ဒုတိယအကြိမ်မြောက် သရက်သီး ဈေးရောင်း ပွဲတော် ကျင်းပမည်

ဒုတိယအကြိမ်မြောက် သရက်သီး ဈေးရောင်း ပွဲတော် ကျင်းပမည်

မန္တလေး၊ဧပြီ ၂၆ ။     ။ ဒုတိယအကြိမ်မြောက် သရက်သီး ဈေးရောင်းပွဲတော်ကို မေ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ မန္တလေး ကုသိုလ် တော်ဘုရားဝန်းအနီးတွင် မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ ့ဖြိုးတိုးတက်ရေးအဖွဲ႕မှ ကြီးမှူး ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

'' သရက်သီးဈေးရောင်းပွဲတော် ပွဲမှာ ပြည်တွင်းသရက်သီးမျိုးကွဲမျိုးစုံ သရက်တွေရောင်းချသွားမှာပါ။ ဒေသ အလိုက်ထွက်တဲ့သရက်တွေ ဈေးကွက်ဝင်လာအောင်ရောင်းချသွားမှာ ပါ။ဆိုင်ခန်းဈေးတွေတော့ မသတ်မှတ် သေးပါဘူး။ပထမအကြိမ်တုန်းက စိန်တစ်လုံးသရက်သီး တစ်လုံးကို ကျပ်၁၀ နဲ့ရောင်းချပေးခဲ့ပါတယ်။ ဒီနှစ် တော့ ထူးထူးခြားခြား အခမ်းအနားတွေနဲ့စီစဉ်ထားပါတယ်။ မြန်မာ့သရက်ကမ္ဘာ့စျေးကွက်ဖြစ်လာအောင် ရည်ရွယ်ကျင်းပတာပါ။ သရက်မျိုးကွဲ ၁၉၀ ကျော်ရှိပါတယ်။ ဈေးကွက် မဝင်သေးတဲ့ သရက်မျိုးတွေ ဈေးကွက် ဝင်လာအောင် ဈေးရောင်းပွဲကျင်းပတာပါ ''ဟု မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ ့ဖြိုးတိုးတက်ရေးအဖွဲ႕ မှ အတွင်းရေးမှူး ဦးကျော်စိုးနိုင် မှပြောသည်။

ပထမအကြိမ်သရက်သီးဈေးရောင်း ပွဲတော်ကို ၂၀၁၈ ခုနှစ် မေလ ၂ဝရက်မှ ၂၂ ရက်ထိကျင်းပခဲ့ပြီး သရက်သီး ၁၅ တန်ကျော်ကို ၁ဝကျပ်တန်ဖြင့်ရောင်းချခဲ့သဖြင့် လူစိတ်ဝင်စားမှုမြင့်မားစွာ လာရောက်ဝယ်ယူခဲ့ကြကြောင်း ယခုနှစ်တွင်လည်း ထူးခြားစွာဝယ်ယူနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း ယခုနှစ်သရက်ရာသီတွင် ရာသီဥတု ကြောင့်သရက်ခြံများပျက်စီးမှုများ ရှိခဲ့ပြီး အထွက်နှုန်းကျဆင်းနိုင်ကြောင်း ထို့ကြောင့် ပြည်ပတင်ပို့မှုုလျော့နည်းနိုင်ပြီး ပြည်တွင်း ဈေးကွက်ကိုသာ အားထား တင်ပို့ရောင်း ချရမည့် အခြေအနေဖြစ်ပေါ်နေကြောင်း သရက်စိုက်တောင်သူ များထံမှသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly