စစ်ကောင်စီထံကနေ အာဏာရယူဖို့ အရပ်သားအာဏာပိုင်အဖွဲ့ကို ဆူဒန်ဆန္ဒပြ ခေါင်းဆောင်တွေ ကြေညာမည်

စစ်ကောင်စီထံကနေ အာဏာရယူဖို့ အရပ်သားအာဏာပိုင်အဖွဲ့ကို ဆူဒန်ဆန္ဒပြ ခေါင်းဆောင်တွေ ကြေညာမည်

ခါသွမ်၊ ဧပြီ ၂၀ ။    ။ ဆူဒန်နိုင်ငံက စစ််ရုံးချုပ်ရှေ့မှာ ဆန္ဒပြပွဲကြီးတွေ ဆက်လက်ဖြစ်ပေါ်နေဆဲမှာပဲ ဆန္ဒပြခေါင်းဆောင်တွေဟာ အုပ်ချုပ်ရေး စစ်ကောင်စီထံကနေ အာဏာလက်လွှဲရယူဖို့ အရပ်သားအာဏာပိုင်အဖွဲ့ကို ထုတ်ပြန််မယ်လို့ ဧပြီ ၁၉ ရက်မှာ ကြေညာချက် ထုတ်လိုက်ပါတယ်။

ဧပြီ ၁၁ ရက်က ကာလရှည် ခေါင်းဆောင် အိုမာဘာရှားကို ဖြုတ်ချပြီး အာဏာရယူထားတဲ့ စစ်ကောင်စီဟာ အရပ်သားအစိုးရ ချက်ချင်းဖွဲ့စည်းပေးရေး ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို ခုထိ အကောင်အထည် မဖော်ပေးသေးဘဲ ရှိနေတာပါ။

စစ်ရုံးချုပ် အပြင်ဖက်မှာ တနင်္ဂနွေနေ့ ဂရင်းနစ်စံတော်ချိန် ၁၇၀၀ နာရီမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အရပ်သားကောင်စီရဲ့ အဖွဲ့ဝင်တွေကို ကြေညာချက်ထုတ်ပြန်မယ်လို့ ပြန့်နှှှံ့စွာ ဖြစ်ပွားပေါ်ပေါက်နေတဲ့ ဆန္ဒပြပွဲတွေကို စီစဉ်ကြီးမှူးနေတဲ့ ဆူဒန်ပညာရှင်အသင်းက ပြောပါတယ်။ ဒီလို ကြေညာချက် ထုတ်ပြန်ချိန်မှာ နိုင်ငံခြားသံတမန်တွေကိုလည်း ဖိတ်ကြားထားမှှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဟာ အရပ်သားကောင်စီကို တောင်းဆိုနေတာပါ။ စစ်ကောင်စီနေရာမှာ အစားထိုးမယ့် ဒီ အရပ်သားကောင်စီမှာ စစ်တပ်ကိုယ်စားလှယ်တွေလည်း ပါမှာပါ။”လို့ ဆရာဝန်၊ အင်ဂျင်နီယာနဲ့ ကျောင်းဆရာများ သမဂ္ဂညွန့်ပေါင်းစု ခေါင်းဆောင် အာမတ်အယ်ရာဘီယာက ပြောပါတယ်။

ခုလို ကြေညာချက်ထုတ်လိုက်တဲ့ သောကြာနေ့ဟာဆိုရင် ဆူဒန်နိုင်ငံမှာ ပေါင်မုန့်စျေးတွေ သုံးဆအထိ အစိုးရက တိုးမြှင့်တဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်ပြီး ဖြစ်ပွားပေါ်ပေါက်လာတဲ့ ဆန္ဒပြမှုတွေ လေးလပြည့်မြောက််တဲ့ နေ့လည်း ဖြစ်ပါတယ်။

ဒီဆန္ဒပြမှုတွေဟာ အရှိန်မြင့်မားလာခဲ့ပြီး နောက်ဆုံးမှာ သမ္မတ ဘာရှား နုတ်ထွက်ဖို့ တောင်းဆိုတဲ့အထိ ကျယ်ပြန့်လာခဲ့ရာက စစ်တပ်က ဘာရှားကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တာပဲ ဖြစ်ပါတယ်။

 

 
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly