မကွေးမြို့ သီတဂူ မြင့်မိုရ်စံမျက်စိဆေးရုံကြီးတွင် မျက်စိရောဂါ ဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသပေးနေ

မကွေးမြို့ သီတဂူ မြင့်မိုရ်စံမျက်စိဆေးရုံကြီးတွင် မျက်စိရောဂါ ဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသပေးနေ

မကွေး၊ ဧပြီ ၂၄ ။          ။ မကွေးမြို့ မဟာဝိသုတာရာမစာသင်တိုက်အနီးရှိ သီတဂူ မြင့်မိုရ်စံမျက်စိဆေးရုံကြီးတွင် မျက်စိရောဂါ ဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသပေးနေကြောင်း သိရသည်။

ဧပြီလ (၂၃ ) ရက် နေ့မှစတင်၍ ဧပြီလ (၂၆ )ရက်နေ့အထိ သီတဂူသာသနာပြုဥက္ကဋ္ဌ အထူးကုဆရာဝန်ကြီး ( အငြိမ်းစား ပါမော က္ခ ) ဒေါက်တာမြအောင် ဦးဆောင်၍ မကွေးတိုင်းဒေသကြီးအတွင်းမှ မျက်စိအထူးကုဆရာ ဝန်ကြီး (၁၀) ဦးခန့်ပါဝင်သောအဖွဲ့မှ မျက်စိဝေဒနာရှင်(၂၀၀၀) ကျော်အားကြည့်ရှုစမ်းသပ်စစ်ဆေးပြီး လိုအပ် သော မျက်စိရောဂါ ဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးနေခြင်း ဖြစ်သည်။

“မကွေးမြို့ သီတဂူမြင့်မိုရ်စံ မျက်စိဆေးရုံကြီးမှာ ဧပြီလ (၂၃) ရက်နေ့ကစပြီး ဧပြီလ (၂၆) ရက်နေ့အထိ အနယ်နယ်အရပ်ရပ်က လာရောက်ကုသကြမယ့် မျက်စိရောဂါဝေဒနာရှင်တွေကို အခမဲ့စမ်းသပ် စစ်ဆေးမှု တွေပြုလုပ်ပေးပြီး လိုအပ်တဲ့ ခွဲစိတ်ကုသမှုတွေကိုလည်း အခမဲ့ဆောင်ရွက်ပေးသွားမှာပါ။ မျက်စိရောဂါ ဝေဒနာရှင်တွေရဲ့ နေထိုင်စားသောက်စရိတ်ကုန်ကျငွေကိုလည်း စေတနာရှင်အလှူ ရှင်များ ထည့်ဝင်ကူညီလှူ ဒါန်းငွေနဲ့ ဧည့်ခံကျွေးမွေးသွားမှာပါ” ဟု မကွေးပရဟိတအသင်း ဦးဆောင်သူ ကိုမိုး ကပြောသည်။

မကွေးမြို့ သီတဂူမြင့်မိုရ်စံ စက္ခုဒါနမျက်စိဆေးရုံကြီးသို့ မကွေးတိုင်းအတွင်းရှိ အနယ်နယ်အရပ်ရပ်မှ မျက်စိနှင့် ပတ်သက်သည့် ရောဂါဝေဒနာရှင်များကို အခမဲ့စမ်းသပ်စစ်ဆေးခွဲစိတ်ကုသမှုများကို ပြုလုပ်ပေးခဲ့ရာ ယခု အကြိမ်သည် တတိယအကြိမ်ဖြစ်ကြောင်း သီတဂူဆရာတော်ကြီး၏ ဆုံးမလမ်းညွှန်မှုကိုခံယူ၍ လိုအပ်ပါက စတုတ္ထအကြိမ် မျက်စိစမ်းသပ်စစ်ဆေးမှုများအား လာမည့် သီတင်းကျွတ်ကာလတွင် ထပ်မံပြု လုပ်ပေးသွား နိင်ရန်အတွက် သီတဂူဆရာတော်ကြီးအား ထပ်မံလျှောက်ထားပေးမည် ဖြစ်ကြောင်း ကိုမ်ိုးက ဆက်ပြောသည်။

သီတဂူမြင့်မိုရ်စံ မျက်စိဆေးရုံကြီးတွင် ဧပြီလ (၂၃) ရက်၊ ပထမ နေ့တွင် အနယ်နယ်အရပ်ရပ်မှ မျက်စိနှင့် ပတ်သက်သည့် ဝေဒနာရှင် လူနာပေါင်း( ၄၃၄) ဦးကို စမ်းသပ်စစ်ဆေး ကြည့်ရှု ကုသပေးနိင်ခဲ့ပြီး ခွဲစိတ် ကုသမှုပြုလုပ်ရမည့် လူ နာပေါင်း (၁၀၉) ဦးအနက် အမျိုးသား( ၁၀) ဦးနှင့် အမျိုးသမီး (၁၅) ဦး စုစုပေါင်း မျက်စိဝေဒနာရှင်လူနာ (၂၅)ဦးကို အောင်မြင်စွာခွဲစိတ်ကုသမှုပေးနိင်ခဲ့ကြောင်း သိရသည်။

ထိုသို့ မျက်စိအခမဲ့ စမ်းသပ်စစ်ဆေးခွဲစိတ်ကုသမှုများ ဆောင်ရွက်ရာတွင် မကွေးမြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ စည်းကမ်းထိန်းဌာနစိတ်၊ သန့်ရှင်းရေးဌာနစိတ်၊ အခွန်ဌာနစိတ်တို့မှ ပလပ်စတစ်ထိုင်ခုံအလုံး (၅၀၀) အမှိုက်ပုံး (၅၀)၊ Ooredooကုမ္မဏီမှ ထီး အလက် (၂၀) တို့ကို ပံ့ပိုးကူညီပေးခဲ့ပြီး၊ မကွေးမြို့ပေါ်ရှိ အရပ်ဘက် ပရဟိတလူမှုရေးအသင်းအဖွဲ့ပေါင်း( ၁၀) ဖွဲ့ကျော်မှ လုပ်အားဒါနပြုသူ အင်အား(၄၀၀) နီးပါးရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly