အိန္ဒိယအနောက်ပိုင်းတစ်ခွင်မှာ မိုးသက်မုန်တိုင်းတွေ တိုက်ခတ်တာကြောင့် လူ ၃၅ ဦး သေဆုံး

အိန္ဒိယအနောက်ပိုင်းတစ်ခွင်မှာ မိုးသက်မုန်တိုင်းတွေ တိုက်ခတ်တာကြောင့် လူ ၃၅ ဦး သေဆုံး

နယူးဒေလီ၊ ဧပြီ ၁၈ ။     ။ အိန္ဒိယနိုင်ငံ အနောက်ပိုင်းနယ်မြေတွေမှာ မိုးသက်မုန်တိုင်းတွေ ကျရောက်တိုက်ခတ်တာကြောင့် သေဆုံးသူ အနည်းဆုံး ၃၅ ဦးရှိပြီး အပျက်အစီးများခဲ့ကြောင်း တာဝန်ရှိသူတွေက ဧပြီ ၁၇ ရက်က ပြောပါတယ်။

ရာဂျက်စသန်၊ ဂူဂျာရတ်နဲ့ မတ်ဒယာပရာဒက်ရှ်ပြည်နယ်တွေမှာ မုန်တိုင်းဝင်ရောက် တိုက်ခတ်တာဖြစ်ပြီး နံရံတွေ၊ သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ ပြိုလဲကုန်ပါတယ်။

ဒီ လေပြင်းမုန်တိုင်းတွေကြောင့်ပဲ ပါကစ္စတန်မှာ ခုသီတင်းပတ်အတွင်း လူပေါင်း ၂၅ ဦး သေဆုံးထားတာပါ။

သဲကန္တရဆန်တဲ့ ရာဂျက်စသန်ပြည်နယ်မှာ လေပြင်းမုန်တိုင်းနဲ့အတူ ဖုန်လိပ််ကြီးတွေ ဖြစ်ပေါ်ပြီး သေဆုံးသူက ၁၀ ဦး ရှိပါတယ်။ အိမ်နီးချင်း ဂူဂျာရတ်ပြည်နယ်မှာလည်း သေဆုံးသူ ၁၀ ဦး ရှိပြီး မတ်ဒယာပရာဒက်ရှ်ပြည်နယ်မှာတော့ ၁၅ ဦး သေဆုံးတာဖြစ်တယ်လို့ နိုင်ငံအရေးပေါ်ဌာနက ပြောပါတယ်။

မုန်တိုင်းနဲ့အတူ မိုးကြိုးပစ်တာ၊ သစ်ပင်တွေ ပြိုလဲတာနဲ့ ဓာတ်ကြိုးတွေ ပြတ်ပြီး ဓာတ်လိုက်ပြီး သေဆုံးကြရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နယူးဒေလီမြိဳ႕တော်မှာလည်း လေပြင်းမုန်တိုင်းနဲ့ မိုးရွာသွန်းမှုတွေဖြစ်ပြီး ပူပြင််းတဲ့ နွေရာသီဖြစ်ပေမယ့် အပူချိန် ၁၀ ဒီဂရီအထိ ကျဆင်းသွားပါတယ်။

နိုင်ငံတွင်းမှာ ရွေးကောက်ပွဲကျင်းပနေချိန်လည်း ဖြစ်တာကြောင့် နိုင်ငံရေးစုရုံးမှုတစ်ချို့လည်း ဒီမုန်တိုင်းကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလအတွင်းက အိန္ဒိယ မြောက်ပိုင်းပြည်နယ်တွေမှှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းအတွင်း သေဆုံးသူ ၁၂၅ ဦး ကျော်ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ နှစ်စဉ် မိုးကြိုးပစ်တာ ထိမှန်ပြီး လူထောင်နဲ့ချီကာ သေဆုံးနေရပြီး အများစုက လယ်ကွင်းတွေထဲ ထွန်ယက်စိုက်ပျိုးရတဲ့ လယ်သမားတွေပဲ ဖြစ်ပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly