ပြစ်သစ်နိုင်ငံမှာ ကျင်းပြုလုပ်တဲ့ World indoor skydiving

ပြစ်သစ်နိုင်ငံမှာ ကျင်းပြုလုပ်တဲ့ World indoor skydiving
Photo: FAI

ပြင်သစ်နိုင်ငံ၊ လိုင်လီမြို့အနီး လက်စ်ကွန်းမှာ ကျင်းပနေတဲ့ World indoor skydiving ချန်ပီယံရှစ်ပြိုင်ပွဲကို နိုင်ငံ ၃၁ နိုင်ငံမှ ပြိုင်ပွဲဝင် ၃၀၀ နီးပါး ယှဉ်ပြိုင်နေပြီး ဒီအားကစားနည်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း နာမည်ကြီးရေပန်းစာလာပါတယ်။

အဆိုပါပြိုင်ပွဲကို ဧပြီ ၁၇ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ၃ ကြိမ်မြောက် World indoor skydiving ချန်ပီယံရှစ်ပြိုင်ပွဲလည်းဖြစ်ပါတယ်။

"ဒီကစားနည်းကတော့ အံမခန်းစရာပဲ။ လေယာဉ်ပျံပေါ်ကနေ ခုန်ချပျံသန်းတာမျိုးမဟုတ်ပဲ လူတွေပျံသန်းနေတာကို မြင်ရတာက မှော်ဆန်နေပါတယ်။ ဒီကစားနည်းမှာ စည်းကမ်း အချို့ရှိပါတယ်။ Freestyle ကတော့ ကျနော့်အကြိုက်ဆုံးထဲက တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ဒီကစားနည်းက တချိန်တည်းမှာ ဂီတနဲ့ ကခုန်ခြင်းပါတာကြောင့် မှော်ဆန်လို့ပါ။ ဥပမာအနေနဲ့ ဒါဟာ စကိတ်ခုန်ကစားခြင်းနဲ့ အများကြီးတူနေပါတယ်။"လို့ ဝင်ဘီပိုင်ရှင် ကာဘီဇုန်က ပြောပါတယ်။

ဧပြီ ၂၀ ရက်နေ့ကတော့ ဗိုလ်လုပွဲဖြစ်ပြီး တစ်ဦးချင်အလွတ်ကစားခြင်း (individual freestyle) နဲ့ အဖွဲ့လိုက်စုဖွဲ့ပျံသန်းခြင်းပုံစံ (team formation flying) တွေအပါအဝင် စည်းမျဉ်းစည်းကမ်း ၅ ခုနဲ့ ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။

FAI World Indoor Skydiving ချန်ပီယံရှစ်ပြိုင်ပွဲကို ပြင်သစ်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး wind tunnel တွေထဲက တစ်ခုဖြစ်တဲ့ ဝင်ဘီ wind tunnel မှာ ကျင်းပြုလုပ်နေတာပဲဖြစ်ပါတယ်။

Ref; FAI, AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly