင်း အပူဒဏ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

ဧရာဝတီတိုင်းအတွင်း အပူဒဏ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

ပုသိမ်၊ဧပြီ ၂၆ ။          ။ စံချိန်တင်မြင့်တက်ခဲ့သော အပူချိန်များကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အပူဒဏ်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒေါက်တာ သီဟအောင်က ပြောသည်။

"ဧရာဝတီတိုင်းဟာ ဒီရက်ပိုင်းမှာ စံချိန်တင်လောက်တဲ့ အပူချိန်တွေရှိခဲ့ပါတယ်၊အပူချ်ိန်မများတဲ့ ကာလ မတိုင် ခင်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန Websites မှာကော ဌာနဆိုင်ရာ အသီးသီး ညွန်ကြားတဲ့ညွန်ကြားချက်မှာရော အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်တွေ၊ အခြေခံ ကျန်းမာရေး ဝန်ထမ်း များလိုက်နာရမယ့် လုပ်ငန်းလမ်းညွန်များကို ကြိုတင်ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထုကို အသိပေးတဲ့ အခါမှာ Websites မှာရော သတင်းစာတွေ၊ရုပ်မြင်သံကြားတွေမှာရော အပုဒဏ်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေဆောင်ရွက်ပါတယ်။ တချို့သောမြို့နယ်များမှာ လူနာတင်ယာဉ်တွေနဲ့ ရပ်ရွာ ပြည်သူလူထုတွေ သိရှိအောင် အသံချဲ့စက်တွေနဲ့ လှည့်လည်ပြီး နှိုးဆော်ချက်တွေကို ဆောင်ရွက် ထားရှိ ပါတယ်”ဟုဧရာဝတီတိုင်းဒေသကြီး၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာသီဟအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်တွင် အပူဒဏ်ကြောင့် ဆေးရုံတက်ရောက်ကုသခံသည့် လူနာတစ်ဦးသာ ရှိကြောင်းနှင့် ကျန်းမာရေးဌာနများ အနေဖြင့် အပူဒဏ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ပြီး ဆောင်ရွက်ထားကြောင်းသိရှိရသည်။

မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၂၆ ရက်နေ့ထုတ်ပြန်ချက်များအရ ဧရာဝတီတိုင်း ပုသိမ်မြို့တွင် အပူချိန် ၄၂ဒီဂရီ စင်တီဂရိတ်၊ မုံရွာနှင့် မကွေးတွင် ၄၃ ဒီဂရီ စင်တီဂရိတ်ဖြင့် အမြင့်ဆုံးအပူချိန်များ ဖြစ်ပေါ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly