အလုပ်ခွင်မှာ စွမ်းဆောင်ရည်မြင့်တက်စေဖို့ မွေးမြူသင့်တဲ့အလေ့အထအချို့

အလုပ်ခွင်မှာ စွမ်းဆောင်ရည်မြင့်တက်စေဖို့ မွေးမြူသင့်တဲ့အလေ့အထအချို့

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 တာဝန်တွေကို အကောင်းဆုံးလုပ်ဆောင်လို့ လုပ်ငန်းခွင်မှာစွမ်းဆောင်ရည်မြင့်မားသူတစ်ယောက်ဖြစ်ချင်လား။ ဒါဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လိုက်လုပ်ကြည့်လိုက်ပါနော်။ ဒါတွေက သင့်ကို လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်အကောင်းဆုံးသူဖြစ်စေမှာပါ အသေအချာပါပဲ။
အလုပ်ခွင်မှာ စွမ်းဆောင်ရည်မြင့်မားသူတစ်ယောက်ဖြစ်စေဖို့

ဒီအလေ့အကျင့်လေးတွေကို ကိုယ်ရဲ့ နေ့စဉ်လုပ်နေကျ အလေ့အထလေးတွေဖြစ်သွားအောင် မွေးမြူပေးလိုက်ပါ။ ဒါဆိုရင်တော့ အရာရာကို အကောင်းဆုံး စွမ်းဆောင်နိုင်သူတစ်ယောက်ဖြစ်လာဖို့အတွက်ပါ အဆင်သင့်ဖြစ်နေမှာပါနော်။

ရုံးကိုစောစောသွားပါ

ရုံးကို တတ်နိုင်သမျှစောစောလေးသွားပါ။ ဒါမှကားကျပ်တဲ့ပြဿနာကင်းဝေးမှာဖြစ်သလို ရုံးမှာ ကြိုတင်ပြင်ဆင်စရာရှိတာတွေကိုလည်း ပြင်ဆင်နိုင်မှာပါ။ မပြီးပြတ်သေးတာတွေ၊ မပြည့်စုံသေးတာတွေကို ပြီးပြည့်စုံအောင်လုပ်ဖို့လည်း အချိန်ရရှိစေမှာပါ။ ရုံးချိန်ထက် အနည်းဆုံး ၁၅ မိနစ်လောက် စောရောက်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။

ကြိုတင်ပြင်ဆင်ပါ

နောက်တစ်နေ့လုပ်စရာကိစ္စတွေကို ညဘက်အိပ်ရာမဝင်ခင်ကတည်းက ပြင်ဆင်စဉ်းစားထားပါ။ ဒါမှ နောက်တစ်နေ့မှာ အဆင်သင့်ဖြစ်လို့ စိတ်လက်ချမ်းသာနဲ့ အလုပ်တွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

နေ့လယ်စာကို အပြင်ထွက်စားပါ

နေ့လယ်စာစားတဲ့အခါ အပြင်ထွက်စားတာက စိတ်ဖိစီးမှုပြေလျော့စေပြီး အလုပ်တွေကို ပိုပြီး ကောင်းကောင်းလုပ်စေနိုင်ပါတယ်။ ဖန်တီးနိုင်စွမ်းနဲ့ အာရုံစူးစိုက်မငကို ပိုကောင်းစေနိုင်ပါတယ်နော်။

မလိုအပ်တာတွေကိုမေ့လိုက်ပါ

တစ်ခါတလေမှာ လူအများစုက အရေးလည်းမကြီး မဖြစ်မနေလုပ်ဖို့လည်း မလိုတဲ့ အရာတွေအပေါ်မှာ အာရုံစိုက်လွန်းတတ်ကြပါတယ်။ ဒီအလေ့အကျင့်ကပဲ ပိုပင်ပန်းစေပြီး အလုပ်လုပ်ဆောင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေတာပါ။ ဒါကြောင့် အရေးမကြီးဘူး၊ လုပ်လို့လည်းဘာမှ အကျိုးထူးမသွားလောက်တဲ့ ကိစ္စတွေအတွက် အချိန်ကုန်မခံပါနဲ့။

တစ်နေ့တာ ပန်းတိုင်ချမှတ်ပါ

တစ်နေပတာမှာ ဘယ်လောက်အထိ အလုပ်တွေပြီးစီးရမယ်။ စာအုပ်ကိုဘယ်လောက်ထိပြီးအောင်ဖတ်ရမယ်။ လေ့လာစရာတွေကို ဘယ်လောက်အတိုင်းအတာထိပြီးရမယ်ဆိုတဲ့ တစ်ကိုယ်တော် တစ်နေ့တာ ပန်းတိုင်တွေချမှတ်လို့ ပြည့်မီအောင်လုပ်ပါ။ ဒီလိုလုပ်ဆောင်ပေးခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေမှာဖြစ်သလို လုပ်ငန်းခွင်မှာလည်း စွမ်းဆောင်ရည်ကောင်းသူတစ်ယောက်ဖြစ်လာအောင် အားဖြည့်ပေးနိုင်မှာပါ။

Deadline သတ်မှတ်ပါ

အလုပ်တာဝန်တစ်ခုစီတိုင်းအတွက် deadline တေါကိုသေချာလေးသတ်မှတ်ပါ။ တကယ်လည်း ပြီးစီးအောင်လုပ်ပါ။ ဒီလိုလုပ်ခြင်းက ကိုယ့်ကိုလုပ်ဖော်ကိုင်ဖက်တွေက လေးစားစေသလို ကိုယ်တိုင်မှာလည်း ယုံကြည်ချက်တွေတိုးစေနိုင်ပါတယ်နော်။

ဦးနှောက်ကို အကောင်းဆုံးလုပ်ဆောင်တတ်အောင်လေ့ကျင့်ယူပါ

ဦးနှောက်က ဓားတစ်ချောင်းနဲ့တူပါတယ်။ သွေးလေထက်လေပါ။ ဒါကြောင့် ဦးနှောက်ကို နေ့တိုင်း လုပ်ငန်းဆောင်တာတွေကို ကောင်းသထက်ကောင်းလာအောင် လုပ်ဆောင်နိုင်စေဖို့ လေ့ကျင့်ပေးပါ။ နေ့ရက်တိုင်းမှာ လုပ်နိုင်စွမ်းကို နည်းနည်းချင်းမြှင့်သွားပါ။ ဒါမှ လုပ်ဆာင်နိုင်မှုစွမ်းရည် ပြဿနာဖြေရှင်းနိုင်စွမ်းတွေ တိုးလာမှာပါ။

ဖုန်းကို ခပ်ဝေးဝေးထားပါ

ဖုန်းက အနားမှာရှိနေရင် အလုပ်ကို အာရုံမရောက်ဘဲ ဖုန်းဆီအာရုံရောက်နေမယ်။ ဖေ့ဘုတ်ခ်သုံးမယ်၊ ဆိုရင် အကောင်းဖြစ်ဖို့ထက် အဆိုးဖြစ်ဖို့ကများသွားပါပြီ။ ဒီတော့ အလုပ်လုပ်နေချိန်မှာတော့ ဖုန်းကို ခဏလောက်ခပ်ဝေးဝေးထားပေးပါ။

အနားပေးပါ

အလုပ်ခွင်မှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ချင်ဇောနဲ့ တစ်ချိန်လုံး အလုပ်တွေပဲ ဖိလုပ်မနေပါနဲ့။ မိနစ် ၉၀ (တစ်နာရီခွဲ) ကြာတိုင်း ၁၅ မိနစ်လောက် နားပေးပါ။ အဝေးကိုကြည့်တာမျိုးဖြစ်ဖြစ်၊ ကော်ဖီထဖျော်တာမျိုးဖြစ်ဖြစ်၊ လမ်းလျှောက်တာမျိုးဖြစ်ဖြစ်၊ ရေထသောက်တာမျိုးဖြစ်ဖြစ်ပေါ့။

လေ့ကျင့်ခန်းလုပ်ပါ

စိတ်ဝင်စားတဲ့လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ Gym ဆော့တာမျိုးဖြစ်ဖြစ်၊ ယောဂကစားတာမျိုး၊ Zumba ကတာမျိုးဖြစ်ဖြစ်ပေါ့။ ဒီလိုလုပ်တာက စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်ပြီး အလုပ်ခွင်ထဲမှာလည်း အကောင်းဆုံးလုပ်ဆောင်နိုင်စေမှာပါ။

နေ့ရက်တိုင်း အလုပ်ခွင်ထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ကြွလန်းဆန်းနေသူတစ်ယောကဖြစ်ဖို့ အခုပဲ ဒီအလေ့အကျင့်လေးတွေကို ပျိုးထောင်မွေးမြူလိုက်ရအောင်လား

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly