ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်တာဖြစ်နိုင်လား

ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်တာဖြစ်နိုင်လား

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

   

ဆေးလိပ်က  အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို မြင့်တက်စေတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဆေးလိပ်က အဆုတ်ကင်ဆာဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းဖြစ်စေတတ်တယ်ဆိုပေမယ့် အဆုတ်ကင်ဆာဖြစ်သူတိုင်းက ဆေးလိပ် သောက်တတ်တဲ့သူတွေ မဟုတ်ကြပါဘူး။ ဆေးလိပ်ကြောင့် မဟုတ်ဘဲ အဆုတ်ကင်ဆာဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေ အများကြီးရှိပါသေးတယ်။ ။

လူနည်းစုလောက်ကပဲ ဆေးလိပ်သောက်ကြပေမယ့် ဆေးလိပ်မသောက်တဲ့အခြားသူတွေ အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာပါတယ်။ အဆုတ်ကင်ဆာဖြစ်တဲ့လူ ၂၀ ရာခိုင်နှုန်းလောက်က ဆေးလိပ်မသောက်တဲ့သူတွေပါ။
အဆုတ်ကင်ဆာ ၃ မျိုးရှိပါတယ် ။ ။

    squamous cell lung cancers- ဆေးလိပ်သောက်သူတွေမှာ တွေ့ရတဲ့ အဆုတ်ကင်ဆာ
    adenocarcinomas – ဆေးလိပ်မသောက်သူတွေမှာ တွေ့ရတဲ့ အဆုတ်ကင်ဆာ

Squamous cell lung cancers – လေပြွန်တွေမှာဖြစ်တဲ့ကင်ဆာဖြစ်ပြီး အစောဆုံးတွေ့ရတဲ့ လက္ခဏာတွေကတော့ ချောင်ဆိုးတာ၊ ချောင်းဆိုးသွေးပါတာ ဖြစ်ပါတယ်။

Adenocarcinomas – အဆုတ်အပြင်ပိုင်းမှာဖြစ်တဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး လက္ခဏာမပြဘဲ အကြာကြီးရှိနေတတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ အသက်ရှူရကြပ်တာ၊ မောပန်းတာတွေအပြင် ကင်ဆာပြန့်သွားတဲ့နေရာ( အရိုးတို့ ၊ ဥ ီးနှောက်တို့) မှာ ဝေဒနာခံစားရတာ ဖြစ်ပါတယ်။

Bronchoalveolar carcinoma – adenocarcinoma အောက်က အုပ်စုခွဲ တစ်ခုဖြစ်ပြီး ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေမှာ အတွေ့များတဲ့ ကင်ဆာတစ်ခုပါ။
ဆေးလိပ်မသောက်ပေမယ့် အဆုတ်ကင်ဆာဖြစ်စေနိုင်သည့် အကြောင်းများ ။ ။

    တစ်ဆင့်ခံဆေးလိပ်သောက်ခြင်း – ဆေးလိပ်ကို ကိုယ်တိုင်ဖွာတာမဟုတ်ပေမယ့် ဆေးလိပ်သောက်တဲ့သူနားမှာနေပြီး တစ်ဆင်ခံဆေးလိပ်ငွေ့ရှူရှိုက်တဲ့သူတွေဟာ ဆေးလိပ်ငွေ့ နဲ့မထိတွေ့တဲ့သူတွေထက် ၂၄ ရာခိုင်နှုန်းပိုပြီး ကင်ဆာဖြစ်နိုင်တယ်လို့ဆိုပါတယ်။
    မြေဆီလွှာဆီကနေ ထွက်လာတဲ့ ဓာတ်ငွေ့တွေဟာလည်း အဆုတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။
    Asbestos exposure – ကျောက်ဂွမ်းနဲ့ထိတွေ့ပြီး  အလုပ်လုပ်ရတဲ့သူတွေမှာ mesothelioma လို့ခေါ်တဲ့ အဆုတ်အပြင်လွှာ ကင်ဆာဖြစ်တတ်ပါတယ်။
    ဆီကြော်ကနေထွက်တဲ့ အညှော်နံ့တွေ – အကြော်ကြော်ရာကနေ ထွက်လာတဲ့  အညှော်နံ့ကလည်း အဆုတ်ကင်ဆာကိုဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။
    အဆုတ်ကင်ဆာက မျိုးရိုးုလိုက်တဲ့ ကင်ဆာတစ်ခုဖြစ်တာကြောင့်  အဆုတ်ကင်ဆာ မျိုးရိုးရှိရင်လည်း ကင်ဆာဖြစ်တတ်ပါတယ်။
    လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်မှာနေရတဲ့သူတွေဟာလည်း ဆေးလိပ်မသောက်ဘဲနဲ့လည်း အဆုတ်ကင်ဆာဖြစ်နိုင်ချေများပါတယ် ။ ။

ဒါဆို အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို ဘယ်လို လျှော့ချကြမလဲ ။ ။

    အိမ်မှာ အပင်လေးတွေ စိုက်ပါ။ အပင်လေးတွေက အိမ်ပတ်ဝန်းကျင်က လေထုညစ်ညမ်းမှုကို သန့်စင်ပေးပါလိမ့်မယ်။
    ဆေးလိပ်သောက်တဲ့သူတွေ့ရင် သူတို့အနားလုံးဝမ သွားပါနဲ့။
    ကျောက်ဂွမ်းတို့၊ ဓာတ်မြေသြဇာတို့နဲ့ ထိတွေ့နေရတဲ့ အလုပ်လုပ်နေရရင်လည်း နှာခေါင်းစည်းလိုမျိုး အကာအကွယ် တပ်ပြီးမှ ထိတွေ့ကိုင်တွယ်သင့်ပါတယ်။
    မျိုးရိုးထဲ အဆုတ်ကင်ဆာ ဖြစ်ဖူးသူရှိခဲ့ရင် တစ်နှစ်တစ်ခါလောက် ဆေးစစ်ပြီး မိမိမှာ အဆုတ်ကင်ဆာ ရှိမရှိ စစ်ဆေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly