နွားနို့၊ ပဲနို့နဲ့ အုန်းနို့ ဘယ်ဟာက ကျန်းမာရေးအတွက် ပိုအကျိုးပြုသလဲ

နွားနို့၊ ပဲနို့နဲ့ အုန်းနို့ ဘယ်ဟာက ကျန်းမာရေးအတွက် ပိုအကျိုးပြုသလဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အရင်တုန်းကတော့ နို့ဆိုရင် နွားနို့ အုန်းနို့လောက်သာ ကြားဖူးပေမယ့် ခုနောက်ပိုင်းမှာ နို့နဲ့ ပက်သက်တဲ့ သောက်စရာ အမျိုးအစားအများကြီး ပေါ်ထွက်လာပါပြီ။ အထူးသဖြင့် ပဲနို့ပေါ့။ လူတိုင်း လက်ခံထားကြတာကတော့ နွားနို့ရော ပဲနို့ရောက ကျန်းမာရေးအတွက် အကျိုးပြုတယ်။ အုန်းနို့ကတော့ ကျန်းမာရေးအတွက် သိပ်မကောင်းဘူးပေါ့။ ဒါတွေက အမှန်ပဲလား။

ဒီတော့ သူတို့ ၃ မျိုးကို နှိုင်းယှဉ်ကြည့်ရအောင် ။ ။
နွားနို့ ။ ။
ကောင်းကျိုး –

    ပရိုတင်းဓာတ် အပြည့်ပါပြီး အခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါပါတယ်။ ဒါ့အပြင် နွားနို့မှာပါတဲ့ အဆီကြောင့် ကယ်လိုရီအပိုတွေထပ်ပြီးရစေလို့ အားအင်ရှိစေပါတယ်။
    Lactose လို့ခေါ်တဲ့ နို့သကြားနဲ့ မတည့်တဲ့သူတွေ အတွက် Lactose Free ဆိုပြီး သီးသန့်ရှိတာကြောင့် သောက်ရတာ အဆင်ပြေစေပါတယ်။
    ပါဝင်တဲ့ ကယ်လ်ဆီယမ်ကလည်း အရိုးနဲ့သွားတွေကို သန်စွမ်းကြံ့ခိုင်စေဦးမှာပါ။
    အစာခြေစနစ်ကို အားဖြည့်ပေးပါတယ်။

ဆိုးကျိုး

    အဆီထုတ်မထားတဲ့ နွားနို့တွေမှာပါတဲ့ ပြည့်ဝဆီတွေနဲ့ ကယ်လိုရီ တွေကြောင့် သင့်ကိုယ်အလေးချိန်ကိိုတက်စေတဲ့အပြင် သွေးတွင်း အဆီမျာခြင်းကိုလည်း ဖြစ်စေပါတယ်။
    Lactose လို့ခေါ်တဲ့ နို့သကြားဟာ တစ်ချို့ကလေးတွေ အတွက် ဓာတ်မတည့်မှုကို ဖြစ်စေပြီး ဝမ်းလျှောစေပါတယ်။

ပဲနို့ ။ ။
ကောင်းကျိုး ။ ။

    ပရိုတင်း၊ ဗီတာမင် အေ ၊ ဗီတာမင် B12 ၊ ပိုတက်ဆီယမ်နဲ့ isoflavones ကြွယ်ဝစွာပါပြီး ကယ်လ်ဆီယမ်နဲ့ ဗီတာမင် သတ္တုဓာတ်တွေ ဖြည့်စွက်ထည့်လို့ရတဲ့နို့တစ်မျိုးပါ။
    နွားနို့လိုပဲ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါပေမယ့် နွားနို့ထက်တော့ကယ်လိုရီနည်းပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ထိန်းတဲ့သူတွေ အတွက် အရမ်းကိုသင့်တော်ပါတယ်။
    ဒါ့အပြင် ပြည့်ဝဆီ ပါဝင်မှုလည်း နည်းတာကြောင့် သွေးတွင်း အဆီများခြင်းကိ ုမဖြစ်စေပါဘူး။

ဆိုးကျိုးများ ။

    ပဲပိစပ်က တစ်ချို့သောသူတွေအတွက် ဓာတ်မတည့်ခြင်းကိ ုဖြစ်စေတဲ့ အစားအသောက်တစ်ခုပါ။
    ပဲနို့ အများကြီးသောက်လိုက်မိရင် သိုင်းရွိုက်ဟော်မုန်း ပမာဏ ကမောက်ကမဖြစ်စေတာကြောင့် သိုင်းရွိုက်ပြဿနာရှိတဲ့သူတွေ မသောက်သင့်ပါဘူး။
    ဒါ့အပြင် တစ်ချို့ ပဲနို့တွေက သဘာဝပဲပိစပ်ကို အခြေခံ ထုတ်ထားတာ မဟုတ်တဲ့အတွက်ကြောင့် ဓာတုပစ္စည်းတွေရဲ့ အန္တရာယ် ပါဝင်လာနိုင်ပါတယ်။

အုန်းနို့ ။
ကောင်းကျိုး

    ကယ်လ်ဆီယမ်၊ ဗီတာမင် A နဲ့ ဗီတာမင် D တွေပါအောင် ဖြည့်စွက်ထည့်လို့ရတဲ့ နို့တစ်ခုပါ။

ဆိုးကျိုး ။

    အုန်းနို့ထဲမှာ ပြည့်ဝဆီတွေ အများကြီးပါတယ်ဆိုတာ သတိထားသင့်ပါတယ်။
    ဒါ့အပြင် အုနး်နို့ဟာ ပရိုတင်းဓာတ်ပါတဲ့ နို့တစ်ခု မဟုတ်ပါဘူး။
    အုန်းနို့မှာပါတဲ့ carrageenan က အစာခြေစနစ် ပြဿနာကို ဖြစ်စေတဲ့ နို့တစ်ခုပါ။
    ဒါ့အပြင် အုန်းနို့စားတာများတဲ့အခါ ချွဲကြပ်ခြင်း၊ ခေါင်းမူးခြင်း သွေးတိုးခြင်း စတဲ့ ပြဿနာတွေကိုလည်း ခံစားရတတ်ပါတယ်။

ဒီတော့ ဒီ နို့ ၃ မျိုးလုံးမှာ အပြစ်အကင်းဆုံးနဲ့ အကောင်းဆုံးအရာတွေပဲ စုနေတဲ့ နို့ဆိုတာ မရှိပါဘူး။ အားလုံးမှာ  အားသာချက် အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ကျန်းမာရေးကို ထိခိုက်နို်င်လား မထိခိုက်နိုင်ဘူးလားဆိုတာကတော့ စားတဲ့သူပေါ်မှာပဲ မူတည်နေတာကြောင့် အားလုံးကို ပမာဏ လွန်အောင် မစားဘဲ သင့်တင့်ရုံသာစားဖို့ အကြံပေးချင်ပါတယ်။  ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly