ကမ္ဘာ့ပထမဆုံး ငှက်ဖျား ကာကွယ်ဆေး မာလာဝီမှာ စမ်းသပ်

ကမ္ဘာ့ပထမဆုံး ငှက်ဖျား ကာကွယ်ဆေး မာလာဝီမှာ စမ်းသပ်

ဧပြီ ၂၄ ။                   ။ ကမ္ဘာ့ ပထမဆုံး ငှက်ဖျားကာကွယ်ဆေး စမ်းသပ်မှုကို အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မာလာဝီမှာ ဧပြီ ၂၃ ရက်မှာ စတင် စမ်းသပ်ထိုးနှံခဲ့ကြောင်း သိရပါတယ်။

ယင်းကတော့ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းမှာ ကလေးငယ်အများစုအပါအဝင် လူထောင်သောင်းချီကို သေဆုံးစေလျက်ရှိတဲ့ ငှက်ဖျားရောဂါကို ကာကွယ်နိုင်ဖို့ ရည်ရွယ်တဲ့ အထင်ကရ ပရိုဂရမ်တစ်ခုလည်း ဖြစ်ပါတယ်။

 ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁ ဘီလီယံနီးပါး အသုံးပြုပြီး ဆယ်စုနှစ် သုံးစုကျော်ကြာ အချိန်ယူ ဖော်စပ်ထုတ်လုပ်ထားခဲ့တဲ့ အဆင့်အမြင့်ဆုံးသော ငှက်ဖျားကာကွယ်ဆေးကိုတော့ ယခုအခါ မာလာဝီ နိုင်ငံ မြို့တော် လီလောင်ဝေမှာ စတင် စမ်းသပ် ထိုးနှံခဲ့တာဖြစ်ပါတယ်။

ယင်းနောက် လာမယ့် သီတင်းပတ်တွေမှာ ကင်ညာနဲ့ ဂါနာ နိုင်ငံတွေမှာ ထပ်မံ ချဲ့ထွင်စမ်းသပ်မယ်လို့ သိရပါတယ်။

ယခု ပရိုဂရမ်အရ အထက်ပါ နိုင်ငံသုံးနိုင်ငံမှာ အသက် ၂ နှစ်နဲ့ အောက် ကလေးငယ်ပေါင်း ၃၆၀,၀၀၀ လောက်ကို အဆိုပါ ငှက်ဖျားကာကွယ်ဆေး ထိုးနှံပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

ယင်းကနေတဆင့် ယခု ကာကွယ်ဆေး စမ်းသပ်မှုရဲ့ ထိရောက်မှု အခြေအနေကို လေ့လာအကဲဖြတ်သွားမှာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly