ဂရုစိုက်ဖို့လိုတဲ့ ခြေထောက်ကျန်းမာရေး

ဂရုစိုက်ဖို့လိုတဲ့ ခြေထောက်ကျန်းမာရေး

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

   

ကျန်းမာရေးဂရုစိုက်ပါဆိုတဲ့ စကားထဲမှာ ခေါင်းအစခြေအဆုံး ကျန်းမာရေးအကုန်လုံး အကျုံးဝင်ပေမယ့် လူတွေက ခြေထောက်ကျန်းမာရေးကို လျစ်လျူရှု့ထားတတ်ကြတယ်နော်။ တကယ်တော့ နေ့တိုင်းစိတ်ရှိတိုင်းသွားလာလှုပ်ရှားတာတွေကိုမညည်းမညူလုပ်ပေးတဲ့ ခြေထောက်လေးတွေကိုမေ့ထားတတ်ကြတယ်နော်။ တကယ်တော့ ခြေထောက်လေးတွေလည်း ကျန်းမာဖို့လိုပါတယ်နော်။
ခြေထောက်က ဘယ်လိုဖွဲ့စည်းထားတာလဲ

ခြေထောက်မှာ ခန္ဓာကိုယ်ရဲ့ အရိုး ၂၅ ရာခိုင်နှုန်းပါဝင်နေသလို အဆစ်က ၁၈ ရာခိုင်နှုန်း နဲ့ ကြွက်သား ၆ ရာခိုင်နှုန်းပါဝင်နေပါတယ်။ တကယ်လို့ ခြေထောက်လေးမှာသာ ကျန်းမာရေးချို့ယွင်းမှုတစ်ခုခုဖြစ်မယ်ဆိုရင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်တော့မှာ မဟုတ်သလို ခန္ဓာကိုယ်မှာထိခိုက်လာနိုင်တာတွေကလည်း အများကြီးပါ။ တစ်ကိုယ်လုံးကို ဟန်ချက်ညီအောင်ထိန်းထားပေးတဲ့အစိတ်အပိုင်းကို သေချာလေးဂရုစိုက်ဖို့ လိုမယ်နော်။
ခြေထောက်ကို သေချာဂရုမစိုက်ရင် ဘာတွေဖြစ်လာနိုင်လဲ

လူတော်တေ်ာများများက ရေသာချိုးလိုက်ကြတာ၊ ခြေထောက်ကို သေချာတိုက်တယ်ဆိုသူကရှားပါတယ်နော်။ ခန္ဓာကိုယ်ရေစိုနေရင် သုတ်တတ်ပေမယ့် ခြေထောက်များရေစိုနေကြည့် သုတ်ခဲကြတယ်နော်။ ခြေထောက်ကို သေချာဂရုမစိုက်တဲ့အခါ အခုလိုပြဿနာတွေတက်လာနိုင်ပါတယ်နော်။

    ခြေထောက်အသားတွေခြောက်မယ်
    ဆဲလ်သေတွေများလာပြီး အသားမာတက်မယ်
    ခြေဖနောင့်တွေကွဲမယ်
    ခြေထောက်မှိုပိုးဝင်မယ်
    သဲဝဲစားမယ်
    ရေဝဲစားမယ်
    ခြေထောက်မှာ အနာတွေဖြစ်မယ် စသဖြင့်ခြေထောက်ပြဿနာတွေကြုံရနိုင်ပါတယ်နော်။

ခြေထောက်ကျန်းမာအောင် ဒီအချက်တွေဂရုစိုက်ပါနော်

ခြေထောက်ကျန်းမာဖို့က လူတိုင်းအတွက်အရေးကြီးတာပါ။ ဆီးချိုရောဂါရှိသူတွေမျာဆိုရင် ခြေထောက်ကျန်းမာရေးက အလေးထားလုပ်ဆောင်သင့်တဲ့ အချက်တစ်ခုပါနော်။ ဒီတော့ နေ့စဉ်လှုပ်ရှားမှုမှာ အရေးကြီးတဲ့ခြေထောက်လေးတွေကို နေ့စဉ် ဒီလိုလေးဂရုစိုက်ပေးပါနော်။

    ခြေထောက်ကို သန့်စင်ပါ (အနည်းဆုံးတစ်နေ့တစ်ကြိမ်)
    ခြေထောက်ကိုခြောက်သွေ့အောင်ထားပါ
    ခြေထောက်မှာ တစ်ခုခုဖြစ်နေလားဆိုတာကို ညအိပ်ရာမဝင်ခင် ပုံမှန်စစ်ဆေးပေးပါ
    ခြေထောက်နဲ့ သင့်တော်မယ့် ဖိနပ်စီးပါ (အရမ်းကျပ်လွန်းတဲ့ ဖိနပ်မျိုးကိုရှောင်ပါ)
    အခါအားလျော်စွာ ခြေထောက်ကို စစ်ဆေးမှုလုပ်ပါ ေ(ခြေထောက်တွေရောင်နေလား၊ ခြေသည်းတွေမှာ ပိုးဝင်ကူးစက်တာမျိုးများရှိလားဆိုတာကိုပါ)
    ခြေဖဝါးလေး၊ ခြေဖနောင့်ကဆဲလ်သေတွေကို ဖယ်ရှားပါ။
    ခြေထောက်ကို ပုံမှန်နှိပ်နယ်ပေးပါ။
    ခြေသည်းတွေကို ပုံမှန်ညှပ်ပေးပါ။ တိပေးပါ။
    ခြေထောက်အသားအရေကို အစိုဓာတ်ထိန်းပေးပါ။
    ဖိနပ်မပါဘဲ လမ်းလျှောက်တာမျိုးမလုပ်ပါနဲ့။
    အမြဲဖိနပ်တစ်ရံစီးတာမျိုးမလုပ်ပါနဲ့။
    ခြေထောက်နာတဲ့အခါ လိုအပ်တဲ့ ကုသမှုခံယူပေးပါ (ဆေးလိမ်းတာ၊ရေနွေးအိတ်ကပ်တာမျိုး လုပ်ပေးပါ)
    ခြေထောက်မှာထိခို်က်ဒဏ်ရာရတဲ့အခါ သေချာဆေးလိမ်းပါ၊ ပလာစတာကပ်ပါ။

အခုပြောခဲ့တဲ့ အချက်လေးတွေကို သတိထားလုပ်ဆောင်လို့ ခြေထောက်ကိုနေ့တိုင်း ဂရုစိုက်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို ဖန်တီးလိုက်ပါနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly