ရွေးကောက်ပွဲ ကြိုတင်မဲရလဒ်ကို အင်ဒိုနီးရှား သမ္မတရဲ့ စိန်ခေါ်သူ ယှဉ်ပြိုင်ဖက်က ရှုတ်ချပြစ်တင်

ရွေးကောက်ပွဲ ကြိုတင်မဲရလဒ်ကို အင်ဒိုနီးရှား သမ္မတရဲ့ စိန်ခေါ်သူ ယှဉ်ပြိုင်ဖက်က ရှုတ်ချပြစ်တင်

ဂျကာတာ၊ ဧပြီ ၁၉ ။       ။ အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုကို စိန်ခေါ်သူ ပြိုင်ဖက် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူက မဲစစ်တမ်းကောက်ယူသူတွေကို ရှုတ်ချပြစ်တင်ပြီး အန္တာတိကမှာသွားပြီး ပင်ဂွင်းငှက်တွေကိုပဲ သွားပြီးတော့ လိမ်ညာကြလို့ ဆိုကာ ၎င်းရဲ့ အရှုံးကို ဝန်မခံဘဲ ငြင်းဆန်လိုက်ပါတယ်။

သဘောထားတင်းမာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုဆူဘီယန်တိုဟာ ဗုဒ္ဓဟူးနေ့ ရွေးကောက်ပွဲမှာ သမ္မတ ဝီဒိုဒိုပဲ စိတ်ချရတဲ့ မဲအသာနဲ့ အနိုင်ရကြောင်း အလျင်အမြန် ရေတွက်တဲ့ မဲရလဒ်ကို လက်မခံဘဲ ပယ်ချတာပါ။
မဲရေတွက်သူတွေက ရိုးရိုးရှင်းရှင်းနဲ့ ရေတွက်တဲ့ပုံစံဟာ အရင်ရွေးကောက်ပွဲတွေမှာ လက်ခံလာခဲ့တာပဲ ဖြစ်ပါတယ်။ တရားဝင်မဲရလဒ်ကိုတော့ လာမယ့်လအထိတိုင်အောင် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။

ဆူဘီယန်တိုဟာ သူကသာ အရှေ့တောင်အာရှ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတဖြစ်ကြောင်း အတည်ပြုပြောဆိုအပြီး သောကြာနေ့မှာ ခုလို မဲကောက်ယူသူတွေကို တိုက်ခိုက်ရှုတ်ချလိုက်တာပဲ ဖြစ်ပါတယ်။

“ခင်ဗျားတို့ကို အင်ဒိုနီးရှားပြည်သူတွေက မယုံကြည်ဘူး။”လို့ မြို့တော်ဂျကာတာက ၎င်းရဲ့ အိမ်အပြင်ဖက်မှာ ထောက်ခံသူ ထောင်ပေါင်းများစွာ ဝိုင်းရံလျက် ဆူဘီယန်တိုက ပြောလိုက်ပါတယ်။

“ခင်ဗျားတို့ဟာ အန္တာတိကကို သွားသင့်တယ်။ အဲမှာတော့ ပင်ဂွင်းတွေကို ခင်ဗျားတို့ သွားလိမ်လို့ရနိုင်မယ်။”လို့ ၎င်းက ပြောပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလမှာလည်း ဆူဘီယန်တိုဟာ အမုန်းတရားပါတဲ့ ပြောဆိုချက်တွေနဲ့ မဲဆွယ်ခဲ့တာဖြစ်ပြီး အတိုင်းထက်အလွန် ချမ်းသာကြွယ်ဝပြီး အကျင့်ပျက်ခြစားတဲ့ အာဏာရှင် ဆူဟာတိုအစိုးရနဲ့ ပတ်သက်ဆက်နွယ်မှု ရှိတဲ့ကြားကပဲ သူ့ကိုယ်ကို ပြည်သူတွေရဲ့ လူတစ်ဦးပါလို့ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly