ကပ်ပါးပိုးတိုက်ဖျက်ရေး ကုထုံးများအတွက် သိပ္ပံပညာရှင်သုံးဦး ဆေးပညာဆိုင်ရာနိုဘယ်ဆုရရှိ

ကပ်ပါးပိုးတိုက်ဖျက်ရေး ကုထုံးများအတွက် သိပ္ပံပညာရှင်သုံးဦး ဆေးပညာဆိုင်ရာနိုဘယ်ဆုရရှိ

အော်စလို၊ အောက်တိုဘာ ၅။              ။ ဒုက္ခအပေးဆုံး ကပ်ပါးပိုးရောဂါအချို့အား ကုသမှုကို တော်လှန်ပြောင်းလဲပစ်လိုက်သော ကုထုံးများ တွေ့ရှိမှုအတွက် သိပ္ပံပညာရှင်သုံးဦးကို   ဆေးပညာဆိုင် ရာနိုဘယ်ဆု ချီးမြင့်ခဲ့သည်ဟု နိုဘယ်ကော်မတီက အောက်တိုဘာ ၅ ရက်တွင် ကြေညာခဲ့သည်။

ဝီလျံစီကမ်ဘဲလ်နှင့် ဆာတိုရှီအိုမူရာတို့သည် ကပ်ပါးပိုးများကြောင့်ဖြစ်သော river blindness ရောဂါနှင့် lymphatic filariasis ရောဂါများဖြစ်ပွားမှုကို သိသာထင်ရှားစွာလျှော့ချနိုင်သော Avermectin   ဆေးဝါးသစ်ကို ဖော်ထုတ်နိုင်သည့်အတွက် ဆုရရှိခဲ့ခြင်းဖြစ်သည်။ river blindness ရောဂါသည် ကပ်ပါးပိုးကြောင့် ပြင်းထန်စွာယားယံခြင်း၊ အရေပြားအရောင်ပြောင်းခြင်း၊ အင်ပြင်ထွက်ခြင်းနှင့် အမြဲကန်းသွားစေနိုင်သည့် မျက်စိရောဂါတို့ဖြစ်စေနိုင်သည်။

lymphatic filariasis ရောဂါမှာ သေးငယ်သည့်တီကောင်ပုံစံကပ်ပါးပိုးကြောင့် ဖြစ်ပြီး ရောဂါရှိသူတွင် ခြေလက်အင်္ဂါများကြီးမားယောင်ကိုင်းလာပြီး အရေပြားများလည်း ထူလာကာ နာကျင်တတ်သည်။ ယင်းသိပ္ပံပညာရှင်နှစ်ဦးသည် ငှက်ဖျားရောဂါကြောင့် သေဆုံးမှုကို သိသာစွာလျှော့ချပေးနိုင်သည့် ဆေးဝါးတစ်မျိုးဖြစ်သည့် Artimisinin ကိုတွေ့ရှိခဲ့သည့် ယူယူတူးနှင့် ဆေးပညာဆိုင်ရာနိုဘယ်ဆုကို ပူးတွဲရရှိခဲ့ခြင်းဖြစ်သည်။

အခြားရောဂါများထက် river blindness နှင့် lymphatic filariasis ရောဂါများကိုဖြစ်စေသော တီကောင်ပုံစံကပ်ပါပိုးများသည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံအပေါ်ထိခိုက်နေပြီး အထူးသဖြင့် အာဖရိကရှိ ဆာဟာရတောင်ပိုင်း၊ တောင်အာရှနှင့် လက်တင်အမေရိကတို့တွင် ထိခိုက်လျက်ရှိသည်။

ဆဲလ်တစ်မျိုးတည်းရှိသော ကပ်ပါးပိုးများကိုသယ်ဆောင်သည့် ခြင်ကြောင့်ဖြစ်သော ငှက်ဖျားရောဂါကြောင့် တစ်နှစ်လျင် လူ ၄၅၀,၀၀၀ခန့်သေဆုံးလျက်ရှိသည်။ ဝီလျံစီကမ်ဘဲလ်မှာ အမေရိကန်ဖြစ်၍ ဆာတိုရှီအိုမူရာမှ ဂျပန်မှဖြစ်သည်။ ယူယူတူးမှာ တရုတ်မှ ဆေးသိပ္ပံပညာရှင် အမျိုးသမီးတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly