သင်္ကြန်မှာကဲပြီး အသားတွေ နေလောင်သွားလို့ စိတ်ညစ်နေပြီလား

သင်္ကြန်မှာကဲပြီး အသားတွေ နေလောင်သွားလို့ စိတ်ညစ်နေပြီလား

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

    

အားလုံးချစ်တဲ့ တာသင်္ကြန်ပွဲတော်ကြီး ပြီးသွားလို့ လွမ်းနေတဲ့သူတွေရှိလား။ သင်္ကြန်ဆိုတာ ပြီးသွားတိုင်း အမှတ်တရတွေ ကျန်ခဲ့တယ်မဟုတ်လား။ အထူးသဖြင့်  သင်္ကြန်ရဲ့ ကဲခဲ့ခြင်းအမှတ်တရ ဖြစ်တဲ့ အသားအရေ နေလောင်တာလေးတွေ ကျန်ခဲ့တယ်ဟုတ်။

သင်္ကြန်ပွဲတော်ရှိတဲ့ အချိန်က မြန်မာနိုင်ငံ နွေရာသီ ရဲဲ့ အပူဆုံးလဖြစ်တဲ့ ဧပရယ်ဆိုတော့ နေကလည်းပြင်း၊ ခရမ်းလွန်းရောင်ခြည်တွေကလည်း များ၊ ရေကလည်းစို လေကတိုက်နဲ့ တစ်နှစ်လုံး ဥထားတဲ့ အသားအရေ တွေ သင်္ကြန် ၄ ရက်တွင်းမှာ တစ်ခါတည်း ပျက်စီးသွားပါလေရောလား။

လက်ရှည်တော့ဝတ်ခဲ့ပါရဲ့။ ဒါပေမယ့် နေကပိုပြင်းလို့ အကျီင်္ချွတ်လိုက်တဲ့အခါ လက်က အသားက အဖြူတစ်ပိုင်း အမဲတစ်ပိုင်းဖြစ်၊ မျက်နှာကြီးကလည်း နီပြီးရဲ၊ အသားတွေက စပ်ဖျင်းဖျင်းဖြစ်နေလိို့ စိတ်ညစ်နေတဲ့ ချိဖတို့ ချိမတို့ရှိလား။  ပျော်တုန်းကတော့ ပျော်ခဲ့ပါရဲ့။ဒါပေမယ့် သင်္ကြန်လည်လိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ အသားအရေနေလောင်တာတွေ ကျန်ခဲ့လို့ စိတ်ညစ်နေကြပြီလား။ နေလောင်ဒဏ်ခံရလို့ နောက်နှစ်သင်္ကြန်ဆို မလည်တော့ဘူးဆိုပြီး သင်္ကြန်ကို စိတ်မကွက်စေဖို့ နေလောင်တာကို ဘယ်လိုပြန်ကုရမလဲဆိုတဲ့ အကြောင်းလေး ပြောပြပေးချင်ပါတယ်။
နေလောင်တာကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ဘယ်လိုပြန်ကုသကြမလဲ ။ ။

    နေလောင်ပြီး ခြောက်နေတဲ့ အသားအရေ စိုပြည်စေဖို့ ရေဓာတ်က အဓိကကျတာမို့ ရေများများသောက်ပါ။
    နေလောင်ဒဏ်ကြောင့် အရည်ကြည်ဖုတွေ ထွက်လာရင် ကုတ်လိုက်တာ၊ ဖဲ့လိုက်တာမျိုး မလုပ်ပါနဲ့။ ဘက်တီးရီးယားပိုးမွှားတွေ ဝင်သွားပြီး ပိုဆိုးသွားတတ်ပါတယ်။
    အရေပြားပေါ်မှာ ဖြစ်နေတဲ့ ဝေဒနာတွေကို သက်သာအောင် လုပ်ပေးတဲ့နေရာမှာ လိမ်းဆေးခရင်မ်တွေလောက် အစွမ်းထက်တဲ့အရာမရှိတော့ပါဘူး။ ဒီအချက်က နေလောင်တာကို အဓိကနဲ့ အထိရောက်ဆုံး သက်သာစေနိုင်မယ့် အချက်ပဲဖြစ်ပါတယ်။ အစိုဓာတ်ကိုလည်းထိန်းပေးပြီး၊ ဆဲလ်သေဖယ်ရှား ဆဲလ်အသစ်တွေ ပြန်ပွားအောင်လုပ်နိုင်တဲ့ လိမ်းဆေးဖြစ်ဖို့တော့ အရေးကြီးပါတယ်။

မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးဆိုတော့ ဒီလိုနေလောင်တာတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ။ ။

    SPF အမြင့်ဆုံးပါတဲ့ နေလောင်ကာလိမ်းဆေးတွေ လိမ်းသွားပါ
    လက်ရှည်တွေဝတ်ပါ
    မျက်မှန်တွေ တပ်သွားပါ။
    နေပြင်းတဲ့နေခင်းကို ရှောင်ပြီး မနက်နဲ့ ညနေ နေအေးပိုင်းအချိန်မှာပဲ သင်္ကြန်လည်ပါ။

 

ဒီ အချက်တွေ လိုက်နာပြီး သင်္ကြန်လည်ရင် အသားနေလောင်မှာ၊ အသားမဲမှာတို့အတွက် ကြို စိတ်ညစ်မနေနဲ့နော်။ နေလောင်ခဲ့ရင်လည်း ပြန်လည် ကုသလို့ရတဲ့ နည်းတွေ အပေါ်မှာပြောထားတာကြောင့် နေလောင်တာလေးအတွက်နဲ့တော့ သင်္ကြန်ကို စိတ်မကွက်စေချင်ဘူးနော် ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly