လေဘေးဒဏ်သင့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်များ ပေးအပ်

လေဘေးဒဏ်သင့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်များ ပေးအပ်

မကွေး၊ ဧပြီ ၂၀ ။           ။ မကွေးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သူများအတွက် ဆန်ရိက္ခာ၊ အိမ် ဆောက်ပစ္စည်းနှင့် ကယ်ဆယ်ရေးပစ္စည်းများကို စုစုပေါင်း ကျပ် (၃၅၄၀၃၆၃၉) ဖိုး ထောက်ပ့ံပေးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

 “မြိုင်မြို့နယ် မြောက်ပိုင်းဒေသအချို့မှာ ဧပြီလ (၁၈)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်က လေပြင်းကျရောက်ပြီး ပျက်စီးဆုံးရှုံးသွားတဲ့ ကျေးရွာ(၆)ရွာမှအိမ်ထောင်စု(၁၆၀)ကျော်နဲ့ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းတို့ကို (၂၄) နာရီအတွင်း လူကယ်ပြန်က ထောက်ပံ့ပေးမှုများကို သက်ဆိုင်ရာမြို့နယ်အဆင့် တာဝန်ရှိသူများ၊ ရပ်ကျေးအဆင့်တာဝန်ရှိသူများနဲ့အတူ ဝိုင်းဝန်းကူညီဆောင်ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု မြိုင်မြို့နယ်မှ  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိင်က ပြောသည်။

၂၀၁၉ခုနှစ် မတ်လလ(၃၀)ရက်နေ့မှ ဧပြီလ(၁၉)ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုများကြောင့် မကွေး၊ ပွင့်ဖြူ ၊ သရက်၊ ကံမ၊ ဂန့်ဂေါ၊ ပခုက္ကူ ၊ ပေါက်၊ တောင်တွင်းကြီး၊ မြိုင်မြို့နယ်များမှ ပြိုကျ ပျက်စီးခဲ့သည့် နေအိမ်(၃၃) လုံး၊  တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၅၇၉)လုံး၊ အိမ်ထောင်စု(၆၁၂)စု၊ လူဦးရေ(၁၇၉၇)ဦး၊ ပြိုကျ ပျက်စီး ဘာသာရေးအဆောက်အဦ(၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘာသာရေးအဆောက်အဦး(၁၃)လုံး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း(၂၉၁၀၂၉၅၀)ခန့်ရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်စိုးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly