အကျင့်ပျက်ခြစားမှုနဲ့ ရဲလာဖမ်းချိန်မှာ ပီရူးသမ္မတဟောင်း ကိုယ်ကိုကို သတ်သေ

အကျင့်ပျက်ခြစားမှုနဲ့ ရဲလာဖမ်းချိန်မှာ ပီရူးသမ္မတဟောင်း ကိုယ်ကိုကို သတ်သေ

လီမာ၊ ဧပြီ ၁၈ ။     ။ ပီရူးသမ္မတဟောင်း အလန်ဂါစီယာဟာ ရဲက သူ့ကို ဖမ်းဆီးဖို့ လာရောက်ချိန် ဧပြီ ၁၇ ရက် နံနက်ပိုင်းမှာ ကိုယ့်ခေါင်းကို ကိုယ် သေနတ်နဲ့ပစ်ပြီး သတ်သေသွားခဲ့ပါတယ်။

အလန်ဂါစီယာ သေဆုံးကြောင်းကို လက်ရှိသမ္မတ မာတင်ဗက်ဇ်ကာရာက အတည်ပြုပြီး တွစ်တာကနေ ဝမ်းနည်းကြောင်း ရေးသားပါတယ်။

သမ္မတဟောင်း ဂါစီယာ ခုလို သေဆုံးရတာကို ပြည်သူအချို့က ဝမ်းနည်းကြောင်း ဖော်ပြကြသလို နိုင်ငံရေးသမားတွေကလည်း စိတ်မကောင်းကြောင််း အသီးသီးဖော်ပြကြပါတယ်။

၁၉၈၅ ကနေ ၁၉၉၀ မှာတစ်ကြိမ်၊ ၂၀၀၆ ကနေ ၂၀၁၁ မှာ တစ်ကြိမ် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂါစီယာဟာ အကြီးစားအကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနဲ့ ဆက်နွှယ်တဲ့ ငွေကြေးခဝါချမှုတွေ၊ တံစိုးလက်ဆောင် ရယူမှုတွေနဲ့ စုံစမ်းစစ်ဆေးခံနေရတာပါ။

ဒီအကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြီးမှာ ခေါင်းဆောင်ဟောင်းတွေ တော်တော်လေး ပါဝင်ပတ်သက်နေတာလည်း ဖြစ်ပါတယ်။

ဖမ်းဝရမ်းအရ ရဲတွေဟာ ဂါစီယာရဲ့ အိမ်ကို နံနက် ခြောက်နာရီခွဲလောက်မှာ ရောက်လာခဲ့တာပါ။ ဂါစီယာက သူ့ရှေ့နေကို ခေါ်လိုကြောင်း ပြောပြီး အိပ်ခန်းတွေ ဝင်သွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ကားလို့့စ်မိုရန်က ပြောပါတယ်။

အချိန်နည်းနည်း အကြာမှာတော့ သေနတ်သံ ကြားလိုက်ပြီး ရဲတာဝန်ရှိသူတွေဟာ အိပ်ခန်းထဲ အပြေးဝင်ရောက်သွားကြချိန် ခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ ဂါစီယာကို တွေ့ရတာပဲ ဖြစ်ကြောင်း  မိုရန်က ပြောပါတယ်။

အသက် ၆၉ နှစ်ရှိိတဲ့ ဂါစီယာကို ရဲတွေက မြို့တော် လီမာက ဆေးရုံတစ်ရုံဆီ အပြေးအလွှား ပို့ဆောင်ပေးခဲ့ပါတယ်။ ဆေးရုံမှာ သတိ သုံးခါ  ပြန်လည်လာခဲ့ပေမယ့် နောက်ဆုံးမှာ ဆရာဝန်တွေက လက်လျှော့လိုက်ရတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly