တောဆင်ရိုင်းအုပ်ကို ရှောင်တိမ်းရာမှ ယာဉ်တစ်စီး ချောင်းထဲသို့ ထိုးကျ

တောဆင်ရိုင်းအုပ်ကို ရှောင်တိမ်းရာမှ ယာဉ်တစ်စီး ချောင်းထဲသို့ ထိုးကျ

ဘုတ်ပြင်း၊ ဧပြီလ (၂၄) ။             ။ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ကမာချောင်းကျေးရွာ အနီး မြိတ်- ဘုတ်ပြင်း လမ်းပေါ်တွင် ဖြတ်လျှောက် လာသည့် တောဆင်ရိုင်းအုပ်ကို ရှောင်တိမ်းရာမှ မော်တော်ယာဉ်တစ်စီး ချောင်းထဲသို့ ထိုးကျခဲ့ကြောင်း  ဘုတ်ပြင်း မြို့ရဲစခန်းမှ သိရသည်။

ယာဉ်မောင်းသူ အောင်ဇော်ဦး မောင်းနှင်ပြီး ယာဉ်နောက်လိုက် မောင်အဒက် အသက် (၂၂) နှစ် လိုက်ပါ လာသော  CANTER အဖြူရောင် အမျိုးအစား (၆) ဘီးတပ် ယာဉ်သည် ဧပြီလ ၂၃ ရက်နေ့က မြိတ်- ဘုတ်ပြင်း ကားလမ်း မိုင်တိုင် အမှတ် (၁၃၂/၃ နှင့် ၁၃၂/၄) အကြား ဘိုဒါးကျေးရွာ တံတား အလွန် ကုန်းတက် အရောက် တွင် တောဆင်ရိုင်းအုပ်အား မျက်နှာချင်းဆိုင် တွေ့ရှိသဖြင့် ယာဉ်အား ရုတ်တရက် ဘရိတ်အုပ်လိုက်ရာမှ ယာဉ်မှာ နောက်သို့ ပြန်လည်လျော့ကျပြီး လမ်းယာဘက်ခြမ်းရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်ဟု ဘုတ်ပြင်းမြို့ရဲစခန်း၏ မှုခင်းမှတ်တမ်းများ အရ သိရသည်။

အဆိုပါဖြစ်စဉ်အတွက် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အောင်ဇော်ဦးအား ဘုတ်ပြင်းမြို့မ ရဲစခန်းမှ ယာဉ် (ပ)၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly