James Bond 007 ရုပ်ရှင်ကားမှာ ဗီလိန်အဖြစ် သရုပ်ဆောင်မယ့် မင်းသား ရာမီမာလက်ခ်

James Bond 007 ရုပ်ရှင်ကားမှာ ဗီလိန်အဖြစ် သရုပ်ဆောင်မယ့် မင်းသား ရာမီမာလက်ခ်

ဧပြီ ၂၆ ။     ။ အော်စကာဆုရှင် ရုပ်ရှင်မင်းသား ရာမီမာလက်ခ်ဟာ များမကြာမီမှာ ထွက်ရှိလာမယ့် James Bond 007 ရုပ်ရှင်ကားမှာ ဗီလိန်နေရာက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ James Bond 007 ရုပ်ရှင်ကားမှာ ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒင်နီရယ်ခရိတ်၊ ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ ရာမီမာလက်ခ်က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Bohemian Rhapsody ဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ရာမီမာလက်ခ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

၂၅ ကားမြောက် James Bond 007 ရုပ်ရှင်ကားမှာ ဒင်နီရယ်ခရိတ်က ဂျိမ်းစ်ဘွန်းအဖြစ် နောက်ဆုံးအကြိမ် သရုပ်ဆောင်မှာဖြစ်ပြီး နောက်ထပ်ရိုက်ကူးမယ့် James Bond ရုပ်ရှင်ကားတွေမှာတော့  ဗြိတိသျှလူမည်းသရုပ်ဆောင် အီတရစ်စ်အယ်လ်ဘာက ဂျိမ်းစ်ဘွန်းဇာတ်ကောင်နေရာမှာ သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

၂၅ ကားမြောက် James Bond 007 ရုပ်ရှင်ကားသစ်ကို ဂျမေကာ၊ အီတလီနဲ့ ယူကေ အစရှိတဲ့ နိုင်ငံကြီးတွေမှာ ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly