တောင်အာဖရိက ရေကြီးမှု လူ ၅၀ ကျော် သေ

တောင်အာဖရိက ရေကြီးမှု လူ ၅၀ ကျော် သေ

ဧပြီ ၂၄ ။          ။ တောင်အာဖရိကနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေ၊ မြေပြိုမှုတွေဖြစ်လို့ လူပေါင်း ၅၁ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၄ မှာ ပြောပါတယ်။

ရေလွှမ်းမိုးမှု အကြီးအကျယ် ကြုံတွေ့ခဲ့တဲ့ နိုင်ငံအရှေ့ပိုင်းဒေသကို သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာ သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ဆိုးဆိုးရွားရွား ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ရေကြီးမှုကြောင့် နေအိမ်တွေ ပြိုကျတာ၊ လမ်းတွေ ရေဖုံးလွှမ်းသွားတာ၊ မိလ္လာပိုက်လိုင်းတွေ ပိတ်ဆို့ကုန်တာ၊ လျှပ်စစ်ဓာတ်တိုင်တွေ လဲကျတာ စတဲ့အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ သဘာဝဘေး ကြုံတွွေ့ချိန် ကယ်ဆယ်ကူညီရွှေ့ပြောင်းမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ စစ်တပ်ကိုပါ တာဝန်ပေး ဖြန့်ကျက်ထားတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly