မြောက်အိုင်ယာလန်မှာ အကြမ်းဖက်အဓိကရုဏ််းတစ်ရပ်အတွင်း အမျိုးသမီး ပစ်ခတ်ခံရကာ သေဆုံး

မြောက်အိုင်ယာလန်မှာ အကြမ်းဖက်အဓိကရုဏ််းတစ်ရပ်အတွင်း အမျိုးသမီး ပစ်ခတ်ခံရကာ သေဆုံး

ဗဲလ်ဖတ်၊ ဧပြီ ၁၉ ။     ။ မြောက်အိုင်ယာလန်က လန်ဒန်ဒါရီမြို့မှာ  ဖြစ်ပွားတဲ့ အဓိကရုဏ်းတစ်ရပ်အတွင်း အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးပါတယ်။ ဒီ သတ်ဖြတ်ခံရမှုဟာ အကြမ််းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ရကြောင်း ရဲက ဧပြီ ၁၉ ရက်မှာ ပြောပါတယ်။

သေဆုံးတဲ့ အမျိုးသမီး မည်သူမည်ဝါဖြစ်ကြောင်းကို တရားဝင် ထုတ်ပြန်တာမရှိသေးပေမယ့် သတင်းထောက်အချို့ကတော့ သူဟာ သတင်းထောက်တစ်ဦးလို့ ပြောဆိုကြပါတယ်။

မြို့တွင်းမှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းတစ်ရပ်မှာ အစောပိုင်းသတင်းရယူရင်း ပစ်ခတ်ခံရလို့ သေဆုံးတာဖြစ်ပြီး သူ့နာမည်က လိုင်ရာမက်ကီဖြစ်ကြောင်း သတင်းထောက်တွေက ပြောကြပါတယ်။

လူမှုမီဒီယာတွေပေါ် တက်လာတဲ့ ဓာတ်ပုံတွေမှာ ကားတစ်စီးနဲ့ ဗင်ကားတစ်စီး မီးလောင်နေတာကို မြင်တွေ့ရပြီး မျက်နှာဖုံးစွပ်ထားကြတဲ့ သူတွေက ရဲကားတွေကို ဗုံးတွေနဲ့ လှမ်းပစ်တာ၊ သေနတ်နဲ့ ပစ်ခတတ်နေတာတွေကိုလည်း တွေ့ရပါတယ်။

“စိတ်မကောင်းစွာပဲ ကျွန်တော်အတည်ပြုရရင် ကရက်ဂန်အရပ်မှာ ဒီကနေ့ညက ဖြစ်ပွားတဲ့ ဒီပစ်ခတ်မှုတွေမှာ အသက် ၂၉ နှှှစ်အရွယ် အမျိုးသမီ သေဆုံးခဲ့ပါတယ်။”လို့ လက်ထောက်ရဲတပ်ကြပ် မတ်ဟမ်မီတန်က တွစ်တာမှာ ရေးသား ဖော်ပြပါတယ်။

“ဒီ တိုက်ခိိုက်မှုကို ကျွန်တော်တို့ အကြမ်းဖက်တိုက်ခိုက်မှုလို့ သတ်မှတ်ပြီး လူသတ်မှုနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။”လို့ ၎င်းက ဖြည့်စွက်ဆိုပါတယ်။

ခုချိန်ထိတော့ သေနတ်တွေ၊  လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်သူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်း မပြောနိုင်သေးပေမယ့် ရဲတပ်ဖွဲ့ကတော့ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေဖြစ်တယ်လို့ အပြစ်ဆိုထားပါတယ်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly