ပေါ်တူဂီက မက်ဒဲရားအပန်းဖြေကျွန်းမှာ ယာဉ်မတော်တဆမှုကြောင့် ဂျာမနီခရီးသွားဧည့်သည် ၂၉ ဦး သေဆုံး

ပေါ်တူဂီက မက်ဒဲရားအပန်းဖြေကျွန်းမှာ ယာဉ်မတော်တဆမှုကြောင့် ဂျာမနီခရီးသွားဧည့်သည် ၂၉ ဦး သေဆုံး

လစ္စဘွန်း၊ ဧပြီ ၁၈ ။   ။ပေါ်တူဂီနိုင်ငံက မက်ဒဲရားအပန်းဖြေကျွန်းမှာ ကမ္ဘာ့လှည့်ခရီးသည် ဘတ်စ်ကားတစ်စီး လမ်းချော်တိမ်းမှောက်ပြီး တောင်စောင်းအတိုင်း ထိုးစိုက်ကျကာ အိမ်တစ်အိမ်ကို ဝင်တိုက်မိတာကြောင့် ဂျာမနီခရီးသွားဧည့်သည် ၂၉ ဦး သေဆုံးမှု ဖြစ်ခဲ့ပါတယ်။

ဧပြီ ၁၇ ရက်မှာ ဖြစ်ပွားတဲ့ ဒီ ယာဉ်မတော်တဆမှုကြောင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဟာ တူရကီနိုင်ငံဆီ ဧပြီ ၁၈ ရက်မှာ သွားရောက်ပြီဖြစ်သလို ပေါ်တူဂီနိုင်ငံမှာလည်း သုံးရက်တာ ဝမ်းနည်းဖွယ်နေ့အဖြစ် စတင်လုပ်ဆောင်ပါတယ်။

ကာနီကိုမြို့နားမှာ ဖြစ်ပွားတဲ့ ဒီဘတ်စ်ကားတိမ်းမှောက်မှုကို ဒရုန်းဓာတ်ပုံတွေအရ တွေ့မြင်ရတာမှာ တောင်စောင်းက အိမ်တစ်လုံးကို ဝင်တိုက်ပြီး ဆိုးဆိုးဝါးဝါး ပျက်စီးနေတာကို မြင်တွေ့ရပါတယ်။
ကယ်ဆယ်ရေးသမားတွေက ကားထဲမှာ ဒဏ်ရာရှိသူတွေကို ဆွဲထုတ်ကယ်တင်ကြပါတယ်။ သေဆုံးသူအများစုက အသက် ၄၀ နဲ့ ၅၀ ကြားတွေက များကြောင်း ဌာနေအာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူအားလုံးဟာ ဂျာမနီကဖြစ်ကြပြီး အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁၈ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် လာရောက်လည်ပတ်သူ တစ်သန်းကျော်ရှိရာမှာ မော်ရိုကို ကမ်းလွန်က အတ္တလန္တိတ်ကျွန်းစုတွေဆီ အခု သေဆုံးသူတွေဟာ လာရောက်အလည်အပတ် ရောက်ရှိတဲ့ ခရီးသွားဧည့်သည်တွေပဲ ဖြစ်ပါတယ်။ ဒီနယ်မြေဒေသဟာ အပူလျော့ပိုင်းရာသီဥတုနဲ့ မီိးတောင်မြေအမျိုးအစားတွေကြောင့် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ရာ ဒေသလည်း ဖြစ်ပါတယ်။
“မက်ဒဲရားကျွန်းမှာ ဖြစ်ပွားတဲ့ ဆိုးဝါးတဲ့သတင်းကို ကျွန်တော်တို့ ကြားသိရတယ်။ အဲဒီ ယာဉ်မတော်တဆမှုမှာ သေဆုံးသူတွေအတွက် ကျွန်တော်တို့ အလွန်စိတ်မကောင်းဖြစ်ရတယ်။”လို့ ဂျာမနီအစိုးရ ပြောခွင့်ရသူတစ်ဦးက တွစ်တာကတစ်ဆင့် ရေးသားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly