ဆိုက္ကားနင်းပြီး ညကျောင်းတက်ခဲ့ရတဲ့ အောင်မြင်သူ လူရွှင်တော် ဧရာ

05 October 2015
ဆိုက္ကားနင်းပြီး ညကျောင်းတက်ခဲ့ရတဲ့ အောင်မြင်သူ လူရွှင်တော် ဧရာ

ရန်ကုန်၊ အောက်တိုဘာ ၇။              ။ ဒီတစ်ပါတ် Meet the Successful အစီအဉ်မှာ တွေ့ဆုံသွားမည့် သူကတော့ အငြိမ့်ဇာတ် သဘင် သာမကဘဲနဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုလောက၌ ပရိသတ်တွေ ချစ်ခင်အားပေးတဲ့ လူရွှင်တော် ဧရာ ဖြစ်ပါတယ်။ လူရွှင်တော် ဧရာရဲ့ အောင်မြင်မှုကို ရရှိဖို့အတွက် ဖြတ်သန်း ခဲ့ပုံဘဝတွေကိုလည်း သိရှိ နိုင်စေဖို့ ဒီတစ်ပါတ်မှာတော့ အောင်မြင်သူနဲ့အတူ တစ်နေ့တာ နေထိုင်ရင်း စကားပြောကြည့်ပါမယ်။

ပထမဦးဆုံး အနေနဲ့ပေ့ါနော် အစ်ကိုရဲ့ မိသားစု အကြောင်းပေ့ါ ညီအစ်ကို မောင်နှမ ဘယ်နှစ် ယောက်ရှိလဲ နောက်ပြီးတော့ အခုလက်ရှိ မိသားစုမှာ အဲဒီအကြောင်းလေး ပြောပြပေးပါဦး။

ပြောရရင်တော့ အမေ ကျန်းမာရေး ကောင်းတယ်ပေါ့ဗျာ။ အမေက မောင်နှမ ဆယ့်နှစ်ယောက် တစ်ဒါစင် မွေးသွားတယ်။ သို့သော်လည်းပဲ အခု အဖတ်တင်တာကတော့ တစ်ဖြည်းဖြည်းနဲ့ ကုန်လာပြီးပေ့ါ သေသေသွားပြီးတော့ အခု အဖတ်တင်တာကတော့ သုံးယောက်ကျန်တော့တယ်။ ပြီးခဲ့တဲ့ နှစ်လလောက်ကဘဲ နှစ်ယောက် အကြီးဆုံး၊ အမကြီးနဲ့ အငယ်ဆုံး ညီမလေး ဆီးချိုနဲ့ ဆုံးသွားကြတယ်။ သူတို့က အမေ့ဂျင်းပေ့ါနော် အမေက ဆီးချို ရောဂါရှင်ဆိုတော့။ ဦးတို့ကတော့ ဆီးချိုတွေ သွေးတိုးတွေတော့ အခုချိန်ထိတော့ မရှိသေးဘူး။

ဒီအနုပညာလောကကို ဘယ်နှစ်ခုနှစ်က စပြီးတော့ ထဲထဲဝင်ဝင်ရောက်ခဲ့တာလဲ။

ဦးလုပ်ခဲ့တာ ၈ တန်းကျောင်းသား ဘဝကတည်းက လုပ်ခဲ့တာ။ ၈ တန်းကျောင်းသား ဘဝကတည်းက ဦးတို့က ပျော်တော်ဆက် မောင်ရာဆိုပြီးတော့ ကက်ဆက် ဇာတ်လမ်းခွေတွေ ဦးကရေးတာ။ ဇာတ်လမ်းခွေ ရေးတယ်။ အသံ သရုပ်ဆောင်ပေ့ါနော်။ အဲဒီတုန်းက ကက်ဆက် ဇာတ်လမ်းခွေ ခေတ်ပေ့ါနော်။ မိုးပုလဲ တေးသံသွင်းတယ်။ နောက် မင်္ဂလာစိန် တေးသံသွင်း၊ သူကတော့ အပိုင်ပေ့ါနော်၊ အဲသူတို့နဲ့ အဲမှာလုပ်ခဲ့တယ်။

လုပ်ပြီးတော့ ဦးကသီချင်းရေးတာလဲ ဝါသနာပါတော့ အဲဒီ ၈ တန်းအောင်လို့ ၉ တန်းနှစ်မှာဘဲ တစ်ခါ ဦးဇော်ကြင်၊ ဦးခင်မောင်ညွန့် မြန်မာသံ စီဒီတစ်ခုကို ဦးက သီချင်း ၆ ပုဒ်လားမသိဘူး ရေးတယ်။ ကျန်တဲ့သီချင်းတွေက သီချင်းဟောင်းတွေ ပေ့ါနော်။ တစ်ဝါဆို လူပျိုကြီးဆိုတဲ့ စီးဒီခွေ၊ နောက် ဟာသ ဦးကြယ်တစ်လုံး၊ ရောင်စုံကြော်ငြာဆိုတဲ့ စီးတီးခွေ အဲဒါကျတော့ ကော်ပီတွေ၊ အဲဒါကျတော့လည်း တစ်ယောက်တည်းရေးတာ၊ အဲဒီကရတဲ့ ပိုက်ဆံလေးနဲ့ ဆိုင်ကယ် စဝယ်စီးတာ။

အဲလိုနဲ့ နေလာပြီးတော့မှ နောက်ကြော်ငြာလေးတွေ ခေတ်ရောက်လာတဲ့ အခါမှာ ကြော်ငြာ ရိုက်ရတာပေ့ါနော်။ ဦးစိုးရသူ ကနေပြီးတော့ ကေသီပန်ပေ့ါနာ်။ ကေသီပန်ဆရာ ဦးလှမြင့်လဲ ပါတာပေ့ါနော်။ ကိုကြီးသာရေ ဗျို့ဗျို့ဒီတစ်ခေါက်မြို့ကို ရောက်ရင် မမေ့ပါဘူးရှင်။ အဲဒါလေးကို စရိုက်တာ။ အဲဒါတေးသံရှင် ချစ်ချစ်ဝေေ၀နဲ့ နှစ်ယောက် စရိုက်တဲ့အခါကျတော့ အဲဒီကောင်တွေက အောင်မြင်တယ်။ လူတော်တော်များများ သိလာတယ်ပေ့ါနော်။

အဲဒီမှာ ဘာအခက်အခဲတွေ တွေ့လဲ ဆိုတော့ သုံးခါလောက် ပြန်ရိုက်ရတယ်။ ပထမ ကြည့်မြင်တိုင် ဆိပ်ကမ်းမှာ ရိုက်တယ်၊ ရိုက်ပြီးသွားတော့မှ ဆိပ်ကမ်း အာဏာပိုင်ကနေ လာတားတယ်။ သူတို့ကို ခွင့်မတောင်းလို့။ နောက်တစ်ခါ ရိုက်မယ်ဆိုတော့ လေယဉ်ကွင်းနားမှာ မြက်ပင် အရှည်ကြီးတွေ ရှိတယ်။ အဲမှာသွားရိုက်တယ်။ အဲမှာသွားရိုက်တော့ လည်းတစ်ခါ အဲဒီက စစ်တပ်က လာတားတယ်။

အဲဒီတုန်းက အဖေကလည်း စီးပွားရေးကို မလုပ်နိုင်ဘူး။ အမေကလည်း ကျန်းမာရေး ကမကောင်းဘူး။ ကျန်းမာရေး မကောင်းတဲ့ကြားထဲက အမေက ဈေးတွေဘာတွေ ရောင်းသေးပါတယ်။ အမေနဲ့အတူ အထည်ဟောင်းတွေ ရောင်းတယ်။ ညဈေးထဲမှာ ရောင်းပြီးတော့ ဒီအနုပညာ လောကထဲကို ကိုယ်က သီးသန့်လုပ်ချင်တာလေး လုပ်တယ်။

နောက်တစ်ခါကျတော့ အဖေက သူ့အမေရှိတဲ့ ညောင်တုန်း ပြောင်းမယ်ဆို အာလုံး လိုက်သွားကြတယ်။ ညောင်တုန်းမှာပေါ့။ အဲမှာ ၈ တန်း၊ ဒီမှာတစ်ကျပြီး အဲဒီညောင်တုန်းမှာ ၈ တန်း သွားတက် ၉ တန်းပေ့ါ။ အဲဒီမှာ ၈ တန်း ၉ တန်းတက်ပြီးတော့ ရန်ကုန် ပြန်တက်လာတယ်။ ရန်ကုန် ပြန်တက်လာတဲ့အခါကျတော့ ရန်ကုန်မှာဘာလုပ်လဲဆိုတော့ ဆိုက်ကား နင်းတယ်။ ၉ တန်းကို ရန်ကုန်ရောက်တော့ ကျောင်းမတက်ရတော့ဘူး။

အိမ်စီးပွားရေးကို လုပ်နေရတယ်ဆိုတော့ အပြင်ဖြေပေ့ါ။ ညကျောင်း တက်တာပေ့ါနော်။ ညကျောင်းတက်ပြီးတော့ ဆိုက်ကားနင်းတယ်၊ ဆိုက်ကားနင်းပြီးတော့မှ အဲဒီတုန်းက သုံးဘီးကား ခေတ်ဆိုတော့လေ သုံးဘီးကားတွေ ကြည့်ပြီးတော့ သြော် ငါ သုံးဘီးကားမောင်းရင် ကောင်းမှာဘဲ သုံးဘီးကား မောင်းချင်လို့ သုံးဘီးကားမောင်းတဲ့ သူငယ်ချင်းရှိတယ်။ အညာသားတဲ့ သူ့နာမည်က မမေ့ပါဘူးသူ့ကို အဲသူကနေပြီးတော့ သူ့ကို အကူအညီတောင်တယ်။ ငါသုံးဘီးကား ညဘက်ဆွဲမယ်။ မင်းမှ မမောင်းတတ်တာ လိုင်စင်လဲမရှိဘူး။ လိုင်စင်က နောက်မှလုပ်မယ်ပေ့ါနော်။ သုံးဘီးကားကို အရင်စမောင်းတာ။

လူကလည်းငယ်တယ် ဆိုတော့ ရဲက ခဏခဏ ဖမ်းတာပေ့ါနော်။ ရဲတွေနဲ့ ခဏခဏ ရန်ဖြစ်တာပေ့ါနော်။ အဲလိုကနေပြီးတော့မှ သုံးဘီးကနေ လေးဘီး၊ အဲလိုလုပ်နေတဲ့အချိန်မှာ ဒီအနုပညာ လောကမှာလည်း တေးသံရှင် ခင်မာချိုတို့ ကျော်ထူးတို့နဲ့ပေ့ါနော် တွဲပြီးတော့ အငြိမ့်ကတယ်။ အားတဲ့အချိန်သွားက ခြေကောက် ပေါ့နော် အဲလိုကတယ်။ ခြေကောက်ခေါ်တယ်။ နောက် ဆိုင်းနောက်ထပ်တွေ ဘာတွေလဲ လိုက်လုပ်တယ်။ အဲလိုနဲ့ အနုပညာလောကမှာ တစ်ဖြည်းဖြည်းနဲ့ ကေသီပန်မှာမှ အရမ်းအောင်မြင်ပြီးတော့ ဒီဘက်အလုပ်ကို ပြောင်းသွားပြီ။

ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ဟာသလူရွှင်တော် ကျော်ထူးနဲ့အတူ ခြေကောက်လို့ ခေါ်တဲ့ အပျော်တမ်း အနုပညာရှင်ဘဝကနေ၊ တစ်ဖြည်းဖြည်း ကြိုးစားရင်း ရုပ်ရှင်နဲ့ ဗီဒီယိုလောကကို ရောက်ရှိ လာခဲ့ပြန်ပါတယ်။ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးခွင့် ရခဲ့တဲ့အချိန်မှာ ဇာတ်ဝင်ခန်း တစ်ခန်းကို ရိုက်ကူးဖို့အတွက် အချိန် ငါးရက်လောက် ပေးခဲ့ရတယ်လို့ ပြောပြပါတယ်။

ကားရိုက်ယ်ဗျာ၊ ခွဲမသွားနဲ့ အချစ်ဆုံးရယ်ဆိုပြီး ရုပ်ရှင်ကားကြီး အဲဒီတုန်းက ရဲအောင်က မင်းသား။ မိုးမိုးမြင့်အောင်က မင်းသမီးပေါ့။ ရန်ကုန်မှာက နှစ်ခန်းသုံး ခန်းရိုက်ပြီးပြီး မော်လမြိုင်ပါတာက ရဲအောင်က ဘုရား တက်ဖူးတယ်။ တက်ဖူးပြီးတော့ ပြန်ဆင်းလာတယ်။ ဦးက တံခါးဖွင့်ပေးတယ်။ ကားတံခါးဖွင့်ပေးတယ်။ သူဝင်ထိုင်တယ်။ ကားမောင်းထွက်တယ် ဒါလေးဘဲ အဲဒါလေးကိုမှ ငါးရက် လောက်ကြာတယ်။

အမှတ်တရ ဘာလဲဆိုတော့ အဲဒီကိုသွားတဲ့အခါမှာ ဦးက ဟီးနိုးကားတွေနဲ့ သွားကြတယ်လေ။ ရဲအောင်တို့က ခေါ်ပါတယ်။ လိုက်ခဲ့လေ အစ်ကိုကြီး ကျွန်တော်တို့ကားနဲ့။ မလိုက်ဘူးကွာလို့။ ဆိုပြီးတော့ လူကြမ်းတွေနဲ့က ခင်တယ်။ သောက်တယ်စားတယ် ပေ့ါနော်။ အဲဒီအဖွဲ့နဲ့ လိုက်မယ်ဆိုပြီးတော့ ဟီးနိုင်ကားနဲ့လိုက်တယ်။ ဇာတ်နဲ့တစ်ဘက်ကမ်းကို ကူးသွားတာ ရောက်လည်း ရောက်ကော လူအများကြီး အုန်ပြီး စောင့်နေတယ်။ ဘာများလဲပေ့ါ။ ဒီကားထဲမှာထင်တယ် ဒီကားထဲမှာ ထင်တယ်ဆိုပြီးတော့ ဟီးနိုးကားကြီးနဲ့ ဦးကလည်း နေပူတော့ ပိတ်ထားတာပေ့ါနော်။ ပိတ်ထားတော့ ဆွဲပြီးဖွင့်ကြည့်လိုက်တဲ့ အခါကျတော့မှ ဒီမှာဒီမှာတဲ့ ဧရာကြီးက ဒီမှာဒီမှာ ဆိုပြီးတော့ ဟာငါအဲလောက် အောင်မြင်နေတာမသိဘူး အဲဒီတုန်းက တကယ်သိလား အံ့သြသွားတယ်။

အဲဒီမှာ ကလေးချီထားတဲ့ အမျိုးသမီးတစ်ယောက်က ရောက်လာတော့ မျက်ရည်တွေ ဘာတွေဝဲလို့ ကိုဧရာကြီး အိမ်လိုက်ပြီးတော့ ထမင်းစားပါဦးလား ကိုဧရာကြီးရယ် ဘာဖြစ် တယ်ညာဖြစ်တယ် ဘာဖြစ်လို့လဲ သူ့အမေကတဲ့ သူ့အမေကို သတိရတယ်တဲ့။ သူအမေက မျောနေတာ သူမျောနေတဲ့ အချိန်မှာ ကေသီပန်ကြော်ငြာလာတော့ အဲဒါကြည့်ပြီး ထရယ်ပြီးတော့ အဲဒီမှာ အသက် ၆ လလောက် နေသွားရတယ်တဲ့။ အဲဒါတွေက အမှတ်တရတွေပါ။

ပရိသတ်တွေ နှစ်ခြိုက် သဘောကျအောင် တင်ဆက်ရတဲ့ ဟာသ အနုပညာရှင် တစ်ယောက် ဖြစ်တာကြောင့် သူရဲ့ဘဝမှာ ဖန်တီးခဲ့ရတဲ့ ဗီဒီယို ဇာတ်ကားတွေ အကြောင်းကလည်း စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်။ ဦးအနေနဲ့ပေ့ါနော် ပြဇာတ်တွေလည်း ကခဲ့တယ်။ အခုဒီဗီဒီယို ခေတ်ရောက်လာတဲ့ အခါကျတော့လေး ဦးအနေနဲ့ မှတ်မှတ်ရရ ပြောလို့ရမယ့် ဗီဒီယို ဇာတ်လမ်းမျိုး ရှိလား။

ဒါရိုက်တာလဲ လုပ်ခဲ့သေးတယ်လေ။ ဖြစ်တဲ့အချိန်မှာလည်း တစ်ချို့ကားတွေ အောင်မြင်ပါတယ်။ တစ်ချို့ ကားတွေလည်း မသိဘူးပေ့ါနော်။ ပထမဦးဆုံး ရိုက်ခဲ့တဲ့ ကားဆိုရင် နှာတစ်ပြားသာတဲ့ နှာတစ်ပြားသာ ကျော်ထူးနဲ့ ဦးနဲ့ပေ့ါနော်။ နောက်တစ်ခါကျတော့ ဦးအဲဒီကား ကြည့်ပြီးတော့မှ လူတစ်ယောက်က လာအပ်ပြီးတော့ ကျော်ရဲအောင်နဲ့ ရပ်ကွက်ထဲမှာဗျာ၊ တော်တော်တော့ များပါတယ်။

မှတ်မှတ်ရရဆိုရင် အခုဒီအင်တာနက်မှာ လာလာနေတဲ့ စစ်ကားလေးပေ့ါ။ ဟာသ လေးပေ့ါနော် အဲဒါလေးဆိုတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ ဗိုလ်မှူးတစ်ယောက်က လာပြောတယ် ပေါ့နော်။ သီချင်းတွေပေ့ါ စစ်သားသီချင်းတွေ၊ စစ်သီချင်းတွေ၊ ပရိသတ်ရင်ထဲကို ရောက်ချင်တယ်။ သူက အဲဒါကြောင့် အဲ့ဒီစီဒီကို ထုတ်ချင်တာ။ ထုတ်ချင်တဲ့အတွက် ရှေ့ကနေ ဟာသလေးတွေ လုပ်ပြီးတော့ လုပ်ရင်ကောင်းမလားလို့ လာတိုင်ပင်တယ်။

တိုင်ပြင်တော့ ဦးကလည်းပြောတာ စစ်သား ဟာသဆိုရင်တော့ နည်းနည်း သရော်တာပါမယ်။ အဲဒါကို ခွင့်ပြုနိုင်မှ ထုတ်လုပ်ရမယ်ဆိုပြီး။ အင်း ရပါတယ်လုပ်ပါတယ်။ အဲဒီကားလေးတွေမှာ ဗေဒါ၊ အုန်းသီး၊ ထင်ပေါ်၊ ဦးရယ်ပေ့ါနော်။ ဦးဘဲ ဇာတ်လမ်းလေးတွေ ရေးပြီးတော့ ရိုက်ခဲ့တာ။ အဲဒါလေးက အခုဆိုရင် အင်တာနက်မှာ အခုနကပြောတဲ့ ပရိသတ်အများဆုံးကြည့်တဲ့ အခုအချိန်ထိ အများဆုံးကြည့်တဲ့ ကားလေးဖြင့် ထိပ်ဆုံးကရောက် နေတယ်ပေ့ါနော်။ မြန်မာ ဟာသကားလေးအဖြစ်။ အဲဒါတွေက အမှတ်တရတွေပါ။

ဦးဘဝမှာပေ့ါနော် နာမည်တစ်ခုရလာတယ် အခုချိန်မှာ ဆိုလို့ရှိရင် ဧရာဆိုတာ လူတိုင်းသိနေကြပြီး ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာ ရရှိဖို့အတွက်ကို ဒီဘဝမဖြစ်ခင်က ဦးဘဝအစမှာ ဒီပြက်လုံး ပညာတွေကို မှတ်မှတ်ရရ သင်ကြားပေတဲ့ ဆရာတွေက ဘယ်သူဖြစ်မလဲဦ။

ပထမဦးဆုံ ဟိုးနောက်ကအစပေ့ါနော်။ ပျက်လုံးဆိုတာ ဒီလိုပျက်ရင် ဒီလိုသင်ရတယ်ဆိုတာ ဒီလိုဖြစ်ရာ ဒီလိုဖြစ်ရတယ်ဆိုတာ သင်ကြားပေးတာက လူရွှင်တော်ကြီး ဦးတောင်စိုး ဦးတောင်စိုးက ကျော်ထူးရဲ့ အဖေ၊ ဒုတိယ ဆရာကတော့ ကျော်ထူးပေ့ါ။ စင်ပေါ်တက်တော့ ကိုယ်က မရဲတရဲ ဖြစ်တဲ့ အချိန်မှာ ဟဲ့ကောင် ဒါပျက်မယ်ဒါပျက်မယ် ဆိုပြီးတော့ အခုချိန်ထိပါပဲ။ စင်ပေါ်မှာတော့ အဲဒီကနေပြီးတော့ ကြိုးစားလာခဲ့ရတာ ပေ့ါနော်။ ကြိုးစားလာခဲ့ရတယ်။ နောက်ပြီးတော့ ဒီပျက်လုံးတွေ ကိုယ့်ဟာကို တီထွင်တာများတယ်။ ဝါသနာပါတာကိုး။ အရင် ကိုယ်မတက်ရခင်က ခွင့်မရခဲ့ရင်တောင်မှဘဲ ဒီကျော်ထူးကို ပျက်လုံးတွေ ရေးပေးခဲ့ဘူးတယ်။ နောက်ကွယ်ကနေ ရေးပေးခဲ့ဘူးတယ်။

ကိုယ်တိုင်စင်ပေါ်ကို မတက်ရခင်ကတည်းက နောက်ကွယ်ကနေ အနုပညာတွေကို ဖန်တီးပေးသူ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင်စင်ပေါ်မှာ တက်ရောက်ဖျော်ပြေခွင့်ရပြန်တော့လည်း ဘဝမှာ မှတ်မှတ်ရရ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပြန်ပါတယ်။

ဒါဆိုရင် ပေ့ါနော် ဦးရဲ့ အနုပညာလောကမှာ လူရွှင်တော်ရယ်လို့ ပထမခြေလှမ်း နာမည်မရှိသေးခင် ကတည်းက စပြီးတော့ လှုပ်ရှားခဲ့တယ်ဆိုတော့ မှတ်မှတ်ရရ ပေ့ါနော်။ ဘယ်လိုမျိုးပွဲတွေက ဦးဘဝမှာ အမှတ်တရ ရှိစေခဲ့သလဲ။

တေးသံရှင် ခင်မာချို ကျော်ထူးရဲ့ အစ်မ တစ်ဝမ်းကွဲပေ့ါ။ ဒီကောင်ကအဲဒီမှာ အထက ကျော်ထူး ဆိုပြီးတော့ သူက လူရွှင်တော် လုပ်နေတယ်။ ၇ တန်းလောက်ဘဲရှိဦးမယ်။ လူရွှင်တော်လုပ်နေတော့ ငါလည်း ကချင်တယ်ကွား ဆိုပြီးတော့ ပဲခူးမှာကမှာတဲ့ လိုက်ခဲ့လေတဲ့။ ဒါအိမ်က မသိအောင် လိုက်သွားတယ်။ လိုက်သွားပြီးတော့ ကတယ်။ ပိုက်ဆံလည်း တစ်ပြားမှမရပါဘူး။ ကိုယ်ရှိတဲ့ ပိုက်ဆံလေးတောင်မှဘဲ စိုက်ပေးရတယ်ပေ့ါနော်။ ကျော်ထူးကတော့ မလုပ်ပါဘူး။ ကျန်တဲ့ ဇာတ်သဘင် အဖွဲ့သားတွေပေ့ါနော်။ ဖားရတာပေ့ါ။

လက်ဖက်ရည်တိုက် ဘာညာလုပ်ရတာပေ့ါ ကိုယ်စင်ပေါ် တက်ဖို့အတွက် အဲဒါက ကလဲ ကပြီးကော ပြန်စရာ စရိတ်မရှိတော့ဘူး။ စရိတ်လည်း မရှိတော့ဘူး ညကသုံးတာ ကုန်သွားတော့ ကျော်ထူး ဘာလုပ်လဲ ဆိုတော့ သူက ဇာတ်ကပြီးလဲ ပြီးကော အိပ်ကျတာပေ့ါနော်။ အိပ်နေတဲ့အချိန်မှာ သူက ဘာလုပ်လဲဆိုတော့ မီးကြိုး တွေလိုက်ဖြုတ်တယ်။ မီးကြိုးတွေ လိုက်ဖြုတ်ပြီး ဆိုင်မှာ ဝင်ရောင်းပြီး အဲဒါနဲ့ စရိတ်လုပ်ပြီးပြန်တယ်။ အဲဒါအမှတ်တရ။

ဒီလောကထဲကို ဝင်တဲ့အခါမှာ ဦးဖြစ်ချင်တဲ့ ဒီလူရွှင်တော်တစ်ယောက် ဖြစ်လာဖို့ ကြိုးစားတဲ့နေရာမှာ ဘယ်လိုမျိုး အခက်အခဲတွေပေ့ါနော်။ ဘဝမှာ စိတ်ဓာတ်ကျစရာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲ။

တစ်ခါတစ်လေ ကျတော့ အခုခေတ်တော့ ရှိတော့မှာ မဟုတ်ပါဘူး ရှေးမင်းသားကြီးတွေပေ့ါ။ ရှေးမင်းသားကြီးတွေ မင်းသမီးကြီးတွေက လက်အောက် ငယ်သားပေါ်မှာ အနိုင်ကျင့်ခြင်တဲ့ စိတ်တွေ တွေ့ရတယ်။ ဇာတ်ဆရာတွေက အစပေ့ါနော်။ အဲဒါမျိုးတွေကျတော့ နာမည်တော့ မပြောတော့ဘူး ရွှေတောင် ဘုရားပွဲမှာ ဆုတောင်းပွဲလုပ်ကြတာ။ ဆုတောင်းပွဲဆိုတာက ဘာလဲဆိုတော့ အဲဒီပိုက်ဆံရရင် သက်ကြီးသဘင်တွေ လှူတာပေ့ါနော်။ ဝင်ကဖို့သွားကြတယ်။ မင်းသားကြီးတစ် ယောက်က ကျော်ထူးကို သူ့တပည့် လာခေါ်တယ်။ လိုက်သွားတယ်။

ဟိုလဲရောက်ကောသူက မှန်ထောင်ပြီးတော့ မိတ်ကပ်လိမ်းနေတယ် သူတို့နဲ့ ကိုယ်နဲ့ သိတာမဟုတ်ဘူး။ ဟဲကောင်တဲ့ မင်းတို့နှစ်ကောင် ဒီည င့ါနှစ်ပါးသွား ဝင်ကကွားတဲ့ အေးဒါဘဲတဲ့ အဲဒီတော့ စိတ်ထဲမှာ တော်တော် ခုသွားတာပေ့ါနော်။ မလုပ်သင့်တဲ့ အလုပ်တွေပေ့ါနော်။ မပြောသင့်တဲ့ သူရဲ့လက်အောက် ငယ်သားဆိုပြီး ဘယ်လောက်တောင် နိမ်လာခဲ့လဲ မသိဘူး ဒီလူကြီးက။ သူနဲ့မသိတော့ ဒါလူရွှင်တော်ဆိုပြီး လာနိမ်တာလေ။ ဦးက အဲဒါတွေတော့ မခံဘူး။ လူရွှင်တော် ထိလို့ရှိရင်တော့ မရဘူး။

ဒီလိုမျိုး အောင်မြင်မှုကို ရရှိဖို့ ကြိုးစားနေတဲ့ အချိန်မှာပေ့ါနော်။ ဒီလူတစ်ယောက်အတွက် ဘယ်လိုအရာတွေက အရေးကြီးလဲ ဦးဘဝမှာကော ဘယ်လိုမျိုး စိတ်ဓာတ်နဲ့ပေါ့ အောင်မြင်မှုရရှိဖို့ ခရီးဆက်ခဲ့လဲ။

ဦးတို့ဒီအနုပညာမှာ လူရွှင်တော်တို့ ဒီသီချင်းရေးတာတို့ ဘာတို့ပေ့ါနော်။ အဓိကက စာဖတ်ဖို့ဘဲ။ ခေတ်နဲ့ အမှီလိုက်ပြီး စာတွေဖတ်ရမယ်။ စာဖတ်မှ ခေတ်မှီတဲ့ ပျက်လုံးတွေထွက်မှာ၊ ခေတ်မှီတဲ့ သီချင်းတွေ ထွက်မယ်။ နောက်ပြီးတော့ လေ့လာရမယ်။ ပတ်ဝန်းကျင်ကိုလည်း အမြဲတမ်းလေ့လာ ရမယ်။ ပတ်ဝန်းကျင်မှာလဲ ပျက်လုံးတွေအများကြီးရှိတယ်။ ဒါတွေကိုလည်း လေ့လာရမယ်။ လူက မျက်စိနား အကုန်ဖွင့်ထားရမယ်ပေ့ါနော်။ အဲဒါကလည်း ဘာကြောင့်ဖြစ်တာလဲဆိုတော့ ကံ၊ ဉာဏ်၊ ဝီရိယကို သူက ပြောင်းပြန်လိုက်တယ်။ ဝီရိယ၊ ဉာဏ်၊ ကံ၊ လို့ပြောင်းတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဝါသနာ တအားပါတယ်ဦးက ဒီဟာသ လူရွှင်တော်ပညာကို ဝါသနာ တစ်အားပါတဲ့အတွက် ဝီရိယရစိုက် တယ်။ ဝီရိယစိုက်တဲ့အတွက် စေတနာပါလာတယ်။ လူဘဝမှာ အဓိကလည်း လူအချင်းချင်းမှာ ဘယ် အလုပ် လုပ်လုပ်ပေါ့နော်။ ဘယ်လောကမှာ ဖြစ်ဖြစ် စေတနာ အရေးကြီးဆုံးဘဲ။ စေတနာပါလာတယ်။ စေတနာ ပါလာတဲ့အခါမှာ ဉာဏ်နီ ဉာဏ်နက်တွေ ထွက်လာတယ်။ ပျက်လုံးတွေ ထွက်လာတယ်။ တီထွင်မှုတွေ ရှိလာတယ်။ အကောင်းစားတွေ ဖြစ်အောင် လုပ်ချင်လာတယ်ပေ့ါနော်။ အဲဒါတွေ ထွက်လာတယ်။ အဲဒီအခါကျတော့ ကောင်းပြီ၊ ကောင်းတဲ့ အခါကျတော့ ကံကလိုက်လာပြီ၊ ကံကောင်းလာပြီ အဲဒီအတိုင်းသွားတာပေ့ါ။

ဒါဆိုရင် လူတော်တော်များများ ပြောကြသလိုပေ့ါနော်။ ကံဆိုတာလည်း ကိုယ့်အလုပ်နဲ့လဲ ဆိုင်တာပေ့ါ။ ကိုယ်တိုင်စင်ပေါ်ကို မတက်ရခင်ကတည်းက နောက်ကွယ်ကနေ အနုပညာတွေကို ဖန်တီးပေးသူဖြစ် ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင်စင်ပေါ်မှာ တက်ရောက်ဖျော်ဖြေခွင့်ရပြန်တော့လည်း ဘဝမှာ မှတ်မှတ်ရရ အခက်အခဲတွေ ကြုံတွေ့ရတာ ရှိပါတယ်။

ဆိုတော့ ဒါဦးဘဝမှာလည်း ကျော်ဖြတ်ခဲ့ရတာတွေ အများကြီးပေ့ါနော်။ အဲဒီတော့ ကျွန်တော်တို့ ဒီဘက်ခေတ် လူငယ်တွေမှာလဲပေ့ါနော်။ အနုပညာလောကဘဲဖြစ်ဖြစ်၊ တစ်ခြားနယ်ပယ် အသီးသီးမှာ ဘဝမှာ အောင်မြင်ဖို့အတွက် ကြိုးစားနေတဲ့သူတွေ ရှိတယ်ပေါ့။ ဆိုတော့ ဒီကြိုးစားနေရင်းနဲ့ စိတ်ဓာတ် ကျနေတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီတော့ ဒီလိုလူမျိုးတွေအတွက်ပေါ့နော်။ ဦးဘဝအနေနဲ့ နိုင်းယှဉ် ပြီးတော့ ဘဝကိုဘယ်လိုမျိုး လောကဓံကို ရင်မလဲဆိုတဲ့ အားပေးမှုတွေကိုလည်း ပြောပြပေးပါဦး။

လူဆိုတာ မွေးလာကတည်းက ဘယ်သူမှ မတတ်ကြဘူး။ ဘယ်သူမှလည်း စားမလာကြဘူး။ မွေးလာကတည်းက မိဘ ဗိုက်ထဲကနေပြီးတော့ ပညာတွေ တတ်လာတယ်။ အစားအသောက်တွေ ဝအောင် စားလာတယ်ဆိုရင်တော့ ဘာအလုပ်မှ လုပ်စရာမလိုဘူးပေါ့။ အေးအေးဆေးဆေးနေလို့ ရတယ်ပေါ့။ ဒါပေမဲ့ ဘဝမှာ အရေးကြီးတာ အဓိပ္ပါယ်ရှိတဲ့ လူဖြစ်ဖို့လိုတယ်။ လူဖြစ်ဖို့ဆိုတာ လွယ်တယ်မဟုတ်ဘူးလေ။

မလွယ်တဲ့အတွက် အဓိပ္ပါယ်ရှိတဲ့ လူဖြစ်ဖို့လိုတယ်။ အဓိပ္ပါယ်ရှိတဲ့ လူဖြစ်ဖို့အတွက်ဆိုရင် သိရမှာက အချိန်ကာလ၊ မွေးရမှာက ကျန်းမာရေး၊ ရှာရမှာက အသပြာ၊ ယူရမှာက ပညာ၊ ပေးရမှာက ပရဟိတ၊ သူများအကျိုးလည်း ကိုယ်ထမ်းဆောင်ရမယ်။ ပရဟိတ ဖြစ်ဖို့အတွက် အတ္တ ဟိတရှိမှာ ပရဟိတ ဖြစ်တာကိုး။ အဲဒါကတော့ အဓိပ္ပါယ်ရှိတဲ့အတွက် ကလေးတွေကို သင်တန်းပေးချင်တယ်။ နောက်ပြီးတော့ ဦးလူရွှင်တာ်လောကမှာ ဘယ်လောက် အခြေခံထားတယ်ဆိုပြီး ကလေးတွေလည်း သိပါတယ်။ လူရွှင်တော် ရွှေဖလားတို့ လူရွှင်တော်စတား တို့ကနေပြီးတော့ ကလေးတွေကို ဆွဲဆွဲတင် ဆွဲဆွဲတင် သူတို့ကတော့ အခုဖြစ်သွားပြီး။ သူတို့ဖြစ်တဲ့ အချိန်ကျတော့ ဦးက အလုပ်မရှိတော့ဘူး။

Mizzima Weekly