ဂရိစူပါလိဂ်ဖလားကို ၃၄ နှစ်ကြာ စောင့်စားရမှုကို အဆုံးသတ်လိုက်တဲ့ ဆာလိုနီကာ

ဂရိစူပါလိဂ်ဖလားကို ၃၄ နှစ်ကြာ စောင့်စားရမှုကို အဆုံးသတ်လိုက်တဲ့ ဆာလိုနီကာ
Photos: PAOK Salonika

PAOK ဆာလိုနီကာအသင်းဟာ တွမ်ဘာကွင်းမှာ လီဗားဒီယားကော့စ်ကို ၅-၀ ဂိုးနဲ့ အနိုင်ရပြီးနောက်မှာတော့ ၃၄ နှစ်အကြာမှာ ပထမဆုံးအကြိမ် ဂရိစူပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အိမ်ရှင်ပရိသတ်တွေကတော့ ပွဲစဉ်မတိုင်မီအစောပိုင်းက ချီတက် အောင်ပွဲခံကြသလို နောက်ဆုံးပွဲသိမ်းခရာမှုခင်အထိ အော်ဟစ် အောင်ပွဲခံကြတာကို တွေ့ရပါတယ်။

ဆာလိုနီကာအသင်းဟာ နောက်ဆုံးပွဲစဉ် ဂျီနီနာအသင်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် ရှုံးပွဲမရှိစံချိန်နဲ့ ဒီရာသီကို အဆုံးသတ်ပါလိမ့်မယ်။

လိဂ်အမှတ်ပေးဖလား ၄၄ ကြိမ်ရ အိုလံပီယာကော့စ်အစင်းက ၈ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

၁၉၇၆ ခုနှစ်နဲ့ ၁၉၈၅ ခုနှစ်မှာ လိဂ်ဖလား ၂ ကြိမ်ရ ဆာလိုနီကာအသင်းဟာ ဂရိဖလားဆီမီးဖိုင်နယ် ပထမအကျော့မှာ ထရီပိုလီကို ၂-၀ ဂိုး နဲ့ အနိုင်ရထားပြီး ဒုတိယအကျော့ကို ကစားရဖို့ရှိတာကြောင့် သူတို့ဟာ ပြည်တွင်းဖလား ၂ လုံး ရယူဖို့ ချိန်ရွယ်နေပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly