သွေးတိုးစေတာက အငန်စားလို့ဆိုတဲ့အချက်တစ်ခုတည်းကြောင့်လား

သွေးတိုးစေတာက အငန်စားလို့ဆိုတဲ့အချက်တစ်ခုတည်းကြောင့်လား

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

   

သွေးတိုးတာက ရေပန်းစားလာတဲ့ ရောဂါတစ်ခုပေါ့။ လူတော်တေ်ာများများအရွယ်မရွေးသွေးတိုးဖြစ်ကြတယ်နော်။ အရင်တုန်းကဆိုရင် အသက်တော်တေ်ာကြီးတဲ့သူတွေမှာမှဖြစ်တာနော်။ အခုတော့ သွေးတိုးက လူငယ်တွေမှာတောင်ဖြစ်လာကြတယ်နော်။ သွေးတိုးနဲ့ ပတ်သက်လို့ ငယ်ငယ်ကတည်းက ကြားလာနိုင်တာတစ်ခုရှိပါတယ်။ ဒါကတော့ အငန်တွေလျှော့စားလေ သေါးတိုးမယ်ဆိုတာပေါ့။သွေးတိုးတာက အငန်စားလို့ဖြစ်တာဆိုပေမယ့် အပြည့်အဝမှန်လားဆိုတော့ မဟုတ်ပြန်ပါဘူးနော်။ သွေးတိုးစေတဲ့အခြားအကြောင်းအရာတွေရှိနေပါသေးတယ်နော်။
သွေးတိုးဆိုတာက

သွေးပေါင်ချိန်က ကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိမြင့်တက်သွားတာကို သွေးတိုးတယ်လို့ခေါ်ကြတာပါ။ သွေးတိုးကနောက်ဆက်တွဲရောဂါ အနေနဲ့ ဝင်လာနိုင်သလို ရှေ့ကနေ ဦးဆောင်သူအနေနဲ့လည်း ဝင်လာနိုင်ပါတယ်။

သွေးတိုးတယ်ဆိုတာက သွေးပေါင်ချိန် ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင် လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hg ဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hg ကျော်နေမယ်၊ အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင် သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။ သွေးအရမ်းတိုးတာက သွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ သွေးကြောတွေရောင်ရမ်းလာပြီး သွေးယိုစိမ့်တာ ဒါမှမဟုတ် သွေးရည်ကြည်လိုမျိုး အရည်တွေယိုစိမ့်တာမျိုးဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့  နှလုံးက သွေးတွေကိုထိထိရောက်ရောက် ညှစ်မထုတ်နိုင်တော့ပါပဲ။
သွေးတိုးကို အသံတိတ်လူသတ်သမားလို့ပြောရတဲ့အကြောင်းအရင်း

သွေးတိုးကို အသံတိတ်လူသတ်သမားလို့ပြောကြရတာက အချို့ဆိုရင် ကြီးကြီးမားမားလက္ခဏာမပြမချင်း သူတို့မှာ သွေးတိုးရှိနေလို့ရှိနေမှန်းမသိကြပါဘူး။ သွေးတိုကို မသိလို့ မကုသဘဲထားမိတယ်။ သွေးတိုးကို မကုသဘဲ အချိန်ကြာမြင့်စွာထားရင်း ကဘာဖြစ်လာလဲဆိုတော့ မလိုလားအပ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်လာတာပေါ့။

    အမြင်အာရုံထိခိုက်ချွတ်ယွင်းတာ
    ရုတ်တရက်နှလုံးရပ်တာ
    လေဖြတ်တာ
    ကျောက်ကပ်ထိခိုက်ပျက်စီးတာ
    နှလုံးရောဂါတွေကိုခံစားရနိုင်ပါတယ်။

သွေးတိုးတာက အငန်စားလို့လား

အများလက်ခံထားတဲ့ အယူအဆက အငန်များတာတွေ စားလို့သွေးတိုးတယ်ပေါ့။ တကယ်တော့ ဒီယူဆချက်က အပြည့်အဝတော့မမှန်ပါဘူးနော်။ သွေးတိုးစေတဲ့ အခြားအကြောင်းအရင်းတွေရှိပါသေးတယ်နော်။ ဒါကြောင့် အငန်မှမစားတာ သွေးတိုးမဖြစ်နိုင်ဘူးလိုပ မယူဆစေချင်ပါဘူး။ သွေးတိုးမဖြစ်စေဖို့ ဒီအချက်လေးတွေကိုလည်း သတိထားစေချင်ပါတယ်နော်။

    ကဖင်း အသောက်များတာ
    အချို့သောဆေးဝါးတွေသောက်သုံးနေရတာ
    နာတာရှည်ကျောက်ကပ်ရောဂါရှိနေတာ
    ကိုကင်းသုံးတာ
    အက်ဒရီနယ်လင်ဂလင်းတွေ အရမ်းအလုပ်လုပ်လွန်းနေတာ
    ကိုယ်ဝန်ရှိနေတာကြောင့်သွေးပေါင်ချိန်တက်လာတာ
    ဆေးလိပ်သောက်တာ
    စိတ်ဖိစီးတာ
    သိုင်းရွိုက်ပြဿနာရှိနေတာ
    အဝလွန်နေတာ
    ဆီးချိုရှိနေတာ
    သွေးတွင်းမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ပမာဏနည်းနေတာ
    ကိုယ်လက်လှုပ်ရှားမှုနည်းတာ
    အယ်လ်ကိုဟောအသောက်များတာ
    အမျိုးသမီးတွေမှာဆိုရင် သန္ဓေတားဆေးတွေကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး သွေးတိုးနိုင်ပါတယ်။

အငန်သိပ်မစားတောင် အခုပြောခဲ့တဲ့ အမူအကျင့်တစ်ခုခုရှိလည်း သွေးတိုးနိုင်တာကြောင့် သတိထားဆင်ခြင်ဖို့လိုပါမယ်။ ကိုယ့်ကိုကိုယ် အသံတိတ်လူသတ်သမားလက်ကနေ ကယ်တင်ဖို့ နေ့စဉ် အာဟာရမျှတအာင်စားပြီး ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို မွေးမြူလိုက်ပါနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly