အီရန်ရေနံအပေါ် အမေရိကန်၏ ဆန်ရှင်ချမှတ်မှုကို တူရကီ ရှုတ်ချ

အီရန်ရေနံအပေါ် အမေရိကန်၏ ဆန်ရှင်ချမှတ်မှုကို တူရကီ ရှုတ်ချ

အစ္စတန်ဘူလ်၊ ဧပြီ ၂၄ ။            ။ အမေရိကန်နိုင်ငံဟာ အီရန်ရေနံတင်ပို့မှုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားရာမှာ နိုင်ငံရှစ်နိုင်ငံကို ခြောက်လတာ ကင်းလွတ်ခွင့် ပေးထားပေမယ့် မေ ၂ ရက်မှာ သက်တမ်းကုန်တော့မယ့် အဲဒီ ကင်းလွတ်ခွင့်ကို ထပ်မံသက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး တူရကီနိုင်ငံက ဝေဖန်ရှုတ်ချပါတယ်။

ပြီးခဲ့နှစ်မှာ အမေရိကန်ဟာ အီရန်ရဲ့ ရေနံတင်ပို့မှုကို ဆန်ရှင်ချမှတ်ခဲ့တာဖြစ််ပေမယ့် တရုတ်၊ အိန္ဒိယ၊ တူရကီ၊ ဂရိ၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ကို ကင်းလွတ်ခွင့် ပြုထားတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဘယ်လို ဆန်ရှင်မျိုးကိုမဆို တူရကီနိုင်ငံအနေနဲ့ ဆန့်ကျင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ကာဗူဆော့လုက ပြောပါတယ်။ ဒီလို အမေရိကန်ဟာ အီရန်ရေနံ တင်ပို့မှုကို သုညမှတ်အထိ ဖြတ်တောက်ဖို့ ရည််ရွယ်လုပ်ဆောင်တာဟာ ကမ္ဘာ့ရေနံစျေး ထိုးတက်သွားလိမ့်မှာဖြစ်တယ်လို့လည်း တူရကီနိုင်ငံက ဆန့်ကျင်ပြောဆိုပါတယ်။

ဒါပေမယ့် အမေရိကန််သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဖြတ်တောက်ခံရတဲ့ အီရန်ရေနံအစား ၎င်းရဲ့ ရင်းနှီးတဲ့ မိတ်ဖက်ဖြစ်တဲ့ ဆော်ဒီအာရေဗျက ပိုမိုထုတ်လုပ်သွားလိမ့်မှာဖြစ်တယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်ဟာ အီရန်နဲ့ အင်အားကြီး ခြောက်နိုင်ငံတို့ကြား ချုပ်ဆိုတဲ့ သမိုင်းဝင် နျူကလီးယားသဘောတူညီချက်ကနေ နုတ််ထွက်သွားပြီး နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ဆိုးဝါးလာခဲ့တာ ဖြစ်ပါတယ်။

အီရန်နျူကလီးယား သဘောတူညီမှုအရ အီရန်ဟာ နျူကလီးယားလုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပြီး နိုင်ငံတကာစစ်ဆေးမှုကို ခွင့််ပြုရမှာဖြစ်ကာ အပြန်အလှန်အနေနဲ့ အီရန်အပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေကို ရုတ်သိမ်းပေးရတာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly