WE ARE ONE CUP 2019 အပျော်တမ်းလိဂ်ဘောလုံးပြိုင်ပွဲကို မြို့ကြီး ၈မြို့တွင် ကျင်းပမည်

By မင်းခန့်နိုင်၊ အာကာပြည့်စုံ
25 April 2019
WE ARE ONE CUP 2019 အပျော်တမ်းလိဂ်ဘောလုံးပြိုင်ပွဲကို မြို့ကြီး ၈မြို့တွင် ကျင်းပမည်

ရန်ကုန်၊ ဧပြီ ၂၅ ။              ။ WE ARE ONE CUP 2019 အပျော်တမ်းလိဂ်ဘောလုံးပြိုင်ပွဲကို  မေလ မှ ဇွန်လအထိ မြို့ကြီး ၈မြို့တွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ၂၀၁၇ မှစတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် တတိယအကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး  ပြင်ဦးလွင်၊ တောင်ငူ၊ ပခုက္ကူ၊ ပုသိမ်၊ ရန်ကုန်၊ မော်လမြိုင်၊ လားရှိိုး နှင့် တောင်ကြီး စသည့် မြန်မာနိုင်ငံ ရှိ မြို့ကြီး (၈) မြို့တွင် အသီးသီး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 ယင်းပြိုင်ပွဲတွင် အနိုင်ရရှိသော အသင်းများအနေဖြင့် ချန်ပီယံဆုအတွက် ကျပ်သိန်း ၅၀ ၊ ဒုတိယဆု ကျပ်သိန်း ၃၀၊ တတိယဆု ကျပ်၁၉ သိန်း ၊ စတုတ္ထဆု ကျပ်၁၇ သိန်း နှင့် ပဥ္စမဆု မှ အဋ္ဌမဆုကို ကျပ် ၁၅ သိန်း အထိ အသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

 အဆိုပါပြိုင်ပွဲကို ကျင်းပရခြင်းမှာ မြန်မာ့ဘောလုံးလောကအတွက် ကစားသမားကောင်းများ ပေါ်ထွက် လာရေး ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ၂၀၁၈ ပြိုင်ပွဲတွင် ရှမ်းပြည်တောင်ပိုင်း ကို်ယ်စား ပြု Pyu Khan Pa-O FC အသင်းမှ ချန်ပီယံဆုရရှိခဲ့ကာ ၂၀၁၇ ခုနှစ်တွင် ပြင်ဦးလွင် မြို့နယ် ကိုယ်စားပြု Glory FC အသင်းမှ ချန်ပီယံဆုရရှိခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly