သရက်အကျဉ်းထောင်မှ အကျဉ်းသား (၃၄)ဦး ပြန်လည်လွတ်မြောက်

သရက်အကျဉ်းထောင်မှ အကျဉ်းသား (၃၄)ဦး ပြန်လည်လွတ်မြောက်

မကွေး၊ ဧပြီ ၂၆ ။     ။ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကွေးတိုင်းဒေသကြီး သရက်အကျဉ်းထောင်မှ အကျဉ်းသား (၃၄)ဦးကို ယနေ့ ဧပြီလ၂၆ ရက်နေ့က လွှတ်ပေးခဲ့သည်။

လွတ်ငြိမ်းချမ်းသာရရှိသည့် အကျဉ်းသားများမှာ မူးယစ် ၁၅၊ ၁၆(ဂ)တို့ ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်း သား (၂၈)ဦး၊ အကျဉ်းသူ(၆)ဦး စုစုပေါင်း(၃၄)ဦး လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း သရက်အကျဉ်းထောင်မှ ထောင်ပိုင်ကြီး ဦးသိန်းလွင်က ပြောသည်။

"လွတ်ငြိမ်းချမ်းသာခွင့်ရတော့ သူတို့အတွက်ပီတီဖြစ်ရပါတယ်။ နောက်လည်းများများလေး လွတ်ပေးရင်း ကောင်းတာပေါ။့ မွန်းကြပ်နေတဲ့သူတွေ နှစ်ကြီးကျနေတဲ့သူတွေ လွတ်ပေးရင် ပိုကောင်းတာပေါ့။ အကန့် အသတ် နည်းနည်းနဲ့ပေါ့” ဟု သရက်အကျဉ်းထောင်မှ ထောင်ပိုင်ကြီး ဦးသိန်းလွင်က ပြောသည်။

ဧပြီလ(၂၆)ရက်တွင် ပေးခဲ့သော နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်စာတွင် မြန်မာ နှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမူကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်စခန်း အသီး သီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ (၆၉၄၈)ဦးအား ရာဇတ်ဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁)အရ စည်းကမ်း သတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သည် ဟုပါရှိသည်။

ထို့ပြင် ကျန်အကျဉ်းသား /သူများထဲမှ လွတ်ထိုက်သူများကိုလည်း စနစ်တကျစိစစ်လျက်ရှိပြီး လွတ်ငြိမ်း သက်သာခွင့်ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့က အကျဉ်းသား(၉၅၀၀)ကျော်ကို ပထမအကြိမ်လွတ်ပေးခဲ့ပြီး ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် အကျဉ်းသား (၆၉၄၈)ဦးကို ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required