We Are One Cup ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း၂၉၀ ဝင်ရောက်ယှဉ်ပြိုင်မည်

We Are One Cup ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း၂၉၀ ဝင်ရောက်ယှဉ်ပြိုင်မည်
ဓာတ်ပုံ - သက်ကို

ဧပြီလ ၂၅ ။       ။ တတိယအကြိမ်မြောက် ကျင်းပမည့်  We Are One Cup ဘောလုံးပြိုင်ပွဲတွင် မြို့ကြီး ၈ မြို့မှ အပျော်တမ်း ကလပ်အသင်းပေါင်း ၂၉ဝအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

We are one cup 2019 ပြိုင်ပွဲကြီးကို ၂၀၁၉ ခုနှစ် မေလမှ စက်တင်ဘာလအထိ ရန်ကုန်၊ပုသိမ်၊ မော်လမြိုင် ၊တောင်ငူ၊ပခုက္ကူ ၊ပြင်ဦးလွင် ၊တောင်ကြီး ၊လာရှိုူးမြို့များတွင်ကျင်းပသွားမည်ဖြစ်ကြောင်း ဧပြီလ ၂၅ ရက် နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။

“ပထမဆုံးနှစ် ကျင်းပတဲ့ပြိုင်ပွဲမှာတော့ မြို့ လေးမြို့ထဲဆိုတော့ နည်းပါတယ်။ ဒုတိယနှစ်မှာတော့ မြို့ကြီး ၈ မြို့ဆိုတော့ အသင်းအရေအတွက်က ၃၀၈ သင်းရှိပါတယ်။ အခုနှစ်မှာတော့ ပြိုင်ပွဲဝင်အသင်းပေါင်း ၂၉၀ ဆိုတော့ ကိန်းဂဏန်းအရကြည့်မယ်ဆို နည်းသွားတယ်ဆိုပေမယ့် We Are One Cup မှာ အပျော်တမ်း ကလပ် ပေါင်းစုံပြိုင်ပွဲကို ပိုပြီးတော့ အကြီးကြီးမျှော်မှန်းလာကြတယ်။ ဝင်ပြိုင်ပြီးရောဆိုတာ မပာုတ်ဘဲနဲ့ နောက်ဆုံး ဖိုင်နယ် အဆင့်ထိ ရောက်အောင်ဆိုပြီးတော့ ဖွဲ့စည်းလာကြတယ်။ မြို့တစ်မြို့မှာ အသင်း ၅ သင်းထွက်မယ်ဆို ၅သင်းစလုံးမထွက်ဘဲနဲ့ ကစားသမားကောင်းတွေ စုစည်းလိုက်ပြီးတော့ အသင်းတစ်သင်းပဲ ထွက်လိုက်တယ်။ ဒီလိုမျိုးပေါ့။ နယ်တွေမှာ တွေ့နေရတယ်။ ရန်ကုန်မြို့မှာလည်း အသင်းတစ်ချို့ရှိနေပါတယ်” ပာု Brand Officer –MBL ဖြစ်သူ ဦးကောင်းဆက် က ပြောသည်။

၂၀၁၇ ခုနှစ်တွင် ပထမဆုံးစတင်ကျင်းပခဲ့သည့် We Are One Cup အပျော်တမ်းဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းပေါင်း ၈၀ ကျော်ယှဉ်ပြိုင်ခဲ့ပြီး မန္တလေးတိုင်းကိုယ်စားပြု Glory Fc အသင်းမှချန်ပီယံဖြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲအသင်းပေါင်း၃၀၈ သင်းယှဉ်ပြိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ကိုယ်စားပြု Phyu Khan Pa-o Fc အသင်းက ဗိုလ်စွဲခဲ့သည်။

 
၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်အတွင်း ကျင်းပခဲ့သည့် We Are One Cup ဘောလုံးပြိုင်ပွဲတွင် ကစားခဲ့သည့် လူငယ် ၁၂ ဦးသည် ယခုအခါ MNL လူငယ်အသင်းများဖြစ်သည့် Yangon United FC , Yadanarbon FC , Chinland FC အသင်းများတွင် ပါဝင်ယှဉ်ပြိုင်လျှက်ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly