ယူရိုပါလိဂ် ဆီမီးဖိုင်နယ် - အာဆင်နယ် vs ဗလင်စီယာ၊ ချယ်လ်ဆီး vs ဖရန့်ဖတ် ပွဲစဉ်တွေ ဘယ်အချိန်ယှဉ်ပြိုင်ကစားကြမလဲ

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် - အာဆင်နယ် vs ဗလင်စီယာ၊ ချယ်လ်ဆီး vs ဖရန့်ဖတ် ပွဲစဉ်တွေ ဘယ်အချိန်ယှဉ်ပြိုင်ကစားကြမလဲ
Photo: EPA

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို အင်္ဂလန်ကလပ် နှစ်သင်း တက်ရောက်ခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းက ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကစားအပြီးမှာတော့ အင်္ဂလန်ကလပ်အသင်းနှစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်၊ စပိန်ကလပ် ဗလင်စီယာနဲ့ ဂျာမန်ကလပ် ဖရန့်ဖတ်တို့ဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ကြပြီဖြစ်ပါတယ်။

အာဆင်နယ်က အဝေးကွင်းမှာ လာကာဇက်ရဲ့ ကိုက် ၃၀ အကွာက ဖရီးကစ်သွင်းဂိုးနဲ့ နာပိုလီကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် ၃-၀ ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ အမ်မရီရဲ့ အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ဗလင်စီယာနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဗလင်စီယာကတော့ အဝေးကွင်းရလဒ် ၃-၁ ဂိုးနဲ့ အိမ်ကွင်းမှာ ဗီလာရီးယဲလ်ကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်း ၅-၁ ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ခဲ့ပါတယ်။ အနိုင်ဂိုးတွေကို လာတို၊ ပါရီဟိုတို့က သွင်းပေးခဲ့တာပါ။

ချယ်လ်ဆီးဟာ ဆလာဗီးယားပရဂ်ကို အိမ်ကွင်းမှာ ပက်ဒရို ၂ ဂိုး၊ ဂီရော့ဒ် ၁ ဂိုးနဲ့ ဆလာဗီးယားကစားသမား ကိုယ့်ဂိုးကိုယ်သွင်းတဲ့ ဂိုးတွေနဲ့ ပထမပိုင်းမှာ ချယ်လ်ဆီးက ၄-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဧည့်သည်အသင်းက ၂ ဂိုး ပြန်သွင်းခဲ့လို့ ၄-၃ နဲ့ ပွဲပြီးခဲ့ပါတယ်။ ချယ်လ်ဆီးက နှစ်ကျော့ပေါင်းရလဒ် ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဘင်ဖီကာကို ပထမအကျော့မှာ ၄-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဖရန့်ဖတ်က အိမ်ကွင်းမှာတော့ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့လို့ အဝေးဂိုးအသာစီးနဲ့ ဆီမီးတက်ရောက်ခဲ့တာကြောင့် ချယ်လ်ဆီးနဲ့ တွေ့ဆုံနေပါတယ်။

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဘယ်အချိန်မှာ ကစားကြမလဲ?

ပထမအကျော့

အာဆင်နယ် vs ဗလင်စီယာ (မေ ၂ ရက်၊ ကြာသပတေး၊ မြန်မာစံတော်ချိန် ၁း၃၀ နာရီ)
ဖရန့်ဖတ် vs ချယ်လ်ဆီး (မေ ၂ ရက်၊ ကြာသပတေး၊ မြန်မာစံတော်ချိန် ၁း၃၀ နာရီ)

ဒုတိယအကျော့

ဗလင်စီယာ vs အာဆင်နယ် (မေ ၉ ရက်၊ ကြာသပတေး၊ မြန်မာစံတော်ချိန် ၁း၃၀ နာရီ)
ချယ်လ်ဆီး vs ဖရန့်ဖတ် (မေ ၉ ရက်၊ ကြာသပတေး၊ မြန်မာစံတော်ချိန် ၁း၃၀ နာရီ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly