တရားရေးမဏ္ဍိုင် ယိမ်းယိုင်နေဟုဆိုကာ မြိတ်မြို့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

တရားရေးမဏ္ဍိုင် ယိမ်းယိုင်နေဟုဆိုကာ မြိတ်မြို့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်
  ဓာတ်ပုံ -  ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဧပြီ (၂၅) ။    ။ မြိတ်မြို့တွင် ခရိုင်နှင့် မြို့နယ်တရားရုံးတို့တွင် အမှုသည်များထံမှ အဂတိ လိုက်စားမှုများ၊ စာရွက်စာတမ်းများ ပြုလုပ်ရန် ငွေကြေး အဆမတန် တောင်းယူခံခြင်းနှင့် အခြားသော ငွေကြေးများ မတရား ကောက်ခံနေမှုများ ရှိနေဟု ဆိုကာ ဧပြီလ ၂၅ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခြင်းကို ပြုလုပ်ခဲ့သည်။

အဆိုပါ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခြင်းကို မြိတ်ခရိုင် တရားရုံးနှင့် မြို့နယ် တရားရုံး အရှေ့ အနီးတွင် ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ရုံးမှလည်း တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ််ကြောင်း ၄င်းထံမှ သိရ သည်။

 “ခရိုင်နှင့် မြို့နယ် တရားရုံးတွေက တရားရေး မဏ္ဍိုင်က ယိမ်းယိုင်နေတဲ့ အပေါ် မှန်ကန်တဲ့ လမ်းကြောင်းနဲ့ လုပ်ဆောင်ပေးဖို့ ကျွန်တော် လိုလာတာ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ တို့က လည်း ဒီကိစ္စကို စစ်ဆေး အရေးယူပေးဖို့ လိုနေပြီး ဖြစ်တယ်”ဟု တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ဦးသန်းလွင်က ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းနဲ့ ပတ်သက်၍ မြိတ်ခရိုင် တရားရုံးသို့ သွားရောက် မေးမြန်ရာ ခရိုင်တရားသူကြီးရုံးမှ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ၏ ပြောဆိုခြင်းသာ ဖြစ်ပြီး၊ တရားရုံး အနေဖြင့် ဘာမှ မပြောကြားလိုကြောင်း ခရိုင်တရားသူကြီး ဒေါ်ဥမ္မာညွန့်က ပြောကြားလိုက်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly