မြန်မာအသင်း၏ နည်းပြအသစ်ကို ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အားရကျေနပ်မှုရှိဟု ဆို

By ထွန်းထွန်းဝင်း
23 April 2019
မြန်မာအသင်း၏ နည်းပြအသစ်ကို ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အားရကျေနပ်မှုရှိဟု ဆို

ဧပြီလ၂၃ ။           ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာလက်ရွေးစင်အသင်းကြီး၏ နည်းပြချုပ်သစ် မီရိုဒရပ် ရာဂျူလိုဗစ်အပေါ် အားရကျေနပ်မှုရှိကြောင်း အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ်အသစ်ဖြစ်သော မွန်တီနီဂရိုး နိုင်ငံသား မီရိုဒရုပ် ရာဂျူလိုဗစ် နှင့် ၁၉ လ သက်တမ်းရှိ  စာချုပ်ချုပ်ခြင်းကို ဧပြီလ ၂၃ ရက်နေ့ ကရန်ကုန်မြို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

" နည်းပြတစ်ယောက်ကိုအချိန်တော့ပေးရတယ်။ အချိန်ပေးရမယ်သူ့ကို ။ နောက်တစ်ခုက မအောင်မြင်တိုင်း ဖြုတ်လို့ မရတော့တဲ့ အနေထားပေါ့။ နောက်တစ်ခုက ဒီနည်းပြကိုလည်း သေချာလေး စိစစ်ထားပြီး ရွေးထား တယ်။ ကျွန်တော်တို့တစ်ခုထဲရွေးတာမပာုတ်ပါဘူး။ ထောင့်ပေါင်းစုံကရွှေးတာပါ။ နည်းစနစ်ပိုင်းဆိုင်ရာ ဒါရိုက်တာ အဲရစ် ကိုယ်တိုင်လည်းကြည့်တယ်။ သူရဲ့မှတ်တမ်းတွေလည်း အကုန်ကြည့်တယ်။ လက်လွတ် စပယ် ဖြုတ်ဖို့တော့ အစီစဉ်လုံးဝမရှိပါဘူး။  သူကိုအချိန်ပေးမယ်။ ရသလောက် လုပ်မယ်။ အကောင်းဆုံး ထောက်ပံ့ပေးမယ်။ ဒီနည်းပြအနေနဲ့အကောင်းဆုံးအသင်းကို ပြင်ဆင်ပြီးတော့ ထိန်းညှိနိုင်ဖို့ပဲလိုပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ရလဒ်မကောင်းတာနဲ့ ဖြုတ်ဖို့အစီစဉ်မရှိပါဘူး။ အဖွဲ့ချုပ်အနေနဲ့ကတော့ တော် တော်လေး အားရပါတယ်” ပာု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကိုကိုသိန်း က ပြောသည်။

အဆိုပါ ၁၉ လ သက်တမ်း ရှိသည့် စာချုပ်သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်အထိ ဖြစ်ပြီး မီရိုဒရပ် ရာဂျူလိုဗစ်အနေဖြင့် မြန်မာ အသင်းကို တစ်နှစ်ခွဲကျော် ကိုင်တွယ်မည်ဖြစ်ကြောင်း နည်းပြ၏ စွမ်းဆောင်ရည် အပေါ်မူတည်၍ စာချုပ် ထပ်မံချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

 မြန်မာ့လက်ရွေးစင်အသင်းကြီး၏ နည်းပြချုပ်ရာထူးအတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ကတည်းက ရွေးချယ် ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံပေါင်းစုံမှ နည်းပြအလုပ်လျှောက်ထားသူ ၅၅ ကို လေးလ နီးပါးအချိန်ယူ စောင့်ကြည့် လေ့လာကာ နောက်ဆုံးတွင်  မွန်တီနီဂရိုးနိုင်ငံသား မီရိုဒရုပ် ရာဂျူလိုဗစ် ကိုရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

 " အဓိကတော့ သူလက်ဘနွန်အသင်းကို ကမ္ဘာ့အဆင့် ၇၇ ထိဆွဲတင်ခဲ့တယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရဲ့အဓိကရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိဖို့ ၊ အာဆီယံပြိုင်ပွဲဖြစ်တဲ့ ဆူဇူကီး ဖလားမာှလည်း ဆီမီးဖိုင်နယ် အဆင့်ထိ အနည်းဆုံးရောက်အောင် ရည်မှန်းချက်ထားထားပါတယ်။ နောက်တစ်ခုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲနိုင် တစ်ပွဲအောင်မြင်မှုရရှိအောင် အဓိက ရည်မှန်းချက် ထားထားပါတယ်။ အာရှဖလားနဲပတ်သက်ပြီး အောင်မြင်မှုရရှိဖို့အတွက်လည်း ရည်မှန်းချက်ထားထားပါတယ်။ အသင်းအောင်မြင်ဖို့အတွက်မပာုတ်ဘူး။ ကမ္ဘာ့အဆင့်ပါ မြှင့်အောင် လုပ်ရမယ်အနေအထားပါ " ဟု ဦးကိုကိုသိန်း က ထပ်မံဖြေကြားခဲ့သည်။

 အသက် ၅၁ အရွယ် မွန်တီနီဂရိုးနိုင်ငံသား မီရိုဒရုပ် ရာဂျူလိုဗစ်သည် နည်းပြဘဝ ကို၂၀၀၁ ခုနှစ်တွင် စတင် ခဲ့ပြီး ဆားဘီးယား ၊ မွန်တီနီဂရိုး အသင်းတို့၏ ယူ-၂၁ လက်ရွေးစင်နည်းပြ ၊ မွန်တီနီဂရိုး ယူ-၁၉ ၊ပေါ်တူဂီ ကလပ် ဘိုအာဗစ်စတာ ၊ ရုရှားကလပ် ဒိုင်နမိုမော်စကို ၊လက်ဘနွန်လက်ရွေးစင်အသင်းကြီးတို့ကို၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်မတ်လ အကုန်ထိကိုင်တွယ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်ကမ္ဘာအဆင့်၁၄၇ မှ ၂၀၁၈ ခုနှစ်တွင် ၇၇ အထိမြှင့်တင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly