သီရိလင်္ကာ အသေခံဗုံးခွဲမှုတွေက ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်ကြေညာ

သီရိလင်္ကာ အသေခံဗုံးခွဲမှုတွေက ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်ကြေညာ

ကိုလံဘို၊ ဧပြီ ၂၄ ။     ။ သီရိလင်္ကာနိုင်ငံမှာ လူပေါင်း ၃၂၀ ကျော် သေဆုံးတဲ့ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို အသေခံဗုံးခွဲမှုတွေလုပ်ဆောင်ခဲ့တာဟာ ၎င်းတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်အဖွဲ့က ဧပြီ ၂၃
ရက်မှာ ပြောပါတယ်။

နိုင်ငံခြားသားဧည့်သည်တွေ တည်းခိုရာ အဆင့်မြင့်ဟိုတယ်ကြီး သုံးခုနဲ့အီစတာပွဲတော် ကျင်းပနေရာ ဘုရားရှိခိုးကျောင်းသုံးကျောင်းကိုတစ်ပြိုင်တည်း ဗုံးဖောက်ခွဲမှုတွေ ဖြစ်ခဲ့ပြီးနောက်မှာ အိုင်အက်စ်အဖွဲ့က
ဓာတ်ပုံနဲ့ ဗီဒီယိုတွေနဲ့အတူ ကြေညာလာခဲ့တာပါ။

ဒီတိုက်ခိုက််မှုဟာ နယူးဇီလန်မှာ ပြီးခဲ့တဲ့လက ဖြစ််ပွားတဲ့ လူ ၅ဝသေဆုံးခဲ့တဲ့ ဗလီနှစ်ခု တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန််တာဖြစ်ကြောင်း
ကနဦးစုံစမ်းစစ်ဆေးမှုအရ တွေ့ရှိတယ်လို့ သီရိနလင်္ကာအစိုးရက ပြောပါတယ်။

ဒါအပြင် လူသိနည်းသေးတဲ့ ဒေသတွင်း National Thowheeth Jamaath NTJအစ္စလာမ္မစ််အစွန်းရောက်အုပ်စုက ဒီ တိုက်ခိုက််မှုတွေကိုကျူးလွန်တာဖြစ်တယ်လို့ ကိုလံဘိုက အာဏာပိုင်တွေက ပြောပြီး အဲဒီအဖွဲ့ကိုပြည်ပက ထောက်ပံ့ကူညီတဲ့ အဖွဲ့ ရှိမရှိ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

“အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဝင်တွေနဲ့ ခရစ်ယာန်တွေကိုပစ်မှတ်ပြီး ဒီ တိုက်ခိုက်မှုတွေကို အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေလုပ်ဆောင်ခဲ့တယ်။”လို့
အိုင်အက်စ်ရဲ့ ၀ါဒဖြန့်သတင်းဌာန Amaq ကထုတ်ပြန်ခဲ့တာပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly