ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများအတွက် ဧရာဝတီဘက်စုံ ဖွံဖြိုးရေးဖောင်ဒေးရှင်းကို လက်ရှိ တိုင်းဒေသကြီးအစိုးရက တရားစွဲမည်

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများအတွက် ဧရာဝတီဘက်စုံ ဖွံဖြိုးရေးဖောင်ဒေးရှင်းကို လက်ရှိ တိုင်းဒေသကြီးအစိုးရက တရားစွဲမည်

ပုသိမ်၊ ဧပြီ ၂၃ ။           ။ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများအတွက် ဧရာဝတီဘက်စုံဖွံဖြိုးရေးဖောင်ဒေးရှင်းကို လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရက တရားစွဲမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက ပြောသည်။

“ဖွံဖြိုးရေးလုပ်ငန်းတွေက စိစစ်ပြီးလက်ခံတာ ၅၃သန်းရှိပြီ။ လုပ်ငန်းရှင်ချေးထားတဲ့ ကျပ်သန်း ၄၀၀ မပေးသေး ဘူး။ အားလုံးဆို ၃.၄ဘီလီယံဘဲရသေးတယ်။ ကျန်တာတွေ သတ်မှတ်ရက်ပြည့်သွားလို ့ကျွန်တော်တို့က ဥပ ဒေနဲ ့အညီဆောင်ရွက်ဖို ့စတင်နေပါပြီ” ဟု ဧရာဝတီိတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်း က ပြောသည်။

ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီးအစိုးရ ဖွဲ ့စည်းထူထောင်ထားသည့် ဧရာဝတီဘက်စုံဖွံဖြိုးရေး ဖောင်ဒေး ရှင်းမှ ဧရာဝတီပညာကျန်းမာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းသို ့ အလှူငွေ ၅.၂ ဘီလီယံအား ၂၀၁၆ ခုနှစ်တွင် ပေးအပ်လှူဒါန်းလိုက်ခြင်းကို လက်ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရက ပြန်လည်တောင်းခံနေခြင်း ဖြစ်သည်။

ပေးသွင်းရန်ရှိသည့် ရန်ပုံငွေများမှ ဘဏ်တွင်အပ်ထားသည့်ငွေများအား ချက်ခြင်းပေးသွင်းရန်၊ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ထားသည့် ချေးငွေများအား ရက်ပေါင်း ၃၀ အတွင်း အပြီးသွင်းရန်နှင့် ဒေသ ဖွံ့ဖြိုး ရေးလုပ်ငန်းများအတွက် ထုတ်ချေးထားသည့်ငွေများအား ရက်ပေါင်း ၆၀ အတွင်း အပြီးသွင်းရန် တိုင်းအစိုးရ မှ အဆိုပါဖောင်ဒေးရှင်းကို ၂၀၁၈ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် အသိပေးထားခဲ့သည်။

“သက်ဆိုင်ရာ ဖောင်ဒေးရှင်က ချေးတဲ့အတွက် ကျွန်တော်တို့က ဖောင်ဒေးရှင်ကိုဘဲတရားစွဲဆိုမှာပါ”ဟု ဦးဌေးဝင်းက တရားစွဲရန်လုပ်ဆောင်မှုအား ပြန်လည်ဖြေကြားခဲ့သည်။

ဧရာဝတီတိုင်းအစိုးရမှ တရားစွဲမှုအား ဧရာဝတီပညာကျန်းမာဖောင်ဒေးရှင်ကိုသာ တရားစွဲသွားမည်ဖြစ်ကြောင်း နှင့် ငွေများပြန်ပေးသွင်းရန် ဖောင်ဒေးရှင်နှင့် ၄ကြိမ် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ခဲ့သေးကြောင်း စီမံဘဏ္ဍာ ဝန်ကြီး ကဆိုသည်။

“ကျန်တာ ဒေသဖွံဖြိုးရေးလုပ်ငန်း၂၈ခု၊ပြောရရင် အရင်အစိုးရအနေနဲ့ ဒေသဖွံဖြိုးရေးလုပ်တဲ့အခါမှာ အစိုးရ တစ်ဝက် ပြည်သူတစ်ဝက်ဆို လုပ်တဲ့လုပ်ငန်းတွေရှိတယ်။ ဒီလုပ်ငန်းတွေမှာ အစိုးရစိုက်ရမှာ ကြိုတင် စိုက်ထား တာတွေရှိတယ်။ ဒါတွေ တကယ်ပြန်တောင်းခဲ့လား ပြန်ရခဲ့လားဆိုတာ စိစစ်မယ်။ သူတို့ဒီလိုပြောတဲ့ လုပ်ငန်း တွေမှာ ကျွန်တော်တို ့က ဘတ်ဂျက်မှာ ပြန်တောင်းပြီးပြန်ဖြည့်ခဲ့လားဆိုတာ စီမံကိန်းလျာထားချက်တွေ၊ ရသုံး မှန်းချေငွေစာရင်းလျာထားချက်တွေ၊စာရင်းစစ်အစီရင်ခံစာတွေ အဲဒါတွေပြန်စစ်ဖို ့ရှိတယ်။ နောက်တစ်ခုက ကုမ္ပဏီ၃ခုက ချေးထားတဲ့ ကျပ်သန်း၄၀၀ ပြန်မဆပ်သေးဘူး” ဟု စီမံဘဏ္ဍာဝန်ကြီးဦးဌေးဝင်းကပြောသည်။

ယခင်တိုင်းအစိုးရ ထူထောင်ထားသော ဧရာဝတီဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေရှင်း စတင်ထည်ထောင်ချိန် မှ ဖျက်သိမ်းအချိန်ထိ အလှူရရှိငွေ ၅.၇ ဘီလီယံကျော်ရှိပြီး၊ အတိုးရငွေ ၀.၄ ဘီလီယံရှိကာ စုစုပေါင်း ၆.၁ ဘီလီယံရှိကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly