ချန်ပီယံလိဂ် နောက်ဆုံး ၄ သင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွေ အတည်ပြု၊ ပွဲစဉ်တွေ ဘယ်ချိန်မှာ ကစားကြမှာလဲ

ချန်ပီယံလိဂ် နောက်ဆုံး ၄ သင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွေ အတည်ပြု၊ ပွဲစဉ်တွေ ဘယ်ချိန်မှာ ကစားကြမှာလဲ
Photo: EPA

ယခုရာသီရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

လက်ရှိဒီပြိုင်ပွဲဟာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေပြီး ဇွန် ၁ ရက်၊ မက်ဒရစ်မြို့က ဗိုလ်လုပွဲမတိုင်မီ အခုဆိုရင် ၄ သင်းသာ ကျန်ရှိပါတော့တယ်။

အင်္ဂါနေ့ညက ဘာစီလိုနာက မန်ယူကို ကျော်ဖြတ်လာချိန် အေဂျက်စ်ကလည်း ဂျူဗင်တပ်စ်ကို အံ့အားသင့်စေခဲ့ပြီး ဆီမီးဖိုင်နယ်တစ်နေရာကို ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း လီဗာပူးလ်က ပေါ်တိုကို နှစ်ကျော့လုံးဂိုးပြတ်နိုင်ပြီး တော့တင်ဟမ်ကလည်း မန်စီးတီးကို ဥရောပရဲ့ အဆင့်မြင့်ပြိုင်ပွဲကနေ ထွက်ခွာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ရှုံးထွက် ၁၆ သင်းအဆင့်ကနေ ထွက်ခွာသွားခဲ့တဲ့ ချန်ပီယံလိဂ် ၃ နှစ်ဆက် ချန်ပီယံ ရီးယဲလ်မက်ဒရစ်ပြီးနောက် ချန်ပီယံသစ်ကို ဒီရာသီမှာ တွေ့မြင်ရတော့မှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်များ - အချိန်နဲ့ နေ့ရက်

ဆီမီးဖိုင်နယ် ပထမပွဲစဉ် - စပါး vs အေဂျက်စ်

စပါးအသင်းက ပထမအကျော့ အိမ်ကွင်းမှာမှာဖြစ်ပြီး အေဂျက်စ်က ဒုတိယအကျော့ကို အိမ်ကွင်းမှာ လက်ခံကစားမှာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် - ဘာစီလိုာ vs လီဗာပူးလ်

ဘာကက ပထမအကျော့ အိမ်ကွင်းမှာဖြစ်ပြီး လီဗာပူးလ်က ဒုတိယအကျော့ အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပထမအကျော့ ပွဲစဉ်တွေကို ဧပြီ ၃၀ ရက်နဲ့ မေ ၁ ရက်၊ ဒုတိယအကျော့တွေကို မေ ၇ ရက်နဲ့ ၈ ရက်တို့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ပွဲစဉ်အားလုံးဟာ ယူကေဒေသစံတော်ချိန် ည ၈ နာရီမှာ ကစားမှာဖြစ်ပါတယ်။

ဗိုလ်လုပွဲကြီးကိုတော့ ဇွန်လ ၁ ရက် မက်ဒရစ်မြို့က ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းမှာ ကျင်းပမှာဖြစ်ပြီး စတင်ကစားချိန်မယ့်အချိန်က ယူကေစံတော်ချိန် ည ၈ နာရီပဲဖြစ်ပါတယ်။

စပါးနဲ့ အေဂျက်စ်တို့ပွဲမှာ နိုင်တဲ့အသင်းက ဗိုလ်လုပွဲအတွက် အိမ်ရှင်အသင်းအနေဖြင့် သတ်မှတ်ထားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly