မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီမှ ပညာရေး ဖောင်ဒေးရှင်း တည်ထောင်မည်

မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီမှ ပညာရေး ဖောင်ဒေးရှင်း တည်ထောင်မည်
(ဓာတ်ပုံ၊အောင်ခိုင်မြဲ၊မဇ္ဈိမ)

မန္တလေး၊ ဧပြီ ၂၀ ။             ။ မန္တလေး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)မှ ပညာရေး ဖောင်ဒေး ရှင်းတစ်ခု တည်ထောင်၍ ယာဉ်လောကသားများ၏ သား၊သမီးများကို ပညာရေး ထောက်ပ့ံမှုများ ပြုလုပ်သွားမည်ဟု မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (အဝေးပြေး)မှ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်း ကပြောသည်။

 ၂၀၁၉-၂၀၂ဝပညာသင်နှစ်မှစတင်၍ ပညာထူးချွန်ပြီး ဆက်လက်ပညာသင်ကြားရန် အခက်အခဲ ရှိနေ သည့် မန္တလေး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး) လက်အောက် ရှိ ယာဉ်အသင်းပေါင်း ၅၁၆သင်းမှ ယာဉ်လောကသားများ၏ သား၊သမီးများကို ပညာရေးဖောင်ဒေး ရှင်း က ထောက်ပ့ံမှုများ ပြုလုပ်သွားမည်ဟု ဦးအောင်ကျော်လင်းကဆိုသည်။

 "ယာဉ်လောကသားအားလုံးကို ရည်ရွယ်ပြီး ဖောင်ဒေးရှင်းလုပ်တာပါ။ ၉တန်းမှာ သိပ်တော်တဲ့ ကလေး၊ အတန်းစဉ်မှာတော်လာတဲ့ကလေး ဆယ်တန်းမှာပညာသင်ဖို့ ခက်ခဲလာလို့ရှိရင် ကျွန်တော် တို့ ကူညီပံ့ပိုးပေးသွားမယ်။ဆယ်တန်းအောင်သွားလို့ အခက်အခဲရှိရင်လည်း ဆက်လက်ပြီးထောက်ပ့ံ ပေး သွားမယ်။"ဟု ဦးအောင်ကျော်လင်းက ပြောသည်။

 ယာဉ်လောကသားများ၏ သား၊သမီးများ ပညာရေး အဆင့်မြင့်မားရေးအတွက်ရည်ရွယ်၍ ယခုလို ပညာရေးဖောင်ဒေးရှင်း တည်ထောင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။

 မန္တလေး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)အနေဖြင့် ယာဉ် လောကသားများ၏ သား၊သမီးများကို နှစ်စဉ် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းများလည်း ပြုလုပ်လျှက် ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required