အနာဂတ် မြန်မာ့ပညာရေး ဘယ်လိုဖြစ်သင့်သလဲအပိုင်း (၁)

By မျိုးသန့် ( မဇ္စျိမ )
25 April 2019
အနာဂတ် မြန်မာ့ပညာရေး ဘယ်လိုဖြစ်သင့်သလဲအပိုင်း (၁)

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျား ကျွန်တော်တို့ ဒီနေ့ တွေ့ဆုံမေးမြန်းသွားမှာကတော့ ဆရာကိုတာ ဖြစ်ပါတယ်။ ဆရာဆိုရင် လုမ္ဗနီ အကယ်ဒမီ သင်တန်းကျောင်းကို ဦးဆောင်ဖွင့်လှစ်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ ဒီနေ့ ဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ့နော် အနိုင်ရလာတာ သုံးနှစ်ရှိပါပြီ။ အဲ့ဒီအတွက် ပညာရေးနဲ့ ပတ်သက်ပြီးတော့မှ ပြုပြင်ပြောင်းလဲမှုတွေ ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ပြီးရင် ဘာတွေလုပ်ဖို့ ကျန်နေသေးလဲ၊ အနာဂတ်ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဆရာနဲ့ ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

မေး။ ။ ဆရာ့ကို ပထမဆုံးမေးချင်တာကတော့ ခုနပြောသလိုပဲပေါ့နော်၊ ဒီအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲဝင်တဲ့အခါမှာ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့တယ်ပေါ့နော်၊ အခု သုံးနှစ်ရှိလာပြီဆိုတော့ ပညာရေးကဏ္ဍမှာ ဘာတွေများ ပြုပြင်ပြောင်းလဲခဲ့ပြီးပြီလဲ၊ ဘာတွေများ ထပ်လုပ်ဖို့ လိုနေသေးလဲ ဆိုတာ ဆရာအပြင်ကနေ ပေါ့နော် သုံးသပ်ပေးလို့ ရမလား ခင်ဗျား။

ဖြေ။ ။ ပညာရေးမှာ ကြိုးစားပြီးတော့ ပြောင်းလဲအောင် ကြိုးစားပြီးတော့ လုပ်တယ်လို့တော့ ကျွန်တော်ထင်တယ်ဗျ၊ ကျွန်တော်ကြည့်ရသလောက်ပေါ့လေ၊ ဥပမာဆိုပါဆို့ ဘတ်ဂျက်တွေ ဘာတွေတိုးလာတယ်ဗျ။ ဒါဟာ ငြင်းလို့မရပါဘူး ပညာရေးအတွက် အများကြီး ပိုပိုပြီးတိုးတယ်။ နောက်တစ်ခုကလည်း ဘတ်ဂျက်ကို ဘယ်နေရာမှာသုံးသလဲ ဆိုတာတော့ ဒါကတော့ ကျွန်တော်တို့ကတော့ ဆရာတွေကိုလေ ဆရာက အရေးကြီးတာကိုး ပညာရေးဆိုတာ ဆရာပဲ၊ တကယ့်တကယ်ကျတော့ နော်။ ဆရာတွေ လေ့ကျင့်သင်ကြားပေးပို့ဖို့ နော်။ ဆရာအတတ်သင် ပညာရေးကောလိပ်တွေ ဘာတွေရော မြှင့်တင်ပေးဖို့ ဒါမျိုးလေးတွေမှာ ပိုပြီးတော့ သုံးစေချင်တာပေါ့လေ၊ ဒါပေမယ့် အခုကျွန်တော်တို့ သုံးနေတာက infrastructure တွေပေါ့လေ၊ ကျောင်းတွေ ပိုပြီးတော့ ကောင်းအောင်လုပ်တာတို့၊ ကျောင်း library တွေ ကောင်းအောင်လုပ်တာတို့၊ ဒါတွေကတော့ ဆရာတွေလည်း ပိုပြီးတော့ ခန့်အောင်လုပ်တာတို့ပေါ့လေ ဒါတွတွေ့ရပါတယ်။ နောက်တစ်ခုက ခုနက ကျွန်တော်ထပ်ပြောလို့ရှိရင် ဘတ်ဂျက်တွေလုပ်တာရှိတယ်၊ နောက် အဆောက်အဦတွေကောင်းအောင်လုပ်တာရှိတယ်၊ နောက်တစ်ခုက ဆရာတွေကို တတ်နိုင်သလောက် ပြည့်စုံအောင် ဆရာခန့်တာကိုပြောတာ အရေအတွက်ကို ပြောတာပါ။ ဒါပေမယ့် ခန့်တဲ့ဆရာတွေကို ပိုပြီးတော့ အရည်အသွေးရှိအောင် လုပ်ဖို့ နည်းနည်းခက်ခဲပုံရတယ်၊ ဘာလို့ဆို ဆရာအရေအတွက်ပြည့်အောင် လုပ်ဖို့တောင်မှ မနည်းကြိုးစားရတဲ့သဘောပါပဲ။ ဆရာတွေကို သင်အောင် သင်တတ်အောင်ပေါ့လေ ဥပမာဆိုပါစို့ဗျာ။ philosophy of teaching လို့လည်း ခေါ်တာပေါ့ သင်ကြားရေးအမြင်ပေါ့ဗျာ၊ ဥပမာဆိုပါစို့ ကျွန်တော်တို့က traditional ပေါ့၊ အရင်တုန်းက လုပ်ရိုးလုပ်စဉ်က ဆရာဗဟိုပြုပေါ့ဗျာ၊ ဆရာဗဟိုပြုကနေပြီးတော့ စာသင်သားဗဟိုပြုပေါ့ student centre approach ပေါ့လေ၊  အဲ့ဒါကို ပြောင်းဖို့မှာ ဆရာက အဓိကကိုးဗျ။ အဲ့ဒီမှာကျတော့ ပြောင်းဖို့ခက်နေတာပေါ့ မရောက်ဘူးပေါ့။ ဆရာအရေအတွက်နည်းရင်လည်း မရောက်နိုင်ဘူး။ ဆရာနဲ့ ကျောင်းသား အချိုးပေါ့ ၊ ဒါတွေကလည်း အဲ့ဒီဟာတွေမှာတော့ ရောက်အောင် သူမနည်း၊ အဲ့ဒီရောက်ဖို့ထက်လေ၊ နောက် ဆရာတွေကို လေ့ကျင့်သင်ကြားပေးဖို့ထက် ဆရာအရည်အသွေးကောင်းအောင် မနည်းလုပ်နေရတဲ့သဘောပဲ။

မေး ။ ။ ဆရာခုနပြောတဲ့အထဲမှာ student centre approach ဆိုပြီးတော့မှ ဆရာပြောသွားတာရှိတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ခဏခဏပဲ လူတွေပြောနေကြပါတယ်။ ပညာရေးနဲ့ ပတ်သက်လို့ရှိရင်ပေါ့နော် ကျွန်တော်တို့က အလွတ်ကျက်ပညာရေးကိုပဲ ဦးစားပေးတယ် ဆိုတဲ့ဟာပေါ့၊ စဉ်းစားတယ်၊ တွေးခေါ်တယ်။ သူ့မှာ creative လုပ်နိုင်တဲ့ အချိန်တွေကို ကျွန်တော်တို့ ဖဲ့ပေးနေရတယ်၊ ဒါမျိုးတွေ ပြောဆိုဝေဖန်တာတွေ ရှိပါတယ်။ ဒီအပေါ်မှာရော ဆရာဘာများ ဖြည့်ပြောလို့ရမလဲ။

ဖြေ။ ။ အဲ့ဒီလိုပဲလေ ဆရာတွေက မပြောင်းရင်၊ ဆရာတွေက သင်ကြားတဲ့အယူအဆ မပြောင်းရင်၊ သင်ကြားရေးအမြင်မပြောင်းရင်။ နောက်တစ်ခုကလည်း စာမေးပွဲကို ဦးတည်တဲ့ သင်နည်းပေါ့လေ  Exam centre the approach ပေါ့လေ၊   စာမေးပွဲဦးတည်သင်တာဖြစ်ရင် ဒီလို ဖြစ်မှာပဲလေ၊ အဲ့ဒီတော့ ဒါပေမယ့် အခုနည်းနည်း တိုးတက်လာတာရှိတာပေါ့၊ ဥပမာ စာမေးပွဲကို လျှော့တဲ့ဟာတော့ လုပ်လာတယ်။ အဲ့ဒါ အင်မတန် ဝမ်းသာစရာကောင်းတယ်။ အရင်တုန်းက ၄ တန်း ၈ တန်းပေါ့ဗျာ၊ ဟိုအစိုးရတုန်းကတော့ ၄ တန်း ၈ တန်း စစ်မယ်ဆိုတော့ လုပ်လိုက်ရော အစိုးရစစ် လုပ်တယ်။ အခုတော့ လျှော့ချတယ်။ အဲ့ဒါက ကလေးတွေကို ကျန်တဲ့ဟာတွေကို လိုက်စားဖို့ အလွတ်ကျက်စရာမလိုဘဲနဲ့ ကျန်တဲ့ဟာတွေကို သူတို့ရဲ့ အချိန်တွေမှာ ကျန်တဲ့စာတွေကို ဖတ်နိုင်အောင် ကျန်တဲ့ဟာတွေ သူတို့ဝါသနာပါတာတွေ လေ့လာနိုင်အောင် အခြေအနေရတဲ့သဘောပဲ။ စာမေးပွဲ စနစ်ကို လျှော့လိုက်တယ်။ ၁၀ တန်းတော့ ကျန်တာပေါ့ဗျာ အဲ့ဒါကလည်း တော်တော်လေး ကောင်းတဲ့ခြေလှမ်းပေါ့ဗျာ။ အခု ၁၀ တန်းကို ၁၀ တန်းစာမေးပွဲ အရေးကြီးတာကို လျှော့ဖို့ ကြိုးစားပေမယ့် အခုတော့ ကြိုးစားနေတယ်လို့ ကျွန်တော်တို့ သိပါတယ်။ ဥပမာဆိုပါစို့ ၁၀ တန်းစာမေးပွဲဆိုရင် အရင်တုန်းက အလွတ်ကျက်တာအစား အခုဆိုရင် စဉ်းစားတဲ့ဟာတွေ ထည့်မယ်ဆိုတာမျိုးပေါ့လေ။ ဒါပေမယ့် တစ်ခါတစ်လေတော့ နှေးနေသလိုပဲ၊ ကျွန်တော်တို့ စိတ်ထဲမှာက တွန့်ဆုတ် တွန့်ဆုတ်၊ ဒါမှမဟုတ် မဝံ့မရဲပေါ့လေ၊ မှားမှာကြောက်နေတာမျိုးပေါ့၊ အဲ့ဒီလိုလည်း မှားမှာလည်း ကြောက်တော့ ကြောက်သင့်ပါတယ်။ ဒါပေမယ့်လည်း အစောစီးကတည်းက ဒါကတော့ ကျွန်တော်တို့ ဒီလိုလုပ်မယ် ဟိုလိုုလုပ်မယ် ဘာညာ ကြေငြာပြီးတော့ အဲ့ဒါကို သေချာ အမြင်တွေကို ပြောင်းလဲအောင် လုပ်ဖို့ ပိုကောင်းတယ်ပေါ့လေ။

မေး။ ။   ဆရာကလည်း ပြောသွားပါတယ် ဒီဘတ်ဂျက် တိုးလာတဲ့အခါမှာ အဓိကက ကျွန်တော်တို့ မြင်ရတယ်ပေါ့နော်၊ မြင်ရတာကတော့ ကျောင်းတွေ၊ ကျောင်းဆောင်တွေ ပြန်ဆောက်ပေးတယ်၊ တိုးချဲ့တယ်ပေါ့နော် ဒါကိုတော့ ဆုပ်ဆုပ်ကိုင်ကိုင်မြင်ရတာပေါ့နော်။ နောက်ထပ် ဆရာထပ် ထုတ်ပြတာက သင်ကြားရေးဆရာတွေရဲ့ Capacity ပေါ့နော်၊ ထပ်ပြီးတော့မှ မြှင့်တင်ပေးဖို့ပေါ့နော်။ အဲ့ဒီတော့ ဒီဘတ်ဂျက်တိုးလာတာနဲ့ အမျှ နောက်ထပ်ရော ဘာများ ထပ်လုပ်ပြီးတော၊့ ခုနကပြောတဲ့ infrastructure တွေကို တကယ့်တကယ် ကောင်းကောင်းလုပ်ပေးရုံနဲ့ ကျွန်တော်တို့ ပညာရေးစနစ်ကြီးရဲ့ တကယ့်တကယ်ရော ကောင်းသွားမှာလား ဘယ်လိုသုံးသပ်လို့ရမလဲ။

ဖြေ။ ။ မဟုတ်ဘူး အဲ့ဒီဟာက လိုပေမယ့် တကယ်အရေးကြီးတာတော့ ဆရာတွေဗျ၊ ဆရာအရည်အသွေးပဲ နောက်တစ်ခုက စာမေးပွဲပေါ့လေ စာမေးပွဲဆိုတာ တစ်ခြားရှိသေးတယ်လေ Assessment လို့ခေါ်တာပေါ့ Formative Assessment လို့ခေါ်တယ်ဗျာ။ ဒါတွေက ဆရာတွေကို အဲ့ဒီကို ရောက်အောင် လုပ်ရမှာ။ အခုက စာမေးပွဲပဲ စစ်တယ်လို့ခေါ်တယ်။ Formative ကျတော့ ဟင်းမြည်းရင်း ထမင်းချက်တဲ့သဘော၊ ဟင်းမြည်းရင်း ဟင်းချက်တဲ့သဘောပေါ့လေ။ အဲ့ဒီ Formative Assessment တွေ ဘာတွေကို ဆရာတွေ တတ်အောင်လုပ်ဖို့လိုတယ်။ ဒါတွေမရောက်သေးဘူး အခုက၊ မရောက်သေးတဲ့အခါမှာ ကိုမျိုးသန့် ခုနကပြောတဲ့ အလွတ်ကျက်တဲ့ဟာ ထွက်စရာအကြောင်းမရှိဘူး။ အခုအဲဒါတွေ လုပ်နေတယ်။ နောက်တစ်ခုက ကျွန်တော်မြင်ကြည့်တာ သူတို့က curriculum တော့ ဂရုစိုက်တယ်ဗျာ curriculum တော့ ပြင်ဖို့တော့ လုပ်ပါတယ်။ လုပ်တော့ တစ်ချို့အတန်းတွေမှာ ပြင်တာတွေ ရှိပါတယ်။ အောက်တန်းတွေမှာ ပြင်တာပေါ့။ ဒါပေမယ့် အဲ့ဒါလည်းပဲ ကိုယ့်စိတ်ထဲက  လောနေလို့လားမသိဘူး၊ ကျွန်တော်ကလည်း ဖြစ်ချင်လို့လားမသိဘူးပေါ့လေ၊ ပြည်သူလူထုကတော့ ကျွန်တော်တို့က ဖြစ်ချင်တာပေါ့။ ဒါပေမယ့် နည်းနေတယ်။ တစ်နှစ်မှ နှစ်တန်းတို့ ဘာတို့ပေါ့လေ တစ်ချို့က တစ်တန်းပေါ့လေ၊ တစ်နှစ်မှ တစ်တန်း နှစ်တန်း curriculum မှ အဲ့ဒီလို ဖြစ်နေသေးတယ်၊ ဒီထက်နည်းနည်းများ များပေးပါပေါ့၊ ကျွန်တော်က တောင်းပန်ချင်တယ်။ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနတို့ ဘာတို့ ကျွန်တော်က မေတ္တာရပ်ခံချင်တယ်။ နည်းနည်းလေး ပိုပြီးတော့ လုပ်လို့မရဘူးလားပေါ့။ ဘာလို့ဆို ကျွန်တော်တို့ ထင်တာက ကျွန်တော်က မှားချင်လည်း မှားမှာပေါ့ဗျာ၊ ကျွန်တော်တို့ထင်တာ မှားတယ်ဆိုတာ ကျွန်တော်တို့က လောနေတာလည်း ဖြစ်ရင်ဖြစ်နိုင်တယ်ပေါ့။ ဘာလို့ဆို curriculum တို့ ဘာတို့ဆိုတာ school base curriculum ဆိုတာလည်း ရှိတာပဲဗျ၊ play base curriculum ဆိုတာလည်းရှိတာပဲဗျ၊ curriculum is on going process ဗျ။ အခုနည်းနည်းမှားနေလောက်လည်း ပြင်လို့ရတာပဲ၊ နည်းနည်းလိုနေရင် နောက်လုပ်လို့ရတာပဲ မြန်မြန်လုပ်လို့လည်း ရမယ့်ဟာမျိုးပေါ့လေ လို့ထင်တာပဲ။ နောက်တစ်ခုကလည်း သိပ္ပံတို့ သင်္ချာတို့ဟာတွေက ဒါက သူများနဲ့ ကိုယ်နဲ့ သိပ်ထူးခြားစရာအကြောင်းမှ မရှိတာ၊ သူများဆိုတာ အနောက်နိုင်ငံတို့ ဘာတို့ ပြောတာမဟုတ်ပါဘူး၊ အိမ်နီးနားချင်းတချို့ဟာ လုပ်လို့ရတယ်။ အဲ့ဒီတော့ အဲ့ဒါကို curriculum မှာ ကျွန်တော်တို့ လုပ်ရမှာက မြန်မာစာတို့ ပထဝီ၊ သမိုင်းတို့ ဒီလောက်ပဲရှိတာပါ။ သင်ရိုးပြောင်းလိုက်ရင် ဆရာတွေက တော်လာရင် ဆရာတွေလည်း သူ့ဟာသူယုံလာလို့ရှိရင်လည်း ရတယ်ဗျ။ ပိုက်ဆံပေးမှ ဆရာတွေအတွက် material incentive ပေးမှ အဲ့ဒီလိုတွေးနေလို့လည်း မဟုတ်ဘူးဗျ၊ လူမှာက material လည်းရှိတယ်။ သိရင်   လုပ်မှာဗျ။ အဲ့ဒါလေးကို နည်းနည်းလေး သိအောင်လုပ်ပေးဖို့။ အခုကတော့ ဆရာတွေကို မလေ့ကျင့်ဘူးတော့ မဟုတ်ဘူး၊ ဒါပေမယ့် တစ်ပတ် နှစ်ပတ်တို့ နည်းနည်း၊ ဆရာတွေကိ်ု အများကြီးနဲ့ ဒါမျိုးထက် ပိုတဲ့ဟာမျိုးပေါ့လေ။ ဥပမာဗျာ ဆရာတွေ အခုသွားရသေးလားတော့ ကျွန်တော်မသိပါဘူး၊ အရင်တုန်းကတော့ ဆရာတွေလည်း သွားရတယ်လေ၊ ဖောင်ကြီးတို့ ဘာတို့တက်ရင် အဲ့ဒီမှာ သုံးလလောက်ဆိုတာ မနည်းဘူးဗျ။ သူ့ရဲ့ အတွေးအခေါ်တို့လေ အနည်းဆုံး အဲ့ဒါမျိုးတွေမှာလည်း ဆရာတွေရဲ့ အမြင်ပေါ့ဗျာ၊ အဲ့ဒါတွေကို ပြောင်းလဲလို့ရတယ်၊ အသုံးချရင် ရမယ်လို့ ထင်တာပေါ့ ။

မေး။ ။   ဆရာပြောတဲ့အထဲမှာ curriculum နဲ့ ပတ်သက်ပြီးတော့ပေါ့နော်၊ တစ်ကျောင်းချင်းပေါ်မှာလည်း curriculum က လုပ်တယ် ဆိုတော့ လုမ္ဗနီ မှာရော ဘယ်လိုမျိုး ဆရာ့ကျောင်းမှာ သွားနေလဲဆရာ။ ဒီ curriculum နဲ့ ပတ်သက်ပြီးတော့ပေါ့လေ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ အခုက အစိုးရအသိအမှတ်ပြုတဲ့ ပုဂ္ဂလိကကျောင်းပေါ့ ဆိုတော့ အစိုးရရဲ့ စနစ်အောက်မှာ ဝင်လိုက်ရတယ်။ ဝင်လိုက်ရတဲ့အခါကျတော့ အစိုးရက သူတို့ curriculum ပဲ လုပ်ရမယ် ဆိုပြီးတော့ ကျွန်တော်တို့ လုပ်ထားတယ်။ ဒါပေမယ့် သူတို့ အစိုးရ curriculum အပြင်မှာ လုပ်လို့ရသေးတာတော့ ရှိတယ်။ ဒါပေမယ့်ဗျာ အဓိကကတော့ သူတို့ဟာပဲ လုပ်ဆိုပြီးတော့ ကျွန်တော်တို့ လိုက်လုပ်ရတယ်။   ။

( ဆက်ရန်)

 
   အနာဂတ် မြန်မာ့ပညာရေး ဘယ်လိုဖြစ်သင့်သလဲအပိုင်း (၂) ကိုပြန်လည်ကြည့်ရှုရန် http://www.mizzimaburmese.com/article/56572 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly